Pages

Saturday, June 8, 2013

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ယာယီမှတ်ပုံတင်ရ

Saturday, June 8 , 2013
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထား ခဲ့ရာ ဇွန်လ ၇ ရက်နေ့တွင် တရားဝင်ခွင့်ပြုမိန့် (ယာယီ) ကျပြီဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ယာယီ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် စပါးအာမခံဈေးနှုန်း ရရှိရေး၊ တောင်သူလယ်သမား အကျိုးစီးပွား ပံ့ပိုးကူညီရေး ဥပဒေကိုရေးဆွဲနေပြီး ဇွန်လတွင် လွှတ်တော်တင်ပြီး အောက်တိုဘာလတွင် အတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟု ၄င်းက ဆိုသည်။
ယင်းအသင်းကို မြို့နယ်ပေါင်း ၁၀၀ တွင် ဖွဲ့စည်းထားကြောင်း၊ အသင်းဝင်အင်အား နှစ်သိန်းရှိသည့် အဆိုပါအသင်းကို တရားဝင်မှတ်ပုံတင် ရရှိရေး အတွက် ၂၀၁၂ ခုနှစ် ခန့်ကတည်းက စတင်ကြိုးစား ခဲ့ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင် နှုန်းရှိသည့် တောင်သူလယ်သမားများ၏ အင်အားကိုသုံး၍ နိုင်ငံရေးလုပ်မည်ကို ဝန်ကြီးအချို့ စိုးရိမ်မှုရှိ၍ အလုပ်သမား သမဂ္ဂများ ရာနှင့်ချီပြီး ချပေးသော်လည်း တောင်သူ လယ်သမား အသင်းအဖွဲ့များ ခွင့်ပြုပေးရန် ချိန်ဆနေပုံရကြောင်း အမည်မဖော်လိုသူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးက မှတ်ချက်ပြုပြောဆိုသည်။

တောင်သူလယ်သမားများသည် နှစ်ပေါင်းများစွာ ဥပဒေ၏ အကာအကွယ် မရသကဲ့သို့ အသင်းအဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုလည်း မရ၍ လယ်သိမ်းမြေ သိမ်းခံရရုံသာမက စပါးဈေးကောင်းမရမှု၊ ချေးငွေ မလုံလောက်မှုများကြောင့် အကြွေး၊ လည်ပင်းရောက်အောင် နစ်နေကြောင်းတောင်သူလယ်သမားအရေး စေတနာထား လုပ်ပေးလျှင် မည်သည့်အသင်း အဖွဲ့မဆို ပူးပေါင်းဆောင်ရွက် လိုကြောင်း မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမန်းကုန် ကျေးရွာမှ လယ်သိမ်းခံ လယ်သမားကြီး တစ်ဦးက ပြောဆိုသည်။
"လေးလေးတို့ အားကိုးရှာနေတာပါ၊ အားလည်းကိုးချင်ပါတယ်" ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီအသွင် ကူးပြောင်းသည့် နိုင်ငံများတွင် Social Capital ဆိုသည့် လူမှုအရင်းအနှီး များက အရေးကြီးပြီး အရပ်ဘက်လူထု အခြေပြုအသင်းအဖွဲ့ များမှာ အရေးပါသည့် လူမှုအရင်းအနှီး များဖြစ်ကာ ယုံကြည်စိတ်ချရမှု တန်ဖိုး ခိုင်မာမှုကို မြင့်တက်စေကြောင်း ၈၈ မျိုးဆက်
ကျောင်းသားတစ်ဦးက ပြောကြားသည်။

The Voice Weekly ,ရန်ကုန်နယူးဒေးလီးစ်
Rangon: ၈.၆.၂၀၁၃

သတင်းများပေးပို့လိုလျှင် (siralexfurguson@gmail.com) သို့ပေးပို့နိုင်ပါသည်

0 comments:

Post a Comment