Pages

Friday, November 28, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်ဖြစ်သော်လည်း အကျ၊ အရှုံး မရှိသလောက်ဖြစ်မည်

RangonNewsDaily:: November . 28 .2014
ယခု ပညာသင်နှစ်မှ စတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းတို့တွင် ကျင့်သုံးမည့် အစိုးရ စစ်စာမေးပွဲများသည် အကျအရှုံး ရှိမည် မဟုတ်ဘဲ အရည်အချင်း မှတ်တမ်းသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
အစိုးရစစ်စာမေးပွဲများ ဖြေ ဆိုရမည်ဖြစ်သော်လည်း အခြေခံ ပညာကျောင်းများတွင် ကျောင်း ထွက်နှုန်းမြင့်မားနေခြင်းကြောင့် အတန်းချသောစနစ်ကို ပြန်လည် ကျင့်သုံးဆောင်ရွက်မည်မဟုတ် ကြောင်း အဆင့်မြင့်အရာရှိတစ် ဦးကဆိုသည်။

‘‘အကျ၊ အရှုံးတော့ ရှိမှာ မဟုတ်ပါဘူး။ ကျောင်းသားတွေ အနေနဲ့ ဘယ်ဘာသာရပ်မှာ အား နည်းချက်ရှိနေလဲဆိုတာ သိလာ နိုင်တာပေါ့။ အရည်အချင်းမှတ် တမ်းပဲ ထုတ်ပြန်သွားမှာပါ’’ ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

အထက်ပါစာမေးပွဲတွင် ရ မှတ် ၈၀ မှ ၁၀၀ ထိကို အဆင့် အေ၊ ရမှတ် ၆၀ မှ ၇၉ ထိကို အဆင့် ဘီ၊ ရမှတ် ၄၀ မှ ၅၉ ထိကိုအဆင့် စီနှင့် ရမှတ် ၃၉ နှင့် အောက်ကို အဆင့်ဒီအဖြစ် သတ် မှတ် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်း ကျရှုံးသူများကို ကျရှုံးဘာသာရပ်အလိုက် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ပြီး ထပ်မံစစ်ဆေးမည့် မေးခွန်းသည် ပုံမှန်မေးခွန်းထက် အဆင့်နိမ့်သော မေးခွန်းအသစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။ ထပ်မံကျရှုံးပါက လက်ရှိအတန်း၌ပင် ဆက်လက်ပညာသင်ယူစေ မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ် စာမေးပွဲကို ဒီဇင်ဘာ တွင် အစမ်းစာမေးပွဲ ကျင်းပပြု လုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ တွင် အတန်းတင်စာမေးပွဲများကိုစစ်ဆေးရန် စီစဉ်ထားသည်။

‘‘အရင်တိုင်းပဲ အတန်းတင် ပေးမယ်လို့ပြောတယ်။ ကျောင်း ထွက်နှုန်းများသွားမှာကို စိုးရိမ်ပုံ ရတယ်။ ပညာရေးက အဆင့် ဆင့်မှာ လွဲမှားလာတော့ အခုမှ စစ်လိုက်ရင် ဆယ်တန်းစာမေးပွဲ လိုဖြစ်သွားလိမ့်မယ်။ တကယ်စစ် ရင် အကျ၊ အရှုံး အရမ်းများသွား နိုင်တယ်’’ ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူတစ်ဦးက ပြောသည်။

ယခုအခါ မေးခွန်းနမူနာ များထွက်ပေါ်လာပြီဖြစ်ပြီး မေး ခွန်းပုံစံများမှာ ပုံစံစနစ်ကျန၍ ကျောင်းသားများအတွက် အရည် အချင်းကို လေ့လာဆန်းစစ်ရာ တွင် ပိုမိုထိရောက်ဖွယ် ရှိကြောင်း ဆရာများက သုံးသပ်ပြောကြားသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment