Saturday, June 08, 2013
သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ
သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ
တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား
စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။
“ဗမာစစ်တပ်ကပုံပါကျင်မှာအခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ
မပေးသွားတော့ ဘူး။ သူတို့
တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း
အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့
တဲ့။ ဝ
တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက
ပြောပါသည်။
ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာ
ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာ
ဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး
ကျင်းပရာတွင် တပ်ရုပ် ပြန်
ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ထို့ကြောင့်အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း
မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့်
တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊
မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက်
အင်
အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။
ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။
“မြန်မာစစ်တပ်ကဝ တပ်ရဲ့ရာဘာစိုက်ခင်းကြီးဆီကိုအင်အားအလုံးအရင်းနဲ့တိုးဝင်တယ်။ဝ ဘက်က နောက်

ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ
ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်း
ပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က
ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူ
ထားနေတ ယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။
ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်း
ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည
ရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သ ည်
တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ တင့်ကား များ သံ
ချပ်ကာကားများ
ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ၀ ခေါင်းဆောင်များက ဝ နယ်အား
သျှမ်းပြည်
နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံသီးသန့် ပြည်နယ်တည်
ထောင်ခွင့်ပြုရန် ဆက်တိုက်တောင်း
ဆိုလာခဲ့သည်။
သျှမ်းသံတော်ဆင့် ,ရန်ကုန်နယူးဒေးလီးစ်
Rangon: ၈.၆.၂၀၁၃
သတင်းများပေးပို့လိုလျှင် (siralexfurguson@gmail.com) သို့ပေးပို့နိုင်ပါသည်
Rangon: ၈.၆.၂၀၁၃
သတင်းများပေးပို့လိုလျှင် (siralexfurguson@gmail.com) သို့ပေးပို့နိုင်ပါသည်
0 comments:
Post a Comment