Pages

Saturday, June 8, 2013

ကျောင်းသားကျောင်းသူအရွယ် လူငယ်များ ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်


6.7.11
ဆေးလိပ်သောက်သုံးနေသည့် အခြေခံပညာ ကျောင်းသားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)


မြန်မာ ကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်နေ
ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံရှိအခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းသား ကျောင်းသူများ၏စီးကရက် သောက်
သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ၂၀၀၇ ခုနှစ်တွင်၎ ဒသမ၉ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့သည်။

သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်
တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု နှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်
ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် သဘော
တူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေ
ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြု
သည့် နိုင်ငံများအနက် ၁၁ နိုင်ငံမြောက် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်
လအတွင်းကကုန်သွယ်လုပ်ငန်းခွန်အဖြစ်စီးကရက်အတွက်၁၀၀ရာခိုင်နှုန်း၊ ဆေးပေါ့လိပ်၊ဗာဂျီးနီးယား ပေါင်း
တင်ပြီးဆေး၊ ဆေးပြင်းလိပ်၊ ဆေးတံအမျိုးမျိုး၊ ဆေးတံသောက် ဆေးများနှင့် ကွမ်းစားဆေးများကို ၅၀ ရာ
ခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်အခြားဆေးရွက်ကြီးထွက်ပစ္စည်းများကိုတိုက်ရိုက်သုံးစွဲမှု မရှိသော်လည်း တစ်
ဆင့်ခံ ရှုရှိုက်မိခြင်းကြောင့် အသက် သေဆုံးရသူများအနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်
များ ဖြစ်နေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက်အလက်များတွင်
 ဖော်ပြချက်အရ သိရသည်။

 မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့်
တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြား
ဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသား ဦးရေ ၁၀၀ လျှင် ၁၉ ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးနှုန်းမှာ သေဆုံးလျက် ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကြောင့် သေဆုံးရသူများ၊ ရောဂါဝေဒနာ ခံစားနေရသူ
များအနက် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကိုလုံးဝမသုံးစွဲသူများလည်းပါဝင်နေပြီး ယင်း
ကြောင့် သေဆုံးရသူများ အနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း သိရသ
ည်။

ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် ခြောက်စက္ကန့်လျှင် တစ်ဦးနှုန်း
 သေဆုံးနေပြီး အိတ်ခ်ျအိုင်ဗွီပိုးကြောင့် သေဆုံးမှုထက် သုံးဆခန့် ပိုမိုများပြားကြောင်း နိုင်ငံတကာ မီဒီယာ
များတွင် ဖော်ပြချက်အရ သိရသည်။

Eleven Media ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၈.၆.၂၀၁၃

0 comments:

Post a Comment