Sunday, June 16, 2013
ကံစမ်းမဲပေါက်ကြောင်းယုံကြည်အောင်ပြောဆိုပြီး ငွေလိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ
![]() |
၁၄-၆-၂၀၁၃ရက်နေ့၁၀;၀၀အချိန် ပျော်ဘွယ်မြို့နေကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှဦး
ကျော်ကျော်ဆိုသူကဖုန်းဖြင့်ဆက်သွယ်လာပြီးဖုန်းနံပါတ်ဖြင့်ကံစမ်းမဲဖေါက်သောအစီအစဉ်တွင်ငွေကျပ်
သိန်း(၃၀၀)ရာကံစမ်းမဲပေါက်ကြောင်း၊အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအားဒဂုံတောင်မြို့
နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းအမည်ဖြင့် လွှဲပေးရန်
ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်းတွင်
လိမ်
လည်သူများဖြစ်ကြောင်းသိရှိရသည်။
မန္တလေးမြို့တွင် ငါးလအတွင်း သာသနာညှိုးနွမ်းစေမှု ၃၀ ကျော် ဖြစ်ပွား
မန္တလေး၊ ဇွန် ၁၆
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ
အထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥ
ပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီနှစ်ခု အမည် ဇွန် နောက်ဆုံး အပတ်၌ ကြေညာ သွားမည်ဟု သိရ
Sunday, June 16, 2013
ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အတွက်
ပြည်တွင်းပြည်ပ ကုမ္ပဏီ နှစ်ခုကို လုပ်ပိုင်ခွင့် လိုင်စင် ပေးအပ်ရန်
နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိရာလုပ်ငန်း လုပ်ကိုင်ခွင့် ရသည့်
ကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ နောက်ဆုံး အပတ်တွင် ကြေညာ ပေးသွားမည်
ဖြစ်ပြီး ၎င်းကုမ္ပဏီ များကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။
သုံးဆယ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ် ဘ၀နတ်ထံပျံလွန်တော်မူပြီ
![]() |