Pages

Sunday, June 16, 2013

ရွှေတိဂုံဘုရားပေါ်ကိုတတ်ရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်အယောင်ဆောင် အမျိုးသမီးနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများတွင်ဖော်ပြပုံကွဲလွဲနေ

Photo

Facebook ပေါ်တွင် မစိုးရိမ်တိုက်ဆရာတော် ဦင်္းဝီရသူမှ ရွှေတိဂုံအပေါ် ကျူးကျော်ဆော်ကားလာတဲ့ ဝတ်စုံ
ပြည့်ဝတ် မွတ်စလင်အမျိုးသမီးလို့ရေးသားထာပါတယ်။ The Voice Weekly ရဲ့သတင်းမှာတော့ဆာရီခြုံ
ထားတဲ့ စိတ်မနှံ့သူအမျိုးသမီးတစ်ဦးလို့ရေးထားပြန်ပါတယ်။မစိုးရိမ်တိုက်ဆရာတော် ဦင်္းဝီရသူ ရဲ့ Facebook သတင်းမှာ ၄င်း ဖြစ်စဉ်က (၁၅/၆/၂၀၁၃) ၁၂း၀၀ ခန့်ကဖြစ်
သွားတာပါလို့ရေးသာပါရှိပြီး The Voice Weekly ရဲ့သတင်းမှာတော့ (၁၄/၆/၂၀၁၃) နေ့လယ် ၁၂း၄၅ခန့်က
ပါလို့ရေးထားပါတယ်။
 
ထိုနောက် အမျိုးသမီးပန်းကြဲလိုက်တာ ဘုရားဖူးသူတချို့ကိုပါ ထိတယ်လို့ ၉၆၉ ဆရာတော် ဦးဝီရသူကရေး
ထားပေမယ့်The Voice သတင်းမှာ ထိုအမျိုးသမီးက ပန်းကြဲပြီးဓာတ်ပုံအရိုက်ခံပြီးထွက်ပြေးသွားပါတယ်လို့
ရေးထားပြန်ပါတယ်။
 
ဖြစ်စဉ်က ဘယ်ဟာအမှန်မှန်း ယခုတိုင်မသိရသေးပါ။ ၉၆၉ ဆရာတော် ဦးဝီရသူပြောတာက အမျိုးသမီးက ဓနုလူမျိုးလို့ရေးထားပါတယ်  The Voice သတင်းကတော့ ရှမ်းတိုင်းရင်းသူပါတဲ့ ။ 
 
၉၆၉ ဆရာတော် ဦးဝီရသူရောThe Voice Weeklyသတင်း နှစ်ခုလုံးမှာတူညီတာက၄င်းအမျိုးသမီးယောက်ျား
က ရခိုင်မောင်တောကဖြစ်ပြီး ရန်ကုန်အလည်လာရင်း ရွှေတိဂုံကို လာတာပါလို့ရေးထားပြန်ပါတယ်။
 
ရခိုင်ပြည်နယ် မောင်တောက ဘင်္ဂါလီတစ်ယောက် အခုလိုအချိန်မှာ ရန်ကုန်ကိုဘယ်လိုနည်းနဲ့ရောက်မလာ
နိုင်ပါ။ လူုဝင်မှုကြီးကြပ်ရေးမှာလဲ လာခွင့်ပြုနိုင်အုံးမည်မဟုတ်သေးပါ။ 
 
၉၆၉ ဆရာတော် ဦးဝီရသူက သူမခရီးဆောင်အိတ်ထဲမှာ မွတ်စလင်အမျိုးသမီးဝတ်စုံငါးစုံနဲ့ ကုရ်အာန်ကျမ်း
စာအုပ် နှစ်အုပ်ပါတယ်လို့ထပ်ရေးထားပါတယ်။The Voice Weeklyသတင်းကတော့ အမျိုးသမီးပုံတွေထဲမှာ အိတ်ဆိုလို့ ဆလင်းဘတ်ပဲတွေ့ပါတယ်တဲ့။ အဲ့ဒီဆလင်းဘတ်အိပ်သေးသေးလေးထဲထဲမှာ တစ်ထည်ကို ပိတ်စငါးကိုက်လောက်ကုန်တဲ့ မွတ်စလင်အမျိုးသမီးဝတ်စုံငါးစုံနဲ့ ကုရ်အာန်ကျမ်းစာအုပ်နှစ်အုပ် ဘယ်လိုဝင်
ဆန့်နိုင်မလဲဆိုတာ တော်တော်စဉ်းစားရကျပ်စရာပါ။ 
 
သတင်းငှာနများမှလွဲမှားမှုလေးတွေကို တင်ပြပေးလိုက်ပါတယ် ။ ဘာသာရေးအဓိကရုဏ်းဖြစ်စေမယ့် အ
ရေးအသားတွေကို မီဒီယာတိုင်းက မီဒီယာကျင့်ဝတ်နှင့်အညီရေးသာသင့်ပါတယ်။ 
 
၎င်းသတင်းငှာနများမှတင်ထားတဲ့သတင်းမှုရင်းလင့်လေးလဲတင်ပေးထားပါတယ်။
 
 
မောင်သစ္စာ
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၆.၆.၂၀၁၃

0 comments:

Post a Comment