Pages

Sunday, June 16, 2013

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ပြောင်းလဲခန့်အပ်

ဇွန်လ ၁၆ ရက် ၂၀၁၃

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် HE .Andrew Patrick ကို ပြောင်းလဲခန့်အပ် လိုက်ပြီဖြစ်ကြောင်း ဗြိတိသျှသံရုံးမှ သတင်းထုတ်ပြန်သည်။၎င်းသည် လာမည့်သြဂုတ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် သံအမတ်ကြီး HE .Andrew Heyn ၏ နေရာတွင် ၀င်ရောက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ သံအမတ်ကြီး အသစ်အဖြစ် ပြောင်းလဲခန့်အပ် ခံရသည့် Mr. Andrew Patrick က "ကျွန်တော့်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အတွက် အထူးဝမ်းမြောက် မိပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့်နှစ် အနည်းငယ် အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ အများကြီး ဖြစ်သင့်ပါတယ်။ ဒီမိုကရေစီရေးနဲ့ ကြွယ်ဝချမ်းသာရေး လမ်းကြောင်းကို သွားနေတဲ့ မြန်မာနိုင်ငံကို ဗြိတိန်က ကူညီရာမှာ ကျွန်တော်က တတ်အားသရွေ့ ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသည်။

Mr.Patrick သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး မကြာသေးမီက တောင်အာရှ ရေးရာအတွက် ထပ်တိုးညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ကဘူးလ်တွင် ဒုတိယ သံအမတ်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။

Eleven Media, RangonNewsDaily
kolatt(PBDN): 16.6.2013

0 comments:

Post a Comment