![]() |
၁၄-၆-၂၀၁၃ရက်နေ့၁၀;၀၀အချိန် ပျော်ဘွယ်မြို့နေကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှဦး
ကျော်ကျော်ဆိုသူကဖုန်းဖြင့်ဆက်သွယ်လာပြီးဖုန်းနံပါတ်ဖြင့်ကံစမ်းမဲဖေါက်သောအစီအစဉ်တွင်ငွေကျပ်
သိန်း(၃၀၀)ရာကံစမ်းမဲပေါက်ကြောင်း၊အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအားဒဂုံတောင်မြို့
နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းအမည်ဖြင့် လွှဲပေးရန်
ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်းတွင်
လိမ်
လည်သူများဖြစ်ကြောင်းသိရှိရသည်။ထိုသို့လိမ်လည်သွားမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ တရားခံအားဖမ်းဆီးပေးရန်အကူအညီတောင်း
ခံလာမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်
ကမ္ဘောဇဘဏ်သို့ ၁၄၀၀အချိန်သွားရောက်စောင့်ဆိုင်းနေစဉ် ငွေလိမ်လည်လာရောက်ထုတ်ယူသူသန်လျင်
မြို့နယ်နေ ဟိန်းဝင်းထွေး၊(၂၅)နှစ်၊ (ဘ)ဦးသန်းထွန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေကျော်သီဟ(ခ) ၀တုတ်၊ (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းမြင့်တို့(၂)ဦးအား ဖမ်းဆီးရမိသဖြင့် တရားခံများအား မန္တလေးတိုင်း ဒေသကြီး
ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။
ကံစမ်းမဲပေါက်သည်၊ ထီကံစမ်းမဲပေါက်သည်ဟု အကြောင်းပြလိမ်လည်မှုများ မကြာခဏဖြစ်ပွါးနေ၍ပြည်
ကံစမ်းမဲပေါက်သည်၊ ထီကံစမ်းမဲပေါက်သည်ဟု အကြောင်းပြလိမ်လည်မှုများ မကြာခဏဖြစ်ပွါးနေ၍ပြည်
သူများအနေဖြင့် သတိပြုသင့်ကြောင်း ရဲတပ်ဖွဲ့မှ ပညာပေးဖေါ်ပြအပ်ပါသည်။
Yangon Police , RangonNewsDaily
kolatt(PBDN): 16.6.2013




0 comments:
Post a Comment