Pages

Sunday, June 16, 2013

သုံးဆယ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ် ဘ၀နတ်ထံပျံလွန်တော်မူပြီ


Sunday, June 16, 2013
ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝါ) တော ၃ဝ၊ တောင် ၃ဝ၊ ရေအိုင် ၃ဝ တို့တွင် ဓုတင်္ဂါစာရ ကျင့်ကြံခဲ့သည့် ဆရာတော်ကြီး ဟု အများသိထားကြသည့် ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ သည် ၁၅.၆. ၂ဝ၁၃ (စနေနေ့) နံနက် (၇းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ခဲ့ကြောင်းသတင်းရရှိသည်။နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နံနက် (၉းဝဝ) နာရီအချိန်တွင် သွားရောက်၍ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော် အား ဆရာတော်ကြီး၏ နောက်ဆုံးဆန္ဒအရ မီးသင်္ဂြိုလ်ခြင်း၊ ဂူသွင်းခြင်းတို့ မပြုလုပ်ရန်မှာကြားခဲ့ပြီး တပည့်၊ ဒါယကာ၊ ဒါယကာမများတို့အတွက် သုံးဆယ်မြို့တွင် အပူဇော်ခံထားရှိရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စတီးလ်မှန်ခေါင်းလှူဒါန်း၍ ဆရာတော်ကြီး သီတင်းသုံးနေထိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အနောက်လက်ပံခုန်ရပ်ကွက်ရှိ “ဓုတင်္ဂါစာရဓမ္မသုခ အရှင်ဉာဏဆရာ တော်ကြီး၏ ဓုတင်္ဂါဃရဓမ္မသုခဗိမာန်တော်” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ပါမည်။
နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ကျောင်းတိုက်ပေါ်သို့ပင့်ဆောင်၍ အပူ ဇော်ခံထားရှိပြီး ပြည်တွင်း/ပရှိ (၇) ရက်သား သမီး၊ တပည့်၊ ဒါယကာ၊ ဒါယကာမများကြွရောက်၍ ဖူးမြော် နိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
Kyaw Thu
Popular Journal , RangonNewsDaily
kolatt(PBDN): 16.6.2013

0 comments:

Post a Comment