Pages

Sunday, June 16, 2013

အစ္စလာမ် ဘာသာဝင်အများစုရှိနေတဲ့ ဆော်ဒီမှာ ဘာလို့ ဘုရားပေးမတည်တာလဲ ?


ဘာသာရေးပိုစ့်တွေမှာ တွေ့ မြင်နေကျ မေးခွန်းလေးတစ်ခုရှိတယ်။မင်းတို့ ဆော်ဒီမှာ ဘာလို့ 
ဘုရားပေးမတည်တာလဲ ဆိုတဲ့ မေးခွန်း။ တချို့ ကလဲ ဖြေကြတယ်။မြင့်မြတ်တဲ့မြေ (Holy Land) ဖြစ်လို့ ။ တချို့ ကလဲ ပြန်ပြောတယ်။ ဆော်ဒီမှာ ဘုရားတည်ချင်ရင်အရင်နိုင်ငံထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံသားတွေ ရှိမှရမယ်။ တချို့ ကလဲ ပြန်ငေါ့တယ်။ UN ကိုသွားပြောကြည့်ပါလားဆိုပြီး။ ဘာပဲဖြစ်ဖြစ် ဒီမေးခွန်းအတွက် အဖြေက အရမ်းကို ထိလွယ်ရှလွယ်လွန်းလှတယ်။          ပထမဆုံးအနေနဲ့ မေးခွန်းအကြောင်း တစ်ဆိတ်ပြောပါရစေ။မေးခွန်းမှာ “မင်းတို့ ဆော်ဒီ” ဆိုပြီး အသုံးပြုတတ်တာတွေ့ ရပါတယ်။ မေးခံရသူ မြန်မာနိုင်ငံသားခမျာကြောင်တောင်တောင်နဲ့ ကိုယ့်
မှတ်ပုံတင်ပဲ ကိုယ် ပြန်ထုတ်ကြည့်ရတော့မလို ကိုယ့်Passport ပဲကိုယ် Scan ဖတ်ပြီးတင်ပေးရမလို ဖြစ်စေတတ်တဲ့ မေးခွန်းပါ။
 
 မြန်မာနိုင်ငံကမွတ်စလင်တွေက ဆော်ဒီနိုင်ငံသားမဟုတ်သလို ဆော်ဒီအစိုးရကိုလဲ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါတောင်းဆိုလို့ရတဲ့ အခွင့်အရေးရှိသူတွေ မဟုတ်ကြပါဘူး။ ဆော်ဒီနိုင်ငံမှာ တခြားဘာသာရေး အဆောက်အဦးတွေဆောက်ခွင့်မပေးတာက ဆော်ဒီအစိုးရနဲ့ ပဲ ၁၀၀% သက်ဆိုင်ပါတယ်။ 
 
UN လဲဝင်အမိန့် ပေးလို့ မရပါဘူး။သက်ဆိုင်ရာ နိုင်ငံအသီးသီးက ဆော်ဒီသံရုံးတွေဆီ သွားပြီး ဆန္ဒပြတာက အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ (ဆန္ဒရှိသူများ သွားကြပါကုန်၊ အော်နေရုံနဲ့ တော့ဘာမှ ဖြစ်မလာပါ) သို့ မဟုတ်ဆော်ဒီအစိုးရနဲ့  သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုက ပိုမိုထိရောက်ပါလိမ့်မယ်။ (မိမိနိုင်ငံ၏၀န်ကြီးများ၊ သံအမတ်များကို တောင်းဆိုပါ၊ လွှတ်တော်ထဲအထိ တင်ပြသင့်ရင် တင်ပြပါ)

          ဒုတိယကတော့ အဖြေပါ။ အဖြေဆိုရာမှာလဲ ၂မျိုးရှိတယ်။ပထမတစ်ခုကတော့ ခပ်တိုတိုပဲ။ ဆော်ဒီမှာ တခြားဘာသာရေး အဆောက်အဦးတွေ ဆောက်တယ်ဆိုတာ ဗာတီကန်မှာဘုရားတည် ဗလီဆောက်သလို၊ ဗုဒ္ဓဂါယာမှာ ချာခ်ျဆောက် ဗလီဆောက်သလို ကိုးလိုးကန့် လန့် နိုင်မှာအသေအချာပါပဲ။ 
 
ဒါကတော့ လူပြိန်းနားလည်အောင် ဥပမာပေးပြောရတာပေါ့။ အဲဒါကိုမှ တချို့ တွေကငါတို့ ပြောတာ မက္ကာတစ်နေရာထဲကို ပြောတာမဟုတ်ဘူး၊ ဆော်ဒီတစ်နိုင်ငံလုံးကိုပြောတာ ဆိုပြီးစောဒကတက်တာတွေ ရှိတယ်။ အဲဒီလိုနေရာမှာတော့ ဒုတိယအဖြေ ခပ်ရှည်ရှည်ကို ပေးရပါတော့မယ်။

          ဆော်ဒီနိုင်ငံဟာ အစ္စလာမ်မစ်ဥပဒေနဲ့  အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အစ္စလာမ်နဲ့  ဆန့် ကျင်တဲ့ သဘောတရားတွေကို နိုင်ငံအတွင်းမှာခွင့်မပြုပါဘူး။ အစ္စလာမ်မှာ အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ လုပ်ရပ်တွေကိုတားမြစ်ထားပါတယ်။ အဲဒီအတွက်ကြောင့် ဆော်ဒီနိုင်ငံထဲမှာ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ကေတီဗွီ အစရှိတဲ့ ဘာသာရေးနဲ့ ဆန့် ကျင်တဲ့ လုပ်ရပ်တွေ လုပ်ကိုင်ရာ အဆောက်အဦး တစ်ခုမှမရှိပါဘူး။

          ရှေ့ ဆက်မပြောခင် ဥပမာလေးတစ်ခုပေးချင်ပါတယ်။ကျောင်းတက်ဖူးသူတိုင်း ဓမ္မဓိဌာန် (Multiple Choices) မေးခွန်းဖြေဖူးကြမှာပါ။ သဘောတရားကရှင်းပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့ အဖြေတစ်ခုကို အမှန်ခြစ်၊ ကျန်တာတွေက အမှားလို့ ယူဆပါတယ်။ဘာသာရေးမှာလဲ ဒီသဘောအတိုင်းပါပဲ။ 
 
လူတိုင်းက ကိုယ်ကိုးကွယ်ရာအယူအဆကို အမှန်လို့ ထင်ကြတာပါပဲ။အဲဒီတော့ ကျန်အယူတွေက အော်တို အမှားဖြစ်သွားပါလေရော။ ကိုယ့်အဖြေမှန်မမှန်တော့ စာစစ်သူသာသိမှာပါ။ အထက်မှာပြောထားတဲ့အတိုင်း ဆော်ဒီနိုင်ငံဟာ အစ္စလာမ်မစ်ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်တာနဲ့ အညီ အစ္စလာမ်နဲ့  ဆန့် ကျင်တဲ့ သဘောတရားတွေကို နိုင်ငံအတွင်းမှာ ခွင့်မပြုပါဘူး။
 
အဲဒီတော့ တခြားဘာသာရေးအယူအဆတွေကိုလဲ အစ္စလာမ်နဲ့ ဆန့် ကျင်တယ်လို့  သတ်မှတ်ထားပါတယ်။အဲဒီအတွက်ကြောင့် အစ္စလာမ်နဲ့ ဆန့် ကျင်တဲ့ အယူဝါဒ လုပ်ရပ်တွေကို လုပ်ဆောင်ရာ အဆောက်အဦးတွေကိုလဲခွင့်မပြုပါဘူး။ 
 
ဘာသာရေး အဆောက်အဦးမှ မဟုတ်ပါဘူး။ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ကေတီဗွီ အစရှိတဲ့ အဆောက်အဦးတွေကိုလဲ ခွင့်မပြုကြောင်း အထက်မှာ ပြောထားပြီးပါပြီ။ အစ္စလာမ့်ရှုထောင့်မှကြည့်လျှင်အဆိုပါအရာအားလုံးသည် ယုံကြည်မှုနှုင့် ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေသည့်အတွက် ခွင့်မပြုရခြင်းဖြစ်ပါသည်။ ဒီလောက်ဆို ရှင်းပြချင်တဲ့ ပွိုင့်ကို သဘောပေါက်လောက်ပြီဟု ထင်ပါတယ်။

          နိဂုံးချုပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံမှမွတ်စလင်များသည် ဆော်ဒီနိုင်ငံသား ID ကိုင်ဆောင်သူများ မဟုတ်ကြသည့်အတွက် ဆော်ဒီအစိုးရ၏ဆုံးဖြတ်ချက်၊ အုပ်ချုပ်ပုံများကို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း။ သို့ ရာတွင်တခြားမွတ်စလင်နိုင်ငံများတွင် (ဥပမာ - နီးနီးနားနား မလေးရှား) တွင် တခြားဘာသာဝင်တို့၏ အဆောက်အဦးအများအပြားရှိကြောင်း။ (ထိုနည်းတူစွာ အဆိုပါမွတ်စလင်နိုင်ငံများတွင်လည်းအရက်ဘား၊ နိုက်ကလပ်၊ ကာစီနိုများ စီးပွားရေးလိုအပ်ချက်အရ ခွင့်ပြုထားကြသည်)  
 
မိမိနိုင်ငံသည် ဆော်ဒီနိုင်ငံကို အတုယူကာ ဆော်ဒီကဲ့သို့တခြားဘာသာရေး အဆောက်အဦးများကို ခွင့်မပြုလိုပါလျှင် မိမိနိုင်ငံသည်လည်း ဆော်ဒီကဲ့သို့ အရက်ဘား၊ နိုက်ကလပ်၊ ကာစီနို၊ ကေတီဗွီ အစရှိတဲ့ မိမိဘာသာမှ ကန့် သတ်ထားတဲ့ အဆောက်အဦးများကင်းစင်ရန် လိုပါကြောင်း . . .
        
စာကြွင်း: ဒီနေရာမှာ တခြားဘာသာရေး အဆောက်အဦးတွေကို အရက်ဘား၊ နိုက်ကလပ်၊
ကာစီနို၊  ကေတီဗွီ စတာတွေနဲ့တစ်တန်းထဲထား စော်ကားပြောဆိုလိုသည့် ရည်ရွယ်ချက်လုံးဝမရှိပါ။ စော်ကားပြောဆိုသည်ဟုစာဖတ်သူခံစားမိပါက အနူးအညွတ်တောင်းပန်ပါသည်။

Mg Badr (Fb)
RangonNewsDaily
kolatt(PBDN): 16.6.2013

0 comments:

Post a Comment