Pages

Friday, July 13, 2012

မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP အဖွဲ့တို့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းကြပြီ


Photo: မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP ခေါ် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့
နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု ကာကွယ်တားဆီးရေး (ဗဟိုအဖွဲ့) တို့ ပူးတွဲပြီး လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ World Vision အဖွဲ့ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Christopher Herink က -  မြန်မာနိုင်ငံကနေ လူကုန်ကူး ခံရသူ အများစုဟာ အမျိုးသမီးငယ်တွေ ဖြစ်ပြီး တရုတ်နိုင်ငံကို ဇနီးမယား 
အဖြစ် ရောင်းစားခံရသူက အများဆုံး ဖြစ်တယ်လို့  ပြောပါတယ်။

ဆွေးနွေးပွဲမှာ Mr. Herink, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးချုပ် ဦးခင်မောင်စီ နဲ့ UNIAP တာဝန်ရှိသူတွေက လူကုန်ကူးမှု တာဆီးရေး ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ပြင် လူကုန်ကူးခံရသူ ၃ ဦးက သူတို့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ရင်ဖွင့် ပြောဆို ခဲ့ကြပါတယ်။

UNIAP အဖွဲ့ရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးမှု တွေထက် တရုတ်နိုင်ငံ ဘက်ကို လူကုန်ကူးမှုတွေက ပိုပြီး များတယ်လို့ သိရပါတယ်။

မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP ခေါ် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု ကာကွယ်တားဆီးရေး (ဗဟိုအဖွဲ့) တို့ ပူးတွဲပြီး လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ မယ်တော်ဆေးခန်း ရန်ပုံငွေ အရေးပေါ် လိုအပ်နေ


Photo: မယ်တော်ဆေးခန်း ရန်ပုံငွေ အရေးပေါ် လိုအပ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့
 ကျောင်းသားဆေးခန်းလို့ လူသိများတဲ့ မယ်တော်ဆေးခန်းမှာ အခုနှစ် ဇူလိုင်လကနေ နှစ်ကုန်အထိ ကျန်းမာရေး ပညာရေးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်နေပြီး ရန်ပုံငွေမရရှိပါက အရေးပေါ်လူနာ (၂၀၀)လောက် ဆေးဝါးကုသဖို့နဲ့
 ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀၀ကျော် ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ့မှာဖြစ်ကြောင်း မယ်တော်ဆေးခန်းရဲ့တာဝန်ခံ
 ဒေါက်တာစင်သီယာမောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မယ်တော်ဆေးခန်းမှာ ဒီနှစ်ဇူလိုင်လကနေ နှစ်ကုန်တဲ့အထိ ထိုင်းဘတ်ငွေ (၁၈)သန်းခန့်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် (၆)သိန်းလောက် အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စာရေးသားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ်ရန်ပုံငွေမရပါက  ကျန်းမာရေးစောင့်ရှောက်မှု တချို့နဲ့
 ဘောဒါဆောင်နေ မိဘမဲ့ရွှေ့ပြောင်းမြန်မာကျောင်းသားကလေးငယ်တွေ အခက်အခဲ ဖြစ်မယ့်အခြေအနေကို မယ်တော်ဆေးခန်းရဲ့ တာဝန်ခံဒေါက်တာ စင်သီယာ မောင်က အခုလို ပြောပါတယ်။

"ဒီလက်ရှိမှာ ရန်ပုံငွေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့က amount နည်းသွားတဲ့ အခါကြတော့ တချို့ခွဲစိပ် ရောဂါတွေက အရေးပေါ်မဟုတ်ဘူး။ အဲဒါမျိုးဆိုရင်တော့ လက်ခံနိုင်တဲ့ အရေအတွက် နည်းမယ်။ နှစ်စဉ်လူနာ (၂၀၀)လောက်ရှိတယ်ပေါ့။ မဲဆောက်ဆေးရုံကြီးကို လွဲပြောင်း ရတဲ့ လူနာတွေ မှာလည်း အရေးပေါ်အခြေအနေမဟုတ်တဲ့ ရောဂါမျိုးတွေ ဆိုရင်လည်းဒါ မပို့ပေးနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်မယ်။ အထူးသဖြင့်တော့ဘော်ဒါဆောင်တွေမှာ ဆိုရင်တော့ ရိက္ခာပဲဖြစ်ဖြစ် ပညာသင်စရိတ်ပဲဖြစ်ဖြစ် အဲလို နှုန်းထားတွေကျဆင်းသွား မယ်ဆိုရင်လည်း ကလေး(၃၀၀၀)ကျော်လောက်အတွက်ကိုတော့ ခက်ခဲလာတာပေါ့။"

ဒါ့အပြင် မယ်တော်ဆေးခန်းမှာ လုပ်နေတဲ့ အရေးပေါ်မဟုတ်တဲ့ လုပ်ငန်းစဉ် အချို့နဲ့ သင်တန်းအချို့ကိုပါ ရွှေ့ဆိုင်းရမယ်။  ရပ်ဆိုင်းရမယ့် အနေအထားရှိပြီး နေ့စဉ်ဆေးခန်းလာနေတဲ့ လူနာတွေကိုတော့ 
 ရောဂါပေါ်အခြေခံပြီး အရေးပေါ် ကန့်သတ် ကုသပေးသွားမယ်လို့  ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

 အခုနှစ် ရန်ပုံငွေလိုအပ်ရတာဟာ  အရေးပေါ် လူနာတွေအတွက်
  နိုင်ငံတကာ အလှူရှင်တွေက ခေါင်းစဉ်အလိုက် ကန့်သတ်ကူညီနေတာက တကြောင်း၊ မဲဆောက်ဒေသတွင်း ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်း တိုးလာတဲ့အပြင် ၊ဘော်ဒါနေ မိဘမဲ့ကလေးတွေရဲ့ နေစရိတ် စားစရိတ်၊ ပညာသင်စရိတ်နဲ့ အရေးပေါ်လူနာတွေ မဲဆောက်ဆေးရုံကြီး လွဲပြောင်း ကုသစရိတ်တွေ များလာတဲ့အတွက် ဖြစ်တယ်လို့ လည်း ပြောပါတယ်။

အဲလိုအခက်အခဲတွေကို ကျော်လွှာနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့
 တွေ့ဆုံဆွေးနွေးပြီး အကူအညီတွေတိုးမြှင့် ရှာဖွေတင်ပြနိုင်ဖို့ ကိစ္စရပ်တွေဆွေးနွေးဖို့နဲ့ နိုင်ငံတကာရောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်စပ်ပြီး ရန်ပုံရှာဖွေနိုင်ဖို့အတွက် အခုလို လိုအပ်ချက်ကို အခုလို ထုတ်ဖော်ပြောကြားရတာလို့လည်း ဒေါက်တာစင်သီယာမောင်က
 ပြောပါတယ်။

 မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်း မြန်မာပြည် 
သားတွေရဲ့ ကျန်းမာရေး၊ပညာရေးနဲ့ ကလေးငယ်  စောင့်ရှောက်ရေး 
ဝန်ဆောင်မှုလုပ်ငန်းတွေကို အခမဲ့ လုပ်ကိုင်ခဲ့တာနှစ်ပေါင်း (၂၃)နှစ်ရှိပြီ 
 ဖြစ်ပါတယ်။


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့ကျောင်းသားဆေးခန်းလို့ လူသိများတဲ့ မယ်တော်ဆေးခန်းမှာ အခုနှစ် ဇူလိုင်လကနေ နှစ်ကုန်အထိ ကျန်းမာရေး ပညာရေးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်နေပြီး ရန်ပုံငွေမရရှိပါက အရေးပေါ်လူနာ (၂၀၀)လောက် ဆေးဝါးကုသဖို့နဲ့ ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀၀ကျော် ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ့မှာဖြစ်ကြောင်း မယ်တော်ဆေးခန်းရဲ့တာဝန်ခံ
ဒေါက်တာစင်သီယာမောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ညီမလေး (ကဗျာ)

ညီမလေး

ငါ့ကိုလွမ်းပါ ညီမလေးရယ် 

အလှမ်းကွာဝေးနေရတယ်ဆိုတာ
ဘ၀ကပေး ကံကြမာ အားနည်းခဲ့လိုပေါ့
ဆိုနေတဲ့သီချင်းဟာမင်းအသံ
ငိုနေတဲ့ မျက်ရည်ဟာမင်းအလွမ်းပေါ့
ဝေဒနာချုပ်ရိုးကြောင်းဟာ တဖြည်းဖြည်း တင်းကျပ်လာခဲ့တယ်

လူမသိသူမသိ (ကဗျာ)

လူမသိသူမသိ

ဗေဒင်မမေးတော့ဘူးလို့ စိတ်ကူးထားတယ်
လူတစ်ယောက်ရဲ့ အနောက်တိုင်းဆေးဝါးကိုမယုံသလိုမျိုး
အကောင်းတွေချည်းရွေးရွေး ပြောတတ်တော့
အဆိုးတွေနဲ့ချည် နပန်းသတ်နေရတယ်
ငါကလမ်းမှားရွေူးပြီး ပွင့်ခဲ့ရတာလား

နှလုံးသား သဘာဝ (ကဗျာ)

နှလုံးသား သဘာဝ

တောင်းလို့လည်းမလွယ် ၀ယ်လို့လဲမရ
နှလုံးသားရဲ့သဘာဝ
ငါ့ရဲ့ချစ်တတ်တဲ့ ၀ိညည်တွေအကုန်လုံး
မင်းရဲ့အနားမှာပျံကာဝဲလို့လေ

လွမ်းဆွတ်မိုးတိမ် (ကဗျာ)

လွမ်းဆွတ်မိုးတိမ်

မိုးမရွာလည်း တိမ်ဟာတိမ်ပါပဲ
တောင်တွေလို ကြေကွဲစွာထိုင်မငိုချင်ဘူး
အိပ်မရတဲ့ညက ရေတွက်ခဲ့တဲ့ကြယ်တွေ

ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်က အတည်ပြု


     ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆို

ပြည်သူ့လွှတ်တော်ဥက္ကဌမှ ဒေါ်နန်းဝါနုတင်သွင်းသည့် အရေးကြီးအဆိုကို ဖြည့်စွက်ရှင်းလင်း


     ဒီနေ့ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု အရေးကြီး အဆိုတစ်ရပ်တင်သွင်းပါတယ်။ သူ့ရဲ့ ကိုးကားချက် ကတော့ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ နည်းဥပဒေ ၁၃၃ အရ ဖြစ်ပါတယ်။ ဒီလိုတင်သွင်းတဲ့ အခါမှာ တင်သွင်းတိုင်းကော၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေး တောင်းခံပြီးတော့ တင်သွင်းတိုင်းကော ခွင့်ပြုမလား ခွင့်မပြုဘူးလားဆိုတာ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါတယ်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ အရေးကြီးအဆိုတင်သွင်း


ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ အရေးကြီးအဆိုတင်သွင်းပါသည်။

အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးကွယ်လွန်ခြင်း(၂၀၄)နှစ်ပြည့်အခမ်းအနား မန္တလေးတွင်ပြုလုပ်ကျင်းပ


ဘိုးတော်ဘုရားလက်ထက် အစ္စလာမ်သာသနာ့ဆရာတော်အဖြစ်ချီးမြှင့်ခြင်းခံရသောအာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးကွယ်လွန်ခြင်း(၂၀၄)နှစ်ပြည့်အခမ်းအနားကို မန္တလေးမြို့ အမရပူရမြို့နယ်၊လင့်စဉ်ကုန်း ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းခံရသူ ဦးမြင့်ဆွေနှင့်ပတ်သက်ပြီး လွှတ်တော်ပြင်ပ ပြည်သူအချို့၏ သဘောထားအမြင်


လစ်လပ်နေသည့် ဒုတိယ သမ္မတ နေရာတွင် လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များမှ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေအားအဆိုတင်သွင်းခဲ့သည့် အပေါ် ပြည်သူအချို့၏ သဘောထားအမြင်များကိုမေးမြန်းဖြစ်ခဲ့ပါသည်။

Capital D ရော့မန့် ကုမ္မဏီမှဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တည်ဆောက်မည်


ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တည်ဆောက်ရန်ရန်ကုန်တိုင်းဒေသကြီးသို့ ပုံစံဒီဇိုင်း များရေးဆွဲတင်ပြထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း


ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့
 အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

မော်လမြိုင်မြို့မှ အနှိပ်ခန်းများအား အရေးယူပေးပါရန် တိုင်ကြားသော်လည်း ဖမ်းဆီးအရေးယူ ဖယ်ရှားခြင်းမရှိသေး


မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းတွင် ဖွင့်လှစ်နေသော အနှိပ်ခန်းအားတိုင်ကြားသော်
လည်း ဖမ်းဆီးအရေးယူဖယ်ရှားခြင်းမရှိသေးပါ။

တရား ဥပဒေ ဘာလဲ (နှလုံးမကောင်းသူများ မကြည့်သင့်ပါ)



ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ


လွန်ခဲ့တဲ့ ဇွန်လကုန်က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာ ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မရမ်းကုန်း ရဲစခန်းက လူသတ်မှု မသင်္ကာသူ ဒဂုံမြို့သစ်က မျိုးမြင့်ဆွေ ခေါ် ကုလားကြီးဆိုသူကို ဖမ်းဆီး စစ်ဆေးစဉ်မှာဘဲ မျိုးမြင့်ဆွေဟာ ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဆူပူ အကြမ်းဖက်မူတွင် မိမိရပ်ကွက်၊ ကျေးရွာကို ကာကွယ်ရင်း အသက်ပေး ကျဆုံးခဲ့ရသူ (၈) ဦးအား သူရဲကောင်းများ အဖြစ် စစ်တွေတွင် ဂုဏ်ပြု


ဇွန်လ ၈ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် မိမိရပ်ကွက်၊ ကျေးရွာကို ကာကွယ်ရင်း အသက်ပေး ကျဆုံးခဲ့ရသူ ရခိုင်အမျိုးသား (၈) ဦးအား သူရဲကောင်းများ အဖြစ် စစ်တွေတွင် ဂုဏ်ပြု ခဲ့ကြသည်ဟု သတင်း ရရှိသည်။

၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့ရ

Photo: ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပသည့် ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့မှုကြောင့် အမေရိကန် လွှတ်တော်အမတ်များ ဒေါသအကြီးအကျယ် ထွက်လျက်ရှိသည်။ 

အနီ၊ အဖြူနှင့် အပြာရောင်များ ပါဝင်သော အမေရိကန် အိုလံပစ်အသင်း၏ ဝတ်စုံများကို တရုတ်နိုင်ငံသို့ မှာကြားချုပ်လုပ်စေခဲ့ခြင်းမှာ အိုလံပစ်ကော်မတီအနေဖြင့် အရှက်ရစရာပင်ဖြစ်ကြောင်း လွှတ်တော်မှ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ ဟယ်ရီရိဒ်က ဝေဖန်လိုက်သည်။
 
ထို့အပြင် အဆိုပါဝတ်စုံများကို စုံပုံပြီး မီးရှို့ပစ်သင့်ကြောင်းလည်း ၎င်းက ဒေါသတကြီး အကြံပေး ပြောကြားလိုက်သည်။ အိုလံပစ်အသင်းဝတ်စုံကို အမေရိကန်ရှိ အထည်ချုပ်စက်ရုံများတွင်လည်း ချုပ်လုပ်နိုင်ကြောင်း ရိဒ်က ဆက်လက်ပြောကြားသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ခေါင်းဆောင်တစ်ဦးဖြစ်သည့် နန်စီ ပီလိုစီကလည်း အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများအတွက် ဂုဏ်ယူသော်လည်း ၎င်းတို့မှာ အမေရိကန်တွင် ထုတ်လုပ်သည့် ဝတ်စုံများကိုသာ ဝတ်ဆင်သင့်ကြောင်း ဝေဖန်သွားသည်။
အမေရိကန် အိုလံပစ်ပြိုင်ပွဲဝင် အသင်း၏ ဝတ်စုံများကို အမေရိကန်နိုင်ငံမှ အဝတ်အထည်များ ထုတ်လုပ်ရောင်းချသည့် Ralph Lauren က ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

Read on Planet http://www.planet.com.mm/news/read.cfm/id/19437

ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပသည့် ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့မှုကြောင့် အမေရိကန် လွှတ်တော်အမတ်များ ဒေါသအကြီးအကျယ် ထွက်လျက်ရှိသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ငြင်းပယ်

Photo: ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က သတင်းထောက်များကို ပြောကြားသည်။

သမ္မတဦးသိန်းစိန်နှင့် အန်တိုနီယို ဂူတာရက်စ်တို့မှာ ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း အန်တိုနီယိုက ယခုကဲ့သို့ လူသိရှင်ကြား ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ “ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း” စသဖြင့် ဆွေးနွေးပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: 
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် http://www.president-office.gov.mm/briefing-room/daily-news/news1061

AP http://hosted2.ap.org/OREUG/86053d8662944f7698388c63189f97c6/Article_2012-07-12-Myanmar-Sectarian%20Unrest/id-51778cde17e54c2f9db4ce67f6c8b2fb
ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။

အမေရိကန်နယူးယောခ်မှ စပိန်နိုင်ငံမက်ဒရစ်မြို့သို့သွားသောလေယာဉ်ပေါ်တွင် မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိ

Photo: Breaking News:
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy - JFK) နိုင်ငံတကာလေဆိပ်မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ပျံသန်းထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တွင် ဒေသစံတော်ချိန် ကြာဿပတေးနေ့ညပိုင်းက မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိရကြောင်း လူတစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးခဲ့သည်။ 

ထိုသတင်းကြောင့် JFK လေဆိပ်တွင်ရပ်နားထားသော စပိန်သို့ ပျံသန်းမည့် ဒဲလ်တာလေကြောင်းလိုင်း Delta Flight 126 လေယာဉ်ပေါ်မှ ခရီးသည်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဗုံးရှာဖွေရှင်းလင်းရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
သို့သော် ဗုံးရှင်းလင်းရေးအဖွဲ့က စစ်ဆေးပြီးနောက် ဗုံးမဟုတ်ကြောင်း တွေ့ရှိခဲ့ပြီး ဝါယာကြိုးများကို စတင်တွေ့ရှိ သတင်းပေးခဲ့သူအား မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေယာဉ်၏ခရီးစဉ်မှာ နယူးယောက်ခ်အချိန် ကြာဿပတေးနေ့ည ၇း၃၀ တွင် ထွက်ခွာ၍ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ သောကြာနေ့နံနက် ၉း၁၅ တွင် ရောက်ရှိရန်ဖြစ်သည်။ ပုံမှန်အားဖြင့် လေယာဉ် ခရီးစဉ်များတွင် ပြည်ထောင်စုလေကြောင်းလုံခြုံရေးမှ လက်နက်ကိုင်ဆောင်သော အရာရှိတစ်ဦး လိုက်ပါလေ့ရှိကြောင်း သိရှိရသည်။

Breaking News:

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy - JFK)
 နိုင်ငံတကာလေဆိပ်မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ပျံသန်းထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တွင်
 ဒေသစံတော်ချိန် ကြာဿပတေးနေ့ညပိုင်းက မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိရကြောင်း လူတစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ဦးလူထု နှင့်အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဘယ်လိုပဲသေသေ၊ဘယ်သူပဲသတ်သတ် နတ်ကတော့နတ်



(တစ်)
    ကျွန်တော် မန္တလေးကနေ မြောက်ဘက်တစ်လွှား မြို့ရွာများ ရှိရာဆီသို့ စာပေဟောပြောပွဲကို အခြေခံကာ တစ်ခါတစ်ခါ ခရီး သွားဖြစ်ပါသည်။ ကားက မန္တလေး တောင်ကိုဝိုက်ပြီး အုတ်ကျစ်
ကျော်အေး မန္တလေး၊ ရတနာပုံမန္တလေး၊ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဆိုသော မန္တလေး၏ မြောက် ဘက်ကိုထွက်လိုက်တော့ဒဏ္ဍာရီတွေ ဒဏ္ဍာရီတွေက လူကို စောင့်ကြိုနေလိုက်ကြတာ။

    မန္တလေး မတ္တရာကားလမ်း အတိုင်း မြောက်ယွန်းယွန်းသို့ ထွက်လာကြသောအခါ ငါးမိုင် ကျော်ကျော် ခြောက်မိုင်မရှိတရှိ လောက်ရောက်သည်နှင့် တောင် တော်သခင်မနတ်(သို့မဟုတ်)မရွှေဥနတ်စံမြန်းရာ မရွှေဥတောင်ကို လှမ်း၍မြင်ရပါပြီ။ ထို့နောက်သုံး၊လေးမိုင်မရှိတရှိ ဆက်မောင်း
လိုက်ပြန်တော့ ကားလမ်းဝဲဘက် မှာ တောင်ပြုန်းရွာသို့ဆိုတဲ့ တောင်ပြုန်းမင်းညီနောင်ဆီသို့ သွားရာ လမ်းခွဲကလေး။ ရှေ့ဆက်တက် တော့ မတ္တရာ။

 ရှေ့ဆက်တက် တော့ စဥ့်ကူး။ ရှေ့ဆက်တက် တော့ သပိတ်ကျင်းမိုးကုတ်လမ်း ခွဲ။ ရှေ့ဆက်တက်တော့ ပန်းပဲ မောင်တင့်တယ်ရဲ့ တကောင်း။ ပြီးတော့ မြစ်တစ်ဖက်ကမ်