Pages

Friday, July 13, 2012

၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့ရ

Photo: ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပသည့် ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့မှုကြောင့် အမေရိကန် လွှတ်တော်အမတ်များ ဒေါသအကြီးအကျယ် ထွက်လျက်ရှိသည်။ 

အနီ၊ အဖြူနှင့် အပြာရောင်များ ပါဝင်သော အမေရိကန် အိုလံပစ်အသင်း၏ ဝတ်စုံများကို တရုတ်နိုင်ငံသို့ မှာကြားချုပ်လုပ်စေခဲ့ခြင်းမှာ အိုလံပစ်ကော်မတီအနေဖြင့် အရှက်ရစရာပင်ဖြစ်ကြောင်း လွှတ်တော်မှ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ ဟယ်ရီရိဒ်က ဝေဖန်လိုက်သည်။
 
ထို့အပြင် အဆိုပါဝတ်စုံများကို စုံပုံပြီး မီးရှို့ပစ်သင့်ကြောင်းလည်း ၎င်းက ဒေါသတကြီး အကြံပေး ပြောကြားလိုက်သည်။ အိုလံပစ်အသင်းဝတ်စုံကို အမေရိကန်ရှိ အထည်ချုပ်စက်ရုံများတွင်လည်း ချုပ်လုပ်နိုင်ကြောင်း ရိဒ်က ဆက်လက်ပြောကြားသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ခေါင်းဆောင်တစ်ဦးဖြစ်သည့် နန်စီ ပီလိုစီကလည်း အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများအတွက် ဂုဏ်ယူသော်လည်း ၎င်းတို့မှာ အမေရိကန်တွင် ထုတ်လုပ်သည့် ဝတ်စုံများကိုသာ ဝတ်ဆင်သင့်ကြောင်း ဝေဖန်သွားသည်။
အမေရိကန် အိုလံပစ်ပြိုင်ပွဲဝင် အသင်း၏ ဝတ်စုံများကို အမေရိကန်နိုင်ငံမှ အဝတ်အထည်များ ထုတ်လုပ်ရောင်းချသည့် Ralph Lauren က ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

Read on Planet http://www.planet.com.mm/news/read.cfm/id/19437

ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပသည့် ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် အမေရိကန်အသင်း ဝတ်ဆင်မည့် ဝတ်စုံများကို တရုတ်နိုင်ငံ၌ ချုပ်လုပ်ခဲ့မှုကြောင့် အမေရိကန် လွှတ်တော်အမတ်များ ဒေါသအကြီးအကျယ် ထွက်လျက်ရှိသည်။

အနီ၊ အဖြူနှင့် အပြာရောင်များ ပါဝင်သော အမေရိကန် အိုလံပစ်အသင်း၏ ဝတ်စုံများကို တရုတ်နိုင်ငံသို့ မှာကြားချုပ်လုပ်စေခဲ့ခြင်းမှာ အိုလံပစ်ကော်မတီအနေဖြင့် အရှက်ရစရာပင်ဖြစ်ကြောင်း လွှတ်တော်မှ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ ဟယ်ရီရိဒ်က ဝေဖန်လိုက်သည်။

ထို့အပြင် အဆိုပါဝတ်စုံများကို စုံပုံပြီး မီးရှို့ပစ်သင့်ကြောင်းလည်း ၎င်းက ဒေါသတကြီး အကြံပေး ပြောကြားလိုက်သည်။ အိုလံပစ်အသင်းဝတ်စုံကို အမေရိကန်ရှိ အထည်ချုပ်စက်ရုံများတွင်လည်း ချုပ်လုပ်နိုင်ကြောင်း ရိဒ်က ဆက်လက်ပြောကြားသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ခေါင်းဆောင်တစ်ဦးဖြစ်သည့် နန်စီ ပီလိုစီကလည်း အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများအတွက် ဂုဏ်ယူသော်လည်း ၎င်းတို့မှာ အမေရိကန်တွင် ထုတ်လုပ်သည့် ဝတ်စုံများကိုသာ ဝတ်ဆင်သင့်ကြောင်း ဝေဖန်သွားသည်။

အမေရိကန် အိုလံပစ်ပြိုင်ပွဲဝင် အသင်း၏ ဝတ်စုံများကို အမေရိကန်နိုင်ငံမှ အဝတ်အထည်များ ထုတ်လုပ်ရောင်းချသည့် Ralph Lauren က ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

 
Ref: Planet Myanmar Network:

0 comments:

Post a Comment