Pages

Friday, July 13, 2012

အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးကွယ်လွန်ခြင်း(၂၀၄)နှစ်ပြည့်အခမ်းအနား မန္တလေးတွင်ပြုလုပ်ကျင်းပ


ဘိုးတော်ဘုရားလက်ထက် အစ္စလာမ်သာသနာ့ဆရာတော်အဖြစ်ချီးမြှင့်ခြင်းခံရသောအာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးကွယ်လွန်ခြင်း(၂၀၄)နှစ်ပြည့်အခမ်းအနားကို မန္တလေးမြို့ အမရပူရမြို့နယ်၊လင့်စဉ်ကုန်း ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 
အဆိုပါအခမ်းအနားသို့ မန္တလေးမြို့ရှိ အန္ဒိယသံရုံးမှအန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ဒုကောင်စစ်ဝန်တို့တက် ရောက် ခဲ့ကြပြီးသခင်ကြီးအုတ်ဂူပေါ်တွင်လွှမ်းခြုံထားသော ခြုံလွှာအသစ်လဲလှယ်မှုကို KAFTGဂိုဏ်းချုပ်ဆရာတော် ခလီဖာသိန်းဝင်းအောင်နှင့်အတူ လဲလှယ်ခဲ့ကြသည်။
 
 
`` ဆယ်တန်းအောင်တဲ့ကလေးတွေကို ဆုချီးမြှင့်တဲ့အစီအစဉ်ပါထည့်ထားတာပါ ၊ဘာသာစုံဂုဏ်ထူးထွက်တဲ့ ကလေးတွေလဲပါတယ် ၊ အားလုံး(၁၅)ယောက်ရှိတယ် ´´ ဟုဦးသိန်းညွန့်က မြစ်မခသို့ ပြောကြားသည်။
 
 
အဆိုပါလင့်ဇင်ကုန်းရပ်ကွက်ရှိ သချိုင်းတွင် အခြားဘာသာဝင်များလဲလာရောက်၍အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီး၏ ဂူဗိမ္မာန်တွင်လာရောက်ပူဇော်မှုများရှိကြောင်း ဒေသခံများကပြောပြသည်။
 
 
`` ဘာသာပေါင်းစုံကအစုံပဲလာရောက်ကြတယ် ၊စာမေးပွဲအောင်ချင်တဲ့ကလေးတွေပါသလို ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေလဲလာကြတာရှိတယ် ´´ ဟု သခင်ကြီးအောက်မေ့ဖွယ်အခမ်းသို့ရောက်ရှိနေသောဒေသ ခံအမျိုးသမီးက ပြောကြားသည်။
 
အဆိုပါ အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးသည် ဘိုးတော်ဘုရား၏ချစ်ခင်သောမိတ်ဆွေဖြစ်ပြီး သခင်ကြီး၏ အာရဗီနာမည်တော်ကို အခေါ်မခံပဲသာသနာပိုင်ဆရာတော်ဟုသာ ခေါ်ဆိုရမည်ဟု အမိန့် ထုတ်ပြန် ခဲ့ကြောင်းသိရသည်

 
လင့်ဇင်ကုန်းသချုင်္ိင်းတွင် အဆိုပါသခင်ကြီးနှင့်အတူဦးပိန်တံတားဆောက်လုပ်ခဲ့သူ ဦးပိန်နှင့် ဘိုးတော် ဦးဝိုင်း လက်ထက်စာဆိုတော်တင်သွင်းခဲ့သူ အစ္စလာမ်ဘာသာဝင် စာဆိုတော်ကြီးဦးနုတို့၏အုတ်ဂူတို့လဲရှိကြောင်း သိရသည်။
 
 
အဆိုပါလင့်ဇင်ကုန်းသင်္ချိုင်းအား ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်မှဖျက်သိမ်းမည်ဟုလဲ သတင်း ထွက်ပေါ်ခဲ့ ကြောင်းသိရသည်။


Ref: မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment