Pages

Friday, July 13, 2012

မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP အဖွဲ့တို့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းကြပြီ


Photo: မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP ခေါ် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့
နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု ကာကွယ်တားဆီးရေး (ဗဟိုအဖွဲ့) တို့ ပူးတွဲပြီး လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ World Vision အဖွဲ့ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Christopher Herink က -  မြန်မာနိုင်ငံကနေ လူကုန်ကူး ခံရသူ အများစုဟာ အမျိုးသမီးငယ်တွေ ဖြစ်ပြီး တရုတ်နိုင်ငံကို ဇနီးမယား 
အဖြစ် ရောင်းစားခံရသူက အများဆုံး ဖြစ်တယ်လို့  ပြောပါတယ်။

ဆွေးနွေးပွဲမှာ Mr. Herink, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးချုပ် ဦးခင်မောင်စီ နဲ့ UNIAP တာဝန်ရှိသူတွေက လူကုန်ကူးမှု တာဆီးရေး ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ပြင် လူကုန်ကူးခံရသူ ၃ ဦးက သူတို့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ရင်ဖွင့် ပြောဆို ခဲ့ကြပါတယ်။

UNIAP အဖွဲ့ရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးမှု တွေထက် တရုတ်နိုင်ငံ ဘက်ကို လူကုန်ကူးမှုတွေက ပိုပြီး များတယ်လို့ သိရပါတယ်။

မဲခေါင် ၆ နိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စီမံချက်အရ World Vision အဖွဲ့၊ UNIAP ခေါ် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု ကာကွယ်တားဆီးရေး (ဗဟိုအဖွဲ့) တို့ ပူးတွဲပြီး လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ World Vision အဖွဲ့ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Christopher Herink က - မြန်မာနိုင်ငံကနေ လူကုန်ကူး ခံရသူ အများစုဟာ အမျိုးသမီးငယ်တွေ ဖြစ်ပြီး တရုတ်နိုင်ငံကို ဇနီးမယား အဖြစ် ရောင်းစားခံရသူက အများဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ Mr. Herink, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးချုပ် ဦးခင်မောင်စီ နဲ့ UNIAP တာဝန်ရှိသူတွေက လူကုန်ကူးမှု တာဆီးရေး ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ပြင် လူကုန်ကူးခံရသူ ၃ ဦးက သူတို့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ရင်ဖွင့် ပြောဆို ခဲ့ကြပါတယ်။

UNIAP အဖွဲ့ရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးမှု တွေထက် တရုတ်နိုင်ငံ ဘက်ကို လူကုန်ကူးမှုတွေက ပိုပြီး များတယ်လို့ သိရပါတယ်။

Ref: RFA (Burmese)

1 comments:

Anonymous said...

အစကတည်းကသူများနဲ့ပူးပေါင်းလိုက်ပြီရော အခုမှဒင်းတို့က..........

Post a Comment