Pages

Friday, July 13, 2012

အမေရိကန်နယူးယောခ်မှ စပိန်နိုင်ငံမက်ဒရစ်မြို့သို့သွားသောလေယာဉ်ပေါ်တွင် မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိ

Photo: Breaking News:
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy - JFK) နိုင်ငံတကာလေဆိပ်မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ပျံသန်းထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တွင် ဒေသစံတော်ချိန် ကြာဿပတေးနေ့ညပိုင်းက မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိရကြောင်း လူတစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးခဲ့သည်။ 

ထိုသတင်းကြောင့် JFK လေဆိပ်တွင်ရပ်နားထားသော စပိန်သို့ ပျံသန်းမည့် ဒဲလ်တာလေကြောင်းလိုင်း Delta Flight 126 လေယာဉ်ပေါ်မှ ခရီးသည်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဗုံးရှာဖွေရှင်းလင်းရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
သို့သော် ဗုံးရှင်းလင်းရေးအဖွဲ့က စစ်ဆေးပြီးနောက် ဗုံးမဟုတ်ကြောင်း တွေ့ရှိခဲ့ပြီး ဝါယာကြိုးများကို စတင်တွေ့ရှိ သတင်းပေးခဲ့သူအား မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေယာဉ်၏ခရီးစဉ်မှာ နယူးယောက်ခ်အချိန် ကြာဿပတေးနေ့ည ၇း၃၀ တွင် ထွက်ခွာ၍ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ သောကြာနေ့နံနက် ၉း၁၅ တွင် ရောက်ရှိရန်ဖြစ်သည်။ ပုံမှန်အားဖြင့် လေယာဉ် ခရီးစဉ်များတွင် ပြည်ထောင်စုလေကြောင်းလုံခြုံရေးမှ လက်နက်ကိုင်ဆောင်သော အရာရှိတစ်ဦး လိုက်ပါလေ့ရှိကြောင်း သိရှိရသည်။

Breaking News:

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy - JFK)
 နိုင်ငံတကာလေဆိပ်မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ပျံသန်းထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တွင်
 ဒေသစံတော်ချိန် ကြာဿပတေးနေ့ညပိုင်းက မင်္သကာဖွယ်ရာ ဝါယာကြိုးများ တွေ့ရှိရကြောင်း လူတစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးခဲ့သည်။

ထိုသတင်းကြောင့် JFK လေဆိပ်တွင်ရပ်နားထားသော စပိန်သို့ ပျံသန်းမည့် ဒဲလ်တာလေကြောင်းလိုင်း Delta Flight 126 လေယာဉ်ပေါ်မှ ခရီးသည်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဗုံးရှာဖွေရှင်းလင်းရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော် ဗုံးရှင်းလင်းရေးအဖွဲ့က စစ်ဆေးပြီးနောက် ဗုံးမဟုတ်ကြောင်း တွေ့ရှိခဲ့ပြီး ဝါယာကြိုးများကို စတင်တွေ့ရှိ သတင်းပေးခဲ့သူအား မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်၏ခရီးစဉ်မှာ နယူးယောက်ခ်အချိန် ကြာဿပတေးနေ့ည ၇း၃၀ တွင် ထွက်ခွာ၍ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ သောကြာနေ့နံနက် ၉း၁၅ တွင် ရောက်ရှိရန်ဖြစ်သည်။ ပုံမှန်အားဖြင့် လေယာဉ် ခရီးစဉ်များတွင် ပြည်ထောင်စုလေကြောင်းလုံခြုံရေးမှ လက်နက်ကိုင်ဆောင်သော အရာရှိတစ်ဦး လိုက်ပါလေ့ရှိကြောင်း သိရှိရသည်။
 
Ref: Planet Myanmar:

0 comments:

Post a Comment