Pages

Friday, July 13, 2012

လူမသိသူမသိ (ကဗျာ)

လူမသိသူမသိ

ဗေဒင်မမေးတော့ဘူးလို့ စိတ်ကူးထားတယ်
လူတစ်ယောက်ရဲ့ အနောက်တိုင်းဆေးဝါးကိုမယုံသလိုမျိုး
အကောင်းတွေချည်းရွေးရွေး ပြောတတ်တော့
အဆိုးတွေနဲ့ချည် နပန်းသတ်နေရတယ်
ငါကလမ်းမှားရွေူးပြီး ပွင့်ခဲ့ရတာလား
အကိုင်းတိုင်းတော့ အသီးမတင်ပါဘူး
ကံတရားရဲ့ မိုးခေါင်ပုံတွေက
ကိုယ့်အတွက် လမ်းဘေးရေအိုးစင်လေးတောင်
ရေခန်းနေတတ်တာ ပိုများတယ်
မိုင်ပိုမောင်းခဲ့မိတာတွေကလည်း
ခရီးတစ်ခုဖြစ်မလာခဲ့တော့
ကျွန်တော့်ရဲ့အနာဂတ်က တွက်မရတဲ့
သခ်ာၤတစ္ပုဒ္လိုပဲ
မီးမလာတဲ့ညမှာ
မီးကင်းစောင့်ဖို့ အလှည့်ကျတတ်တော့လည်း
ဘယ်လိုပုံမှားရိုက်ခံရတယ်ဆိုတာမျိုးလို
တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး
ဘ၀ရဲ့အက်သံတွေကို ပြောပြပါတယ်

ဆလိုင်းနွေမင်းတပ်





ကျွန်တော်ဆိုဒ်ထဲမှာ ကဗျာများ တဆင့်ပြန်လည် Share လိုလျှင် ကဗျာဆရာများကိုလေးစားသော အားဖြင့် ရေးသားသူရဲ့အမည်ကိုဖော်ပြပေးစေချင်ပါတယ်။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစာလျှက်.......

1 comments:

Anonymous said...

ကံတရားရဲ့ မိုးခေါင်ပုံတွေက
ကိုယ့်အတွက် လမ်းဘေးရေအိုးစင်လေးတောင်
ရေခန်းနေတတ်တာ ပိုများတယ်

Post a Comment