Pages

Friday, July 13, 2012

ညီမလေး (ကဗျာ)

ညီမလေး

ငါ့ကိုလွမ်းပါ ညီမလေးရယ် 

အလှမ်းကွာဝေးနေရတယ်ဆိုတာ
ဘ၀ကပေး ကံကြမာ အားနည်းခဲ့လိုပေါ့
ဆိုနေတဲ့သီချင်းဟာမင်းအသံ
ငိုနေတဲ့ မျက်ရည်ဟာမင်းအလွမ်းပေါ့
ဝေဒနာချုပ်ရိုးကြောင်းဟာ တဖြည်းဖြည်း တင်းကျပ်လာခဲ့တယ်




ငါ့ကိုလွမ်းပါ ညီမလေးရယ် 

လွမ်းဆွတ်ခြင်း စီးကြောင်းဟာ အားကောင်းမောင်းသန်
နှလုံးခုံချက်တွေကို ပြည့်ထွက်သွားမတတ်
အအိပ်ခက်နေတဲ့ နေ့ညတွေရဲ့ လည့်ပတ်မူမှာ
သမုဒယဆိုတဲ့ ပင်ပန်းဆင်းရဲ့စွာဖြတ်သန်းခဲ့ရတယ်
လူသားနှစ်ဦးကိုဖြစ်တည် ရှင်သန်စေခဲ့တာ
ဆွေးမြည့်မူကို ကြိတ်မှိတ် ဖြေလျှော့ မျှဝေခံစားကြစို့



ငါ့ကိုလွမ်းပါ ညီမလေးရယ် 

လက်ကနာရီ ချွတ်လွင့်ပစ်ပေါက်လိုက်လည်း
အချိန်ဆိုတဲ့ သတ်မှတ်မျဉ်းက ရှိတည်မြဲမဟုတ်လား
ဒီလိုအခြေနေ
ဒီလိုရွေ့လျှာမူတွေကြားမှာ
ငါ့ကိုဝတိရ
လွမ်းဆွတ်နေပါညီမလေးရယ်


နေမျိုးထက်







ကျွန်တော်ဆိုဒ်ထဲမှာ ကဗျာများ တဆင့်ပြန်လည် Share လိုလျှင် ကဗျာဆရာများကိုလေးစားသော အားဖြင့် ရေးသားသူရဲ့အမည်ကိုဖော်ပြပေးစေချင်ပါတယ်။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစာလျှက်.......

2 comments:

Anonymous said...

ရန်ကုန်ကို သတိရသွားပြီဗျာ

Anonymous said...

ကဗျာဖတ်မှဘဲ ပိုလွှမ်းလာပြီ

Post a Comment