Pages

Friday, July 13, 2012

ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းခံရသူ ဦးမြင့်ဆွေနှင့်ပတ်သက်ပြီး လွှတ်တော်ပြင်ပ ပြည်သူအချို့၏ သဘောထားအမြင်


လစ်လပ်နေသည့် ဒုတိယ သမ္မတ နေရာတွင် လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များမှ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေအားအဆိုတင်သွင်းခဲ့သည့် အပေါ် ပြည်သူအချို့၏ သဘောထားအမြင်များကိုမေးမြန်းဖြစ်ခဲ့ပါသည်။

 
 
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သီဟသူရဦးတင်အောင်မြင့်ဦး သည် ၂၀၁၂ခုနှစ်ဇူလိုင်လ(၁) ရက်နေ့တွင် မိမိဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ရန် နိုင်ငံတော်သမ္မတရုံးသို့   အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
 
လက်ရှိ ဒုသမ္မတ နေရာ တာဝန်ထမ်းဆောင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၅၉)ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတကသတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူကိုသာ ရွေးချယ် ရမည်ဟုထည့်သွင်းရေးသားထားသည်။
 
 
အဆိုပါ ဒုတိယ သမ္မတနေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူးဦးဌေးဦး၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့မှာ သတင်းများထွက်ပေါ်ခဲ့သော်လည်းလွှတ်တော် အတွင်း တပ်မတော်သားကိုယ်စားလှယ်များကရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေအား အဆိုတင်သွင်းခဲ့ကြောင်းတွေ့မြင်ခဲ့ရသည်။
 
 
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သားကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး   နိုင်ငံရေးပါတီအချို့၏ဦးဆောင်နေသူများနှင့် လူအဖွဲ့စည်းတွင် လုပ်ငန်းနယ်ပါယ်အသီးသီးမှပြည်သူအချို့အား   မေးမြန်းခဲ့သည်များကို ဖော်ပြပါမည်။
 
 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ
 
 
ပြုပြင်ပြောင်းလဲရေးနဲ့ အမှီ တညီတည်း မလိုက်နိုင်တဲ့သူတွေကကျန်ခဲ့မှာပဲလို့ ဦးသိန်းစိန်က မိန့်ခွန်းပြောထားတာ ရှိပါတယ်။နိုင်ငံတော်ကို ပြောတဲ့ အခြေပြု မိန့်ခွန်းထဲမှာ အဲဒါမျိုးဆိုထားတော့အရေးကြီးပါတယ်။ သမ္မတ တစ်ယောက်ရဲ့နောက်မှာ လိုက်ပြီးတော့ ဒုသမ္မတလောင်းရွေးမယ့် ပုဂ္ဂိုလ်ဟာ သူစိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် အများဆန္ဒနဲ့ ဆုံးဖြတ်တဲ့ကိစ္စကိုတော့ ဒီမိုကရေစီကို သွားနေတဲ့ အစိုးရတရပ်ဟာ လိုက်နာလုပ်ဆောင်ကြရမှာပဲလေ။
 
အဲ့လိုသွားတဲ့ အခါမှာ ဒုသမ္မတ ဖြစ်မယ့် ပုဂ္ဂိုလ်က(၁) ပြည်သူအကျိုး စီးပွားကို မျက်ကွယ်ပြုလို့မရဘူး။ သူဟာအခြားစိတ်ကူးစိတ်သန်းတွေရှိပြီးသော် လည်းပဲပြည်သူအကျိုးစီးပွားကိုတော့ မလွဲမသေ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါတယ်။
 
သမ္မတရဲ့ ပြောခဲ့တဲ့ အခြေခံအချက်တွေပေါ်မှာလဲပဲ အလေးမူရလိမ့်မယ်။အလေးမမူဘူးဆိုရင် အစိုးရအဖွဲ့သွားနေတဲ့ သဘောထားနဲ့ရည်မှန်းချက်ကိုပြည့်မှီအောင် မလုပ်နိုင်ဘူးဆိုရင်တော့ သူဘက်ကအားနည်းချက်ဖြစ်သွားမှာပေါ့။
 
ဘယ်သူပဲဖြစ်ဖြစ်လေ။ ဒါကိုလည်း အခုအနေအထားမှာ အာဏာနဲ့ အုပ်ချုပ်တဲ့ ခေတ်မဟုတ်တော့ အခါကြတော့ မီဒီယာတွေ ၊နိုင်ငံရေးပါတီတွေ၊ ပြည်သူလူ့အဖွဲ့အစည်းတွေ အားလုံးက ရှိနေတော့ဘယ်သူဘာပဲလုပ်လုပ် ထင်သာမြင်သာဖြစ်နေတဲ့  ခေတ် ကာလကြီးမှာဒီလိုစိတ်ထင် တိုင်းလုပ်လို့မရတဲ့ အခြေနေကိုရောက်သွားပြီးဆိုတာေ ခါင်းဆောင် ပိုင်းကာလ လုပ်ပိုင်ခွင့်က ပြည်သူတွေယုံကြည်တဲ့ပုဂ္ဂိုလ်ရှိတယ်၊ ကမ္ဘာကလည်း တကယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ ယုံကြည်တဲ့ ပုဂ္ဂိုလ်လက်ထဲမှာ လုပ်ပိုင်ခွင့်တကယ်ရှိလာပြီဆိုရင်နေချင်းညချင်းပြောင်းလဲလာနိုင်တယ်။ အခုကတော့ မထင်ပါဘူး။
 
 
ဦးကြည်းဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအတိုင်ပင်ခံ)
 
ဦးသိန်းစိန်က အဓိကပဲ ဒီမိုကရေစီဖြစ်မြောက်အောင်ဦးစီးဦးဆောင်ပြီးလုပ်နေတာ။ အဲလိုဆောင်ရွက်ချက်ဟာ   မြန်မာပြည်သူ  တွေကိုတော်တော်လေး အကျိုးပြုတယ်။ နိုင်ငံတကာကလည်း လက်ခံတယ်။
 
မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးကလည်း ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အစိုးရဆိုတဲ့ လုပ်ဆောင်ချက်၊ဦးသိန်းစိန်ပြောတဲ့စကားဟာ ခေတ်ဟောင်းစနစ်ဟောင်းကို ဖက်တွယ်နေတဲ့သူကိုထားခဲ့မယ် ဆိုတဲ့စကားနဲ့ ဦးသိန်းစိန် ဖြတ်သန်းလာတဲ့ တစ်နှစ်ကျော်ကာလမှာဒီမိုကရေစီကိုထောက်ခံတာ တွေ့ရတယ်။ ဒုတိယသမ္မတကို ဦးမြင့်ဆွေကိုတင်လိုက်လို့ ဦးမြင့်ဆွေက တင်းမာတဲ့သူလား ပျော့ပြောင်းတဲ့သူလားတော့အန်ကယ်တို့ကမသိဘူး။ သမ္မတဦးသိန်းစိန်ရဲ့လုပ်ဆောင်ချက်တွေကိုနောက်တက်လာမယ့် ဒု သမ္မတက အကောင်အထည်ဖော်ပေးရမှာပဲ။ ဆန့်ကျင်လို့မရဘူး။
 
 
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချို
 
သူက အခုဒီနေရာကို ရတယ်ဆိုပေမယ့်လဲ သူတို့ အုပ်ချုပ်ရေး၊ဥပဒေပြုရေးဘက်ကကော တာဝန်ရှိတဲ့သူတွေက ပြောထားတဲ့     တိုင်းပြည်ကိုအတည်လင်းပြောထားတဲ့နေရာမှာ ပြုပြင်ပြောင်းလဲရေးကို ဘယ်တော့မှနောက် မဆုတ်ဘူး ဆိုတာ   ပြောထားတယ်။ နောက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးကိုမလိုက်ပါတဲ့ သူတွေကို ချန်ထားခဲ့မယ်လို့ပြောထား  တယ်။   နောက်ပြီးတော့ပြည်သူလူထု ဘ၀ ပြည်သူလူထု ဆန္ဒတွေကို ဦးစားပေးပြီးတော့ ဖော်ဆောင်ရမယ်။သူတို့အစိုးရက အ တတ်နိုင် ဆုံး ဆောင်ရွက် နေတယ်ပြောထားတယ်။ အဲတော့အုပ်ချုပ်ရေးဘက်မှာ လူအပြောင်းလဲတော့ရှိလိမ့်မယ်၊ ဒါပေမယ့်တိုင်းပြည်ရဲ့လိုအပ်ချက်တွေကတော့ အများကြီး ဖြည့်လို့ဆုံးမှာမဟုတ်ဘူး။
 
 
အဲတော့ ဒီနေရာမှာ ပြည်သူ လူထုရဲ့ဘ၀ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲရေးဖော်ဆောင် တဲ့အခါမှာ လူထုရဲ့လိုက်ပါခွင့်အဖွဲ့စည်းအသီးသီးရဲ့လိုက်ပါခွင့်ကို လွတ်လွတ်လပ်လပ်မပေးသေးဘူးဆိုရင်သူတို့ပြုပြင်ပြောင်း လဲရေး ဆိုတာကတော်တော်လေးကိုကြန့်ကြာနေမှာဖြစ်တယ်။
 
 
နောက်တစ်ချက်က သူဟာ ဒီပြုပြင် ပြောင်းလဲရေးကိုနှောင့်နှေးအောင်လုပ်မယ်ဆိုရင် ဘယ်သူဟာကြိုးစား ပမ်းစားဆောင် ရွက်နေလဲဆိုတာ လူထုကသိမှာပဲ။လူထုရဲ့ရိုတ်ခတ်မှုကသက်ရောက်မှာပဲ ဒီဆိုးကျိုးတွေကိုရှောင်နိုင်ဖို့ဆိုရင် အားလုံးက လူထုကို တည့်တည့် မျက်နှာမူပြီးတော့လူထုအကျိုးစီးပွားကို ဖော်ဆောင်မယ့် သူသာနေရာမှန်ကိုရမှာဖြစ်တယ်။ဆိုလိုတာ   ဒီမိုကရေစီကို တကယ်သက်ဝင်ယုံကြည်တယ်ဆိုရင် ဒီမိုကရေစီ အလေ့ထဒီမိုကရေစီကျင့်စဉ် ဒီမိုက ရေစီ ဟာလူထုကို ဘယ်လောက်အကာကွယ်ပေးလ၊ဲတာဝန်ခံမှုဘယ်လောက်ရှိလဲ ဆိုတာသိရမယ်။ အဲတာတွေမသိပဲနဲ့  ဒီမိုကရေစီ လမ်းကြောင်းပေါ်တက်လာတဲ့သူဟာ ဟန်ဆောင်တတ်တာပဲဖြစ်တယ်။
 
အခုဆိုရင် ဒီနိုင်ငံမှာပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ဒီမိုကရေစီဟာတော်တော်လေးကို မီဒီယာတွေက ကြိုးစားပမ်းစားနဲ့ လူထုကိုသိရှိနိုင်အောင်သူတို့တတ်စွမ်းသမျှ နေ့စဉ်နဲ့အမျှ ဒီသတင်းတွေကိုထုတ်ပြန်နေတယ။် လူထုကလဲဒါကို စိတ်ဝင်စားနေတဲ့အချိန်မှာ အဲတော့ သက်တမ်းတခုအတွင်းမှာသူဘယ်လောက်ကြိုးပမ်းမလဲ သူဘယ်လောက်ထိလူထုကို ဒုက္ခပေးမလဲဒါတွေအကုန်လုံးကနေ့စဉ်နဲ့အမျှ  သိနေမှာပဲ ဆိုတဲ့အခါကြတော့ ဒီနေရာမှာတာဝန်ယူထားတဲ့ လူတယောက်က သူတာဝန်ယူထားတဲ့ တာဝန်ခံထားတဲ့အပိုင်းကိုဘယ်ဘက်ကို ဦးစားပေးပြီး လုပ်မလဲဆိုတာ လူထုကဆုံးဖြတ်မှာပဲ။
 
အခုပြည်သူလူထုတင် မဟုတ်ဘူး အလုပ်သမား၊ လယ်သမားတွေရော၊ စာပေသမားလူတွေကရောသူတို့အခွင့်ရေးတွေ သူတို့နစ်နာဆုံးရှုံးမှုတွေ အကုန်ထုတ်ပြောဆိုနေတယ်။အဲတော့ သူတို့အခွင့်ရေးတွေဆက်ဆုံးရှုံးနေမယ် ဆိုရင်အသံတွေကကျယ်ကျယ်လောင်လောင်ထွက်နေမှာပဲ။
 
သတင်းစာဆရာ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ ဆရာမောင်ဝံသ
 
ဒုတိယသမ္မတတစ်ယောက်အပြောင်းလဲဖြစ်တာနဲ့သွားနေတဲ့လမ်းကြောင်းတွေရပ်တန့်သွားမှာတွေ ပိုပြီးတော့ အားကောင်း သွားမှာတွေဆိုတော့ ကျတော်အမြင်မှာအဲလောက်ထိပြောဖို့မျှော်လင့်ဖို့မရှိဘူးလို့ထင်တာပဲ ပုံစံချထားပြီး သားလေသွားနေတဲ့ လမ်းကြောင်းပုံစံကဒီလမ်းကြောင်းသွားမယ်ဆိုတာလုပ်ထားပြီးပြီဆိုတော့အဲဒီကွင်ထဲမှာသွားမယ်ဆိုရင် အနှောက်ယှက်ပေးနိုင်တဲ့ အလားလာမရှိဘူးနောက် အနှောက်ယှက်ပေးဖို့ အခြေနေမျိုးလဲမရှိဘူး လို့ထင်ပါတယ်  ။ရွှေရောင်တော်လှန်ရေးရော၈လေးလုံးအခြေနေရောက တစ်ဦးတယောက်ထဲကြောင့် မဟုတ်ဘူးအင်အားစုတခုလုံးနဲ့သက်ဆိုင်တယ်လို့ ကျတော်ထင်တယ်။
 
ပုဂ္ဂိုလ်တယောက်ကိုနာမည်တပ်ပြီးပြောလို့မရဘူးကျတော်သတင်းစာသမားတယောက်အနေနဲ့ပြောရရင် အဲဒီအချိန်တုန်းကအုပ်ချုပ်သူများရဲ့သဘောထားကို လက်တွေ့အကောင်ထည်ဖော်တဲ့သူကဖော်ကြတာပေါ့
 
အဲတာမျိုးကတော့အပိုင်းတစ်ပိုင်း အဲတော့ပြောချင်တာကတော့ အပြောင်းလဲလုပ်တယ်လူမပြောင်းဘူး ဒါပေမယ့် မူတွေပြောင်း တယ်အားလုံးပြောပြောနေကြတဲ့စကားပေါ့လူတွေကတော့ဒီလူတွေပဲ မူကပြောင်းတယ်ပြောင်းတဲ့မူအတိုင်းကိုထိ ထိရောက်ရောက်    စေတနာမှန်နဲ့အကောင်ထည်ဖော်သွားကြမယ်ဆိုရင်အပြောင်းလဲလမ်းကြောင်း ကမှန်ကန်မယ်လို့ထင်ပါတယ်။ပိုပြီးထိရောက်မယ်လို့ထင်ပါတယ်။
 
 
Francois- Xavier Bagnoud Myanmar (FXB) မှ ဆရာချစ်ကိုကို
 
 
ဒီနေ့စာစောင်ထဲမှာ တွေ့လိုက်ရတာ ဒီမိုကရေစီ လမ်းကြောင်းကလျော့ကျမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့   ပြုပြင်ပြောင်း လဲရေးဟာလေကြည့်ခြင်းအားဖြင့် ခေါင်းဆောင်ပိုင်းနှစ်ယောက်ရဲ့ ပုံစံဟာနှစ်ယောက်ကပြုံးပြုံးရွှင်ရွှင်မရှိဘူးရင်းရင်းနှီးနှီးမရှိတဲ့ပုံစံကိုတွေ့ရပါတယ်။
 
 
တောင်ဒဂုံတွင် နေထိုင်သူ ဦးကြည်လွင်
 
လုပ်ပိုင်ခွင့်က ပြည်သူတွေ ယုံကြည်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ ကမ္ဘာကလည်းတကယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ ယုံကြည်တဲ့ပုဂ္ဂိုလ် လက်ထဲမှာလုပ်ပိုင်ခွင့် တကယ်ရှိလာပြီဆိုရင် နေချင်းညချင်းပြောင်းလဲ လာနိုင်တယ်။အခုကတော့   မထင်ပါဘူး။သူရဲ့ လုပ်ဆောင်ချက် ပေါ်မှာမူတည်တယ်လေ။ သူတို့ရဲ့ အတ္တကြီးမားမူ၊တပ်မတော်ရဲ့ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာမျိုးဆိုရင်တော့ဘယ်လိုမှ အံ့ဝန်ခွင်ကျဖြစ်မလာနိုင်ပါဘူး။
 
 အဆိုပါ သဘောထားအမြင်ဖော်ပြသူများမှာ မြန်မာပြည်တပြည်လုံးရှိပြည်သူအားလုံးကို ကိုယ်စားမပြုကြောင်း နားလည်စေလိုပါသည်။
 

Ref: မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment