Pages

Friday, July 13, 2012

မော်လမြိုင်မြို့မှ အနှိပ်ခန်းများအား အရေးယူပေးပါရန် တိုင်ကြားသော်လည်း ဖမ်းဆီးအရေးယူ ဖယ်ရှားခြင်းမရှိသေး


မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းတွင် ဖွင့်လှစ်နေသော အနှိပ်ခန်းအားတိုင်ကြားသော်
လည်း ဖမ်းဆီးအရေးယူဖယ်ရှားခြင်းမရှိသေးပါ။


မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်း၊ အမှတ်(၄၇)တွင် တက်နေ၀န်း ထမင်းဆိုင် အမည်ခံဗန်းပြ၍ မ၀င်းဆိုသူမှ ဖွင့်လှစ်လုပ်ကိုင်နေသော ပါရာဒိုက်စ် အမည်ရှိ အနှိပ်ခန်းအား ရပ်ကွက်အတွင်း လမ်းအတွင်းရှိ ရိုးသားသောလူငယ်များအားပျက်စီးစေခြင်း၊ ရိုးသားသောသမီးပျိုလေးများ ဤလမ်းအတွင်းနေထိုင်ပါသည်ဟု ပြောမထွက်နိုင်လောက်အောင် အရှက်ရစေခြင်း၊ ညအချိန်မတော် လာရောက်ပျော်ပါးကြသူတို့၏ ဆိုင်ကယ်သံများကြောင့် လမ်းသူလမ်းသားများ အနှောင့်အယှက်ဖြစ်စေခြင်း များကြောင့် အောက်ဖေါ်ပြပါ လမ်းသူလမ်းသားများမှ စုပေါင်း၍ ၂၃-၅-၂၀၁၂ ရက်နေ့တွင်


၁။ မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့
၂။ မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့
၃။ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့
၎။ မြိုင်သာယာရပ်ကွက် ရဲတပ်ဖွဲ့စခန်း
များသို့ အရေးယူဖယ်ရှားပေးပါရန် တိုင်ကြားစာများ အကြောင်းကြားပေးပို့ တိုင်တန်းခဲ့ပါသည်။
စုပေါင်းတိုင်ကြားခဲ့သော လမ်းသူလမ်းသားများမှာ
၁။       ဦးဝဏ္ဏထွန်း              ၁၀/မလမ(နိုင်) ၀၁၄၁၉၅
အမှတ်(၃၉)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၂။       ဦးအောင်ခင်ဦး          ၁၀/မလမ(နိုင်) ၁၃၂၇၉၀
          အမှတ်(၄၃)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၃။       ဦးလှမောင်               ၁၀/မလမ(နိုင်) ၁၂၀၄၄၂
          အမှတ်(၁၀)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၎။       ဦးကျော်လင်း            ၁၀/ကဒန(နိုင်) ၀၀၃၉၀၀
          အမှတ်(၁၉)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၅။       ဦးထိုက်စိုးလတ်          ၁၀/မလမ(နိုင်) ၀၀၂၁၁၁
          အမှတ်(၂)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၆။       ဒေါ်နန်းထွန်းလွင်        ၁၀/ကမရ(နိုင်) ၀၇၄၆၆၃
          အမှတ်(၁၃)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၇။       ဒေါ်နန်းခင်အေး         ၁၀/ကမရ(နိုင်) ၀၅၁၅၅၈
          အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၈။       ဦးသောင်းဟန်           ၁၀/ရမန(နိုင်) ၀၆၂၈၅၁
          အမှတ်(၇)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၉။       ဦးခင်မောင်သက်        ၃/ကအန(နိုင်) ၀၂၅၅၀၈
          အမှတ်(၂၁)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
၁၀။     ဒေါ်ရီရီမြင့်                TKGN ၀၀၃၂၂၉
          အမှတ်(၅)၊ ရှင်စောပုလမ်း၊ မြိုင်သာယာရပ်ကွက်။
တို့ဖြစ်ကြပါသည်။

          ထိုကဲ့သို့ သက်ဆိုင်ရာသို့ အရေးယူဖယ်ရှားပေးပါရန် တိုင်ကြားစာများ အကြောင်းကြားပေးပို့ တိုင်တန်းခဲ့ခြင်းကြောင့် ၂၅-၅-၂၀၁၂ ရက်နေ့တွင် မြိုင်သာယာရပ်ကွက် ရဲတပ်ဖွဲ့စခန်းမှ လည်းကောင်း၊ ၂၇-၅-၂၀၁၂ ရက်နေ့တွင် မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့ မှလည်းကောင်း တိုင်ကြားခဲ့သူများထံသို့သာ လာရောက် စစ်ဆေးခဲ့ပါသည်။

          ထိုကဲ့သို့စစ်ဆေးခဲ့ရာတွင်လည်း တိုင်ကြားသူများ၏ ကိုယ်ရေးရာဇ၀င်၊ အနှိပ်ခန်းအား မည်သည့်အတွက်ကြောင့် တိုင်ကြားရပါသလဲ၊ စသည့်အချက်များကို စစ်ဆေးခဲ့ပါသည်။

          ထမင်းဆိုင်ဗန်းပြ၍ ဖွင့်လှစ်နေသော အနှိပ်ခန်းမှာ တိုင်ကြားသောနေ့ရက်(၂၃-၅-၂၀၁၂)ရက်နေ့ ညမှ၍ ခေတ္တပိတ်ထားခဲ့ပီး တိုင်ကြားသူများအား သက်ဆိုင်ရာမှ လာရောက်စစ်ဆေးခဲ့ပြီးနောက် ၁-၆-၂၀၁၂ ရက်နေ့မှစ၍ ယနေ့အထိ ဆိုင်းဘုတ်အားဖြုတ်ထားခဲ့ပြီး ဆက်လက်ဖွင့်လှစ်လုပ်
ကိုင်နေပါသည်။




          တိုင်ကြားခဲ့သောသူများကိုသာ လာရောက်အစစ်ဆေးခဲ့ခြင်းဖြစ်ပီး တရားမ၀င် ထမင်းဆိုင်ဗန်းပြ၍ ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းမှာ တစ်စုံတစ်ရာ စစ်ဆေးမေးမြန်း အရေးယူခဲ့ခြင်းများ မရှိခဲ့ပဲ ယနေ့ထက်တိုင်ဖွင့်လှစ်လုပ်ကိုင်နေပါသည်။

          အဆိုပါ မ၀င်းဆိုသူမှာ ရှင်စောပုလမ်းအတွင်းရှိ တက်နေ၀န်း ထမင်းဆိုင် အမည်ခံဗန်းပြ၍ ဖွင့်လှစ်လုပ်ကိုင်နေသော တရားမ၀င်အနှိပ်ခန်းအပါအ၀င် မြိုင်သာယာရပ်ကွက် အတွင်းတွင် တရားမ၀င်အနှိပ်ခန်း လေးခုအထိ ဖွင့်လှစ်လုပ်ကိုင်နေပါသည်။ ထို့အပြင် မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသတွင်လည်း တရားမ၀င်ပြည့်တန်ဆာခန်းများ ဖွင့်လှစ်လုပ်ကိုင်နေပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းတွင် ထိုကဲ့သို့တရားမ၀င် ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းများ တိုးတက်များပြားလျှက်ရှိပြီး ဆိုင်အရေအတွက် နှစ်ဆယ်ကျော် သုံးဆယ်နီးပါးခန့်မျှ ရှိနေပါသည်။ ထိုကဲ့သို့ ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဆိုင်လျှင် တလဆယ်သိန်းကျပ် ပမာဏခန့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးသို့ ပေးချေရကြောင်း ကြားသိရပါသည်။


          ထိုကဲ့သို့ မော်လမြိုင်မြို့တက္ကသိုလ် အနီးတွင် တည်ရှိပြီး၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ နေထိုင်ရာအဆောင်များ အများဆုံးတည်ရှိသော မြိုင်သာယာရပ်ကွက် အတွင်းတွင်ထိုကဲ့သို့ တရားမ၀င်အနှိပ်ခန်းများဖွင့်လှစ်နေခြင်းကြောင့် ငယ်ရွယ်နုနယ်သော ကျောင်းသား၊ ကျောင်းသူများကို လမ်းမှားသို့ရောက်ရှိစေနိုင်ပါသည်။
သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ အခကြေးငွေရယူပြီး တရားမ၀င်အနှိပ်ခန်းများ ဖွင့်လှစ်ခွင့်ပြုထားခြင်း၊ ရပ်ကွက်အတွင်းနေပြည်သူလူထုမှ ဖယ်ရှားပေးပါရန် သက်ဆိုင်ရာသို့ တိုင်ကြားစာများ အကြောင်းကြားပေးပို့တိုင်တန်း ပါသော်လည်း တိုင်ကြားသူများကိုသာ စစ်ဆေးမေးမြန်းခဲ့ပီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပါ။


          ထို့ကြောင့် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိတရားမ၀င်အနှိပ်ခန်းများ ပပျောက်စေရေးအတွက် နေပြည်တော်မှ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သလို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။




 
ရှင်စောပုလမ်းသူ လမ်းသားများ
 
Ref: Myanmar News Now:

0 comments:

Post a Comment