Pages

Tuesday, July 3, 2012

မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ တို့နှင့်ထိစပ်နေသော ရွှေတြိဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် များကိုလည်ပတ်ခွင့်ပြုမည်


ယူနန်ပြည်နယ်တောင်ပိုင်း ဆစ်ဆောင်ပန်းနားဒေသမြေပုံ

 မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ တို့နှင့်ထိစပ်နေပြီး မဲခေါင်မြစ်က တောင်ဘက် ရွှေတြိဂံဒေသ သို့စီးဆင်းသွားသောနေရာ၌ ကမ္ဘာလှည့်ခရီးသည် ဖွံ့ဖြိုးရေး လုပ်ငန်းကို တရုတ်နိုင်ငံက အကြီးအကျယ် ပြုလုပ်တော့ မည် ဖြစ်သည်။ ယခုနောက်ဆုံးပြုလုပ်လိုက်သော အစီအစဉ်အရ တောတောင်ထူထပ်သော အပူပိုင်းဒေသဖြစ်သည့် ဆစ်ဆောင်ပန်းနားသို့ ခရီးသွား ဧည့်သည် ၁၅.၅ သန်း လာရောက်လည်ပတ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်လာ

Photo: လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားများနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ရုံးရှေ့တွင် အမှတ်တရ ဓါတ်ပုံအရိုက်ခံကြသည်။
နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် အင်းစိန် အကျဉ်းထောင်မှ ယနေ့နံနက် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၇ဦးကို ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် တွေ့မြင်ရစဉ်

နံနက် ၁၀ နာရီခွဲ၊ ဇူလိုင် ၃၊ ၂၀၁၂၊ YPI

နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။

ရန်ကုန်နှင့် ဘီလူးချောင်း ဓာတ်အားပေးစက်ရုံ ပြုပြင်ရေး ဂျပန်ကူညီမည်




ရန်ကုန်၌ ဓာတ်အားပေး စက်ရုံ နှစ်ရုံအသစ်တည် ဆောက်ပေးရေးအပြင် ဘီလူး ချောင်းဓာတ်အားပေးစက်ရုံ နှစ် ရုံတို့အား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတို့ကို ဂျပန်အစိုး ရမှ ပြုလုပ်ပေးသွားမည်ဟု ကတိပြုပြောကြား
ထားကြောင်း သိရသည်။

ကမ္ဘာ့လူဦးရေ၏ (၂၂% ) ခံစားနေရသော သူဋ္ဌေးရောဂါ (သို့) ကင်ဆာ

ကင်ဆာရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားတတ်သောရောဂါဖြစ်ပြီး   ရောဂါဖြစ်ပွားပါက ငွေကုန် ကြေးကျများကာ   ရောဂါအနုအရင့်အလိုက် (၃)လမှ(၆)လအတွင်း သေဆုံးနိုင်ချေများကြောင်းကင်ဆာ ရောဂါအထူးကုဆရာဝန်ကြီးများက မှတ်ချက်ပြုခံထားရသော ရောဂါဖြစ်သည်။

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Rangon News Daily ကြေငြာချက် (၄.၇.၂၀၁၂)

သတင်းပို့စ်များကို ခိုင်လုံသောပြည်တွင်းပြည်ပသတင်းမီဒီယာများမှတဆင့် အချိန်နဲ့ တပြေးညီ 
တင်ပေးသွားမှာဖြစ်ပါတယ်။
မခိုင်လုံမတိကျသောသတင်းများကိုတင်ပေးမည်မဟုတ်ကြောင်းအသိပေးအပ်ပါတယ်။
သတင်းများကိုတိုက်ရိုက်ပေးပို့လိုပါက Rangon News Daily သို့အီးမေလ်းဖြင့်တိုက်ရိုက်ပေးပို့
နိုင်ပါတယ်။
ပေးပို့ရမယ့်လိပ်စာကတော့ ( siralexfurguson@gmail.com)သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်။
 Rangon News Daily မိသားစု
Contact: (siralexfurguson@gmail.com)
Website (rangonnewsdaily.blogspot.com)
ပညာရှင်မဟုတ်ပါ  ပြည်သူကိုအကျိုးပြုရင်း လေ့လာနေဆဲ ပါ။အမှားအယွင်းများပါရင်ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်။
မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာစေချင်တဲ့ စိတ်အလျှင်းမရှိပါ။

အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် မတက်ခင် ကော့မှုး မြို့နယ်သို့ သွားရောက် မည်


အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် မတက်ခင် ၎င်း၏ မဲဆနနယ် ကော့မှုး မြို့နယ်သို့ သွားရောက် မည်ဟု ပြောကြားခဲ့ကြောင်း သိရ သည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်


ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ လွတ်မြောက်လာသည့် ကလေးသူငယ်များကို လာရောက်အားပေးတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေရှ် အကျဉ်းသား ၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး



ဇူလိုင်လ ၃ ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်နှင်ဒဏ် ပေးခဲ့သော နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသား များဖြစ်ကြောင်း သိရှိရသည်။

" နိုင်ငံခြားသား အကျဉ်းသားတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို  လိုက်နာခဲ့တဲ့အတွက် အခုလိုလွှတ်ပေး ရခြင်း ဖြစ်ပါတယ် ၊ လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား အကျဉ်းသားအားလုံးက ဘင်္ဂလားဒေရှ့်နိုင်ငံ ကဖြစ်ပါတယ် " ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပုဂ္ဂိုလ်ရေးမေးခွန်းများ မမေးရန် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများသို့ပြောဆို



အယ်န်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်ရေးမေးခွန်းများ ကိုမေးမြန်းခြင်း မပြုကြရန် မီဒီယာများ သို့ပြောကြားလိုက်သည်။

ယနေ့ ဇူလိုင်လ(၃)ရက်နေ့မှစ၍ နိုင်ငံတော်မှ နိုင်ငံသားအကျဉ်းသား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦး အား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းသတင်းရရှိ





နိုင်ငံတော်မှ နိုင်ငံသားအကျဉ်းသား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦး အား ဇူလိုင်လ(၃)ရက်နေ့မှစ၍ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

“မိုးပြိုရင် ဘယ်ခေါင်းမှ မလွတ်ဘူး”ဆိုတဲ့ စာအုပ် ဖြန့်ချီရန် ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ ပါရမီဖြည့်ဖက်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဋ္ဌာနမှူး ပါမောက္ခဒေါက်တာစိန်စိန်သိန်းနဲ့ တွေ့ဆုံမေးမြန်းချက်


ကျွန်မတို့ငြိမ်းချမ်းစွာ အိပ်စက်ပြီး ငြိမ်းချမ်းစွာ နိုးထနိုင်မယ့် ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့ကလက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့လို့ ငြိမ်းချမ်းရေးနိုဗယ်ဆုယူစဉ်တွင် ဒေါက်တာဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ပါတယ်။ ဒီစကားအတွက်နိုင်ငံရေးသမားတစ်ဦးရဲ့ ပါရမီဖြည့်ဖက်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဋ္ဌာနမှူး ပါမောက္ခဒေါက်တာစိန်စိန်သိန်းအား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။