Pages

Tuesday, July 3, 2012

အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် မတက်ခင် ကော့မှုး မြို့နယ်သို့ သွားရောက် မည်


အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် မတက်ခင် ၎င်း၏ မဲဆနနယ် ကော့မှုး မြို့နယ်သို့ သွားရောက် မည်ဟု ပြောကြားခဲ့ကြောင်း သိရ သည်။


ရန်ကုန်တွင်သာ လွှတ်တော် ထားနိုင်ပါက အားလုံးအတွက်အဆင်ပြေ နိုင်ကြောင်း၊ ရန်ကုန်ရှိသတင်း ထောက်များလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဥရောပခရီးစဉ်မှပြန်လာ အပြီး လုပ်စရာ လုပ်ငန်းများ ကိုရန်ကုန် တွင်အပြီးသတ် လုပ်ရဦးမည်ဖြစ်သည့် အတွက်လွှတ်တော်တက်ရေး အတွက် ခွင့် ယူထားရခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က ဇူလိုင်၃ရက်နေ့ သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 

ဇူလိုင်၎ရက်နေ့တွင်စတင် မည့်လွှတ်တော်သို့ မတက်ရောက်နိုင်သေး သည်မှာကျန်းမာရေး
 ကြောင့်မဟုတ်ဘဲ ဥရောပခရီးစဉ်မှပြန်လာပြီးနောက် ရန်ကုန်တွင်အပြီးသတ်လုပ်ရမည့် အလုပ် များရှိ နေသည့် အတွက်ဲနေပြည်တော်သို့ အချိန်မီ လွှတ်တော်အစည်းအဝေးမတက် ရောက် နိုင်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

''အခုလိုသတင်းစာရှင်းလင်းပွဲ လုပ်ရမယ်၊နောက်ကျွန်မတွေ့ ရမယ့်ပုဂ္ဂိုလ် တွေရှိတယ်၊ နောက်ကျွန်မတို့ စီအီးစီ အစည်း အဝေးလည်းလုပ်စရာရှိပါတယ်၊ နောက် နေပြည်တော်မတက်ခင် ကျွန်မမြို့နယ် ကို တစ်ခေါက်လောက်တော့ သွားချင်ပါတယ်။ တစ်လလောက်လည်းကြာပြီဆိုတော့ ကိုယ့်မြို့နယ်ကို လည်း ထိတွေ့မှုရှိဖို့လိုတဲ့ အတွက်ကြောင့်ပါ''ဟုရှင်းလင်းပြော ကြားသည်။

ကော့မှုးမြို့နယ်သို့ ယခု သတင်းပတ်အတွင်း သွားရောက်မည်ဖြစ် ကြောင်းသိရသည်။ဧပြီ၁ရက်နေ့ ကော့မှုး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီးနောက်ယခုသွား ရောက်မည့် အကြိမ်မှာ ဒုတိယ မြောက်ဖြစ် ကြောင်းသိရသည်။
Ref: Yangon Media Group:
သတင်းပို့စ်များ ကို ခိုင်လုံးသော ပြည်တွင်းပြည်ပသတင်းမီဒီယာများမှတဆင့် အချိန်နဲ့တပြေ ညီတင်ပေးသွားမှာဖြစ်ပါတယ်။ မခိုင်လုံ မတိကျသောသတင်းများကိုတင်ပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။
 

0 comments:

Post a Comment