Pages

Monday, August 19, 2013

နေအိမ်တွင် ကလေးငယ်(၂)ဦးတည်း ထားခဲ့ရာမှ (၈) လသားအရွယ် ကလေး ဗွက်အိုင်အတွင်း၌ သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉

၁၉.၈.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ မင်းရွာဆိပ်ကြီးကျေးရွာတွင် ကလေးတစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မောင်ကျန်ကျောင်း၊(၈)လသား၊ (ဘ)ဦးမြင့်ကျော် ဖြစ်ပြီး၊ ၎င်းအား မိဘများအပြင်သွားနေချိန် နေအိမ်၌အစ်ကိုဖြစ်သူ

ကွန်ဂိုရှိ ကလေးစစ်သား ၈၀ ကျော်ကို ကုလတပ်ဖွဲ့ ကယ်ဆယ်

Photo: ကွန်ဂိုရှိ ကလေးစစ်သား ၈၀ ကျော်ကို ကုလတပ်ဖွဲ့ ကယ်ဆယ်
Monday, August 19, 2013

အာဖရိကတိုက်ရှိ ကွန်ဂို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အုပ်စုများထံမှ ကလေးစစ်သား အယောက် ၈၂ ဦး ခန့်ကို ပြန်လည် ကယ်တင်လိုက် နိုင် သည်ဟု အဆိုပါနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ 

ကုလ အထူးတပ်ဖွဲ့ဝင်များသည် ကွန်ဂိုနိုင်ငံ အရှေ့တောင်ပိုင်း ကန်တာဂါပြည်နယ်ရှိ မာယီဘာကာ တာကန်တာဂါ အမည်ရ လက်နက်ကိုင် တပ်ဖွဲ့တွင် စစ်မှုထမ်းနေသည့် ကလေးငယ် ၈၂ ဦး (မိန်းကလေးငယ် ၁၃ ဦး အပါအဝင်) ကို ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့် သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။ 

ပြန်လည် ကယ်တင်ပေးလိုက်နိုင်သည့် ကလေး စစ်သားများတွင် အသက် အငယ်ဆုံး ရှစ်နှစ် အရွယ်မှ အကြီးဆုံး ၁၇ နှစ်အရွယ်အထိ ပါဝင်ပြီး ၎င်းတို့သည် စစ်သားအဖြစ် လွန်ခဲ့သည့် ခြောက်လခန့်က ခေါ်ယူ စုဆောင်းခံ ခဲ့ရခြင်း ဖြစ်သည်။ 

“မာယီကာတာ ကန်တာဂါ လက်နက်ကိုင် တပ်ဖွဲ့နှင့် ကွန်ဂိုရှိ အခြား တပ်ဖွဲ့ များက ထိုသို့ ကလေး စစ်သားများ ဆက်လက် စုဆောင်းနေသည်ဟူသော သတင်းပေးပို့ချက်များ ထွက်ရှိနေမှုအပေါ် ကျွန်ုပ်တို့က အထူးပင် စိုးရိမ် ပူပန်မိသည်” ဟု ကုလ အထူးတပ်ဖွဲ့၏ အကြီးအကဲ မာတင်ကော် ဘလာက ကြေညာချက်တွင် ထုတ်ဖော် ရေးသားသည်။

“ကလေးတွေကို စစ်ဘက် နယ်ပယ်မှာ အသုံးပြုဖို့ စုဆောင်းနေတယ် ဆိုတာဟာ သူတို့အတွက် ဘယ်လိုမှ လက်သင့်ခံလို့ မရတဲ့ အန္တရာယ်ကြီး တစ်ခုပါပဲ။ ကလေးစစ်သား စုဆောင်းတာ၊ အထူးသဖြင့် အသက် ၁၅ နှစ်အောက် အရွယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ စစ်ရာဇဝတ်မှု တစ်ခုပါ၊ အဲဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့ သူတွေကို မဖြစ်မနေ အရေးယူရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။ 

ထိုသို့ ကွန်ဂိုရှိ ကလေး စစ်သားများကို ဖော်ထုတ် ကယ်တင်နိုင်ခဲ့ခြင်းမှာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီများ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အထူးတပ်ဖွဲ့က ဆိုသည်။ 

မှတ်တမ်းများအရ ယခု ၂၀၁၃ခုနှစ် စတင်သည့် အချိန်မှစ၍ ကွန်ဂိုရှိ လက်နက်ကိုင် တပ်ဖွဲ့များထံမှ မိန်းကလေး ၂၂ ဦး အပါအဝင် ကလေး စစ်သား ၁၆၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ 

ကုလသမဂ္ဂ အဆိုအရ ကွန်ဂိုတွင် ပြည်တွင်း စစ်ပွဲများကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းမှာ ပြည်တွင်း၌ ရွှေ့ပြောင်း နေထိုင်လျက်ရှိပြီး ၆ ဒသမ ၄ သန်းမှာ အစားအစာနှင့် အရေးပေါ် အကူအညီ များ လိုအပ်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: Aug 19, 2013

အာဖရိကတိုက်ရှိ ကွန်ဂို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အုပ်စုများထံမှ ကလေးစစ်သား အယောက် ၈၂ ဦး ခန့်ကို ပြန်လည် ကယ်တင်လိုက် နိုင် သည်ဟု အဆိုပါနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

ပြည့်တန်ဆာအမျိုးသမီးနှင့်အတူပါအမျိုးသားတို့မှပူးပေါင်း၍ လုယက်မှုကျူးလွန်

Photo: ပြည့်တန်ဆာအမျိုးသမီးနှင့်အတူပါအမျိုးသားတို့မှပူးပေါင်း၍ လုယက်မှုကျူးလွန်
Monday, August 19, 2013

၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်တော်ဝင်ဘီယာဆိုင်၌ ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်
ပြည့်တန်ဆာမိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ အသက်(၂၀)ကျော်ခန့်ရှိ
အမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့် တည်းခိုခန်း
အားလိုက်လံရှာဖွေခဲ့ပါသည်။

ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းကလေးသည် ယာဉ်ပေါ်မှဆင်းကာ
လမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်
အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။

အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီး
ဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက် တို့တွင်ပွန်းပဲ့ဒဏ်ရာ
များရရှိခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်(ပ)၄၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့်
အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူး
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ)ကုလားလေး၊
ကျော်မင်းသန့်(ခ)ရဲမင်းသူ နှင့် မသင်းသင်းအေး(ခ)တောသူမတို့ (၃)ဦးမှပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

RangonNewsDaily:: Aug 19, 2013

၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်
တော်ဝင်ဘီယာဆိုင်၌ ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်ပြည့်တန်ဆာ
မိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ

ကစားကွက်နှင့် အံမဝင်၍ ယူ-၂၃ အသင်း ကစားသမား နှစ်ဦးကို ထုတ်ပယ်

RangonNewsDaily:: Aug 19, 2013

ကိုရီးယားလူမျိုး မြန်မာ လက်ရွေးစင် ယူ-၂၃ နည်းပြ ပတ်ဆောင်ဟွာက ပဏာမ ရွေးချယ်ထားသော ကစားသမား ၃၀ ဦးတွင် ကစားကွက်နှင့် အံဝင်မှု မရှိသော ကစားသမား နှစ်ဦးကို ထုတ်ပယ်၍ မိခင် ကလပ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နောက်ထွက်မည့် iPhone နှစ်မျိုး iPhone 5S နှင့် iPhone 5C ဖြစ်မည်ဟုဆို

RangonNewsDaily:: Aug 19, 2013

စက်တင်ဘာ ၁၀ ရက်နေ့တွင် ထွက်မည်ဟု သတင်း ပြေးနေသည့် Apple ကုမ္ပဏီထုတ် iPhone နှစ်မျိုးကို iPhone 5S နှင့် iPhone 5S ဟု အမည်ပေး ထားကြောင်း၊ 5C သည် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်ပြီး Apple ၏ ဗျူဟာကို ပြောင်းလဲနိုင်မည့် ဖုန်းဖြစ်ကြောင်း Yahoo New သတင်းစာ မျက်နှာတွင် ရေးသားထား

သည်။

ကြယ်ကြွေပြီ (သို့) မြန်မာ့စာပေလောကအတွက်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့ သြဂုတ်လ

Photo: ယနေ့ မွန်းလွဲ (၁း၁၅)နာရီတွင် ဆရာ ဒဂုန်တာရာသည် ကွယ်လွန်သွားသည်ဟု သိရသဖြင့် မြန်မာ့ခေတ် မိသားစုမှ
မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း
Monday, August 19, 2013

ဆရာဒဂုန်တာရာ ကိုယ်ရေးအကျဉ်း-

မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း ဦးဌေးမြိုင်
မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား

ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။

ကိုယ်ရေး ဖြစ်စဉ်။

ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သူဖြစ်သည်။

မြန်မာ့ခေတ်


RangonNewsDaily:: Aug 19, 2013
ယနေ့ မွန်းလွဲ (၁း၁၅)နာရီတွင် ဆရာ ဒဂုန်တာရာသည်ကွယ်လွန်သွားသည်ဟုသိရသဖြင့်Rangonnewsdaily 
မိသားစုမှ ဆရာ့မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း အကြောင်းကြားအပ်ပါသည်။

ပုသိမ်-မုံရွာလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ၁၈ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 19, 2013

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် တိုးရတနာ ခရီးသည်တင်ယာဉ်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ကားဘီးချော်၍ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅၀ ဦးအနက် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

နာမည်ကျော် တေးသံရှင်ဆယ့်နှစ်ဦးဖြင့် SEA Games လှုံ့ဆော်ရေး သီချင်းရိုက်ကူးမည်

RangonNewsDaily:: Aug 19, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ လှုံ့ဆော်ရေးသီချင်း တစ်ပုဒ်ဖြစ်သော ‘အရှေ့တောင်အာရှ သူရဲကောင်းများ’ သီချင်းကို နာမည်ကျော် တေးသံရှင် ဆယ့်နှစ်ဦးဖြင့် ဒါရိုက်တာအောင်မြတ်က ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းသီချင်း ရိုက်ကူးရေးကို တာဝန်ယူ စီစဉ်ပေးသည့် ADMA MEDIA မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝေမင်းမောင်က The Voice သို့ ပြောကြားသည်။

“နိုင်ငံတကာဗုံပွဲတော်” တွင် မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်းအဖွဲ့ ပါဝင်ဖျော်ဖြေမည်

RangonNewsDaily:: Aug 19, 2013

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် “နိုင်ငံတကာဗုံပွဲတော်” ၌ မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်းအဖွဲ့ ပါဝင်တီးခတ် မည်ဖြစ်ကြောင်း မြန်မာပြည်ကျောက်စိမ်းမှ မဇ္ဈိမသို့ ပြောကြားလိုက်သည်။ အဆိုပါ ပွဲတော်အား စက်တင်ဘာ ၈ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဗုံနှင့်ပတ်သက်သည့် အနုပညာရှင်များ တက်ရောက်ကြမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်

Photo: နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်
Monday, August 19, 2013

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေကျောင်း တိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက် ရှိနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ကနေ စတင်လမ်းလျှောက်ကြွနေတာဖြစ်ပြီး လမ်းတစ်လျှောက် ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခ၀ံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့ အကူအညီတွေရှိရင်ပြောပါလို့ လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင် လူတွေနည်းနည်းလိုက်ပေးတာတွေ၊ နောက်နိုင် ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေလာတယ်၊ ဦးဇင်းကို အားပေးတယ်"

ဆရာတော်ဦးရက္ခ၀ံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ပြီး ညဘက်တွေမှာတော့ ရောက်ရှိတဲ့နယ်ဒေသတွေက ဘုန်းကြီးကျောင်းတွေ မှာ သီတင်းသုံးတယ်လို့ သိရပါတယ်။ လမ်းလျှောက်ခရီးထွက်လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကိုရောက် ရှိဖို့ ၁၅ ရက်နီးပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာတစ်ပါးတည်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

RFA

RangonNewsDaily:: Aug 19, 2013

အကျဉ်းထောင်တွေထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြောက်
ဒဂုံမြို့နယ်၊သီရိအောင်မြေကျောင်းတိုက်ဆရာတော်ဦးရက္ခဝံသဟာရန်ကုန်ကနေမန္တလေးအထိလမ်းလျှောက်
နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက် ရှိနေပြီလို့ ပြောပါတယ်။

ဆရာကြီးဒဂုန်တာရာရဲ့ ဈာပန ဟာ နိုင်ငံတော်အဆင့် ဈာပနမျိုး ဖြစ်သင့်

ဆရာကြီးဒဂုန်တာရာရဲ့ ဈာပန ဟာ နိုင်ငံတော်အဆင့် ဈာပနမျိုး ဖြစ်သင့်ပါတယ် ....

ဒဂုန်တာရာဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ မြန်မာစာပေလောကကို ကိုယ်စားပြုပြီး နိုင်ငံတကာအဆင့် စာပေညီလာခံတွေ၊ တွေ့ဆုံပွဲတွေကို တက်ရောက်ခဲ့သူပါ ...
သူကိုယ်တိုင်လည်း ကဗျာခေတ် တစ်ခေတ်ကို ထူထောင်ခဲ့သူ ဖြစ်ပါတယ် ....
ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်လို့ နိုင်ငံရေး အကျဉ်းသားအဖြစ် အကျဉ်းကျ ခံရဖူးသူလည်း ဖြစ်ပါတယ် ....

အဲလို ပုဂ္ဂိုလ်မျိုးရဲ့ ဈာပနကို သူ့မိသားစုက ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ သူတို့ တတ်နိုင်တဲ့ စွမ်းအားနဲ့ ကျင်းပမယ်ဆိုတာ ...
မြန်မာစာပေကို ချစ်မြတ်နိုးသူတွေ ရှက်တတ်မယ်ဆိုရင် ခေါင်းတောင် မဖော်ဝံ့စရာပါ ...
လက်ရှိ စာပေလောက က အင်အားစုတွေ၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးနယ်ပယ်က အင်အားစုတွေ၊ ဆရာ့ကို ချစ်မြတ်နိုးသူတွေ စုစည်းပြီး
ဆရာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ခမ်းနားတဲ့ ဈာပနတစ်ခုအဖြစ် ကျင်းပပြီး နိုင်ငံတော်ရဲ့ ထင်ရှားတဲ့ တစ်နေရာမှာ ဂူဗိမာန်နဲ့ သင်္ဂြိုလ်သင့်ပါတယ် ....

မြန်မာစာပေ၊ မြန်မာကဗျာပေါ်မှာ တကယ်ပဲ ချစ်တယ် ဆိုရင်ပေါ့ ....

တင်ပြသူ - Aung Khin Myint 

"တိုင်းပြည်ရဲ့ရတနာတစ်ပါး
ရှမ်းပြည်မှာလာနားတယ်
ရှမ်းပြည်နယ်အစိုးရ ဘယ်လိုတန်ဖိုးထားမလဲ
မဆိုင်သလိုနေမှာလား"

(လှယဉ်ဝိုင်း)

____________________________________

Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

RangonNewsDaily:: Aug 19, 2013
ဆရာကြီးဒဂုန်တာရာရဲ့ ဈာပန ဟာ နိုင်ငံတော်အဆင့် ဈာပနမျိုး ဖြစ်သင့်ပါတယ် ....

စာရေးဆရာကြီး ဒဂုန်တာရာ (၉၅ နှစ်) ကွယ်လွန်ပြီ

RangonNewsDaily:: Aug 19, 2013
နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ(အသက် ၉၅ နှစ်)ဟာ ရှမ်းပြည်တောင်ပိုင်း အောင်
ပန်းမြို့နေအိမ်မှာ ဒီကနေ့မွန်းလွဲ ၁ နာရီကျော်ကျော်အချိန်က ကွယ်လွန်သွားခဲ့ပါတယ်။

ဇွန်လအတွင်းက ပျောက်ဆုံးသွားသောယာဉ်အား တိုက်ကြီးမြို့နယ် ဖူးကြီးလမ်း၌ ပြန်လည်တွေ့ရှိ

ဇွန်လအတွင်းက ပျောက်ဆုံးသွားသောယာဉ်အား တိုက်ကြီးမြို့နယ် ဖူးကြီးလမ်း၌ ပြန်လည်တွေ့ရှိ

ရန်ကုန်၊ သြဂုတ် ၁၉

သစ်ထုတ်လုပ်ရေး(မြန်မာ့သစ်လုပ်ငန်း)၊ လက်ထောက်မန်နေဂျာ ဦညီညီထွေးသည် သစ်ထုတ်လုပ်ရေးဌာနပိုင် မော်တော်ယာဉ် ၁ခ/---- ၊ ကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ ၈.၆.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ၊
အ.ထ.က (၄)ကျောင်းရှေ့တွင် ရပ်တန့်ထားခဲ့စဉ် ၂၂၁၅ အချိန်ခန့်တွင်
ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၁၆/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့်အမှုဖွင့်စုံစမ်းရှာဖွေခဲ့ပါသည်။

အမှုမှပျောက်ဆုံးယာဉ်အား စုံစမ်းရှာဖွေနေစဉ် ၁၇.၈.၂၀၁၃ ရက်နေ့
၀၆၃၀ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အလွန် ဖေါင်ကြီး-
ပဲခူးလမ်းမှဖူးကြီးသို့သွားသည့်လမ်းတွင် ရှေ့နောက်နံပါတ်ပြားမပါရှိဘဲ ရပ်ထားသည်ကိုပြန်လည်တွေ့ရှိခဲ့ပါသည်။

အဆိုပါ ယာဉ်ခိုးယူခံရမှုမှ တရားခံအားစုံစမ်းဖော်ထုတ်ရမိရေး ဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

RangonNewsDaily:: Aug 19, 2013
သစ်ထုတ်လုပ်ရေး(မြန်မာ့သစ်လုပ်င
န်း)၊ လက်ထောက်မန်နေဂျာ ဦညီညီထွေးသည် သစ်ထုတ်လုပ်ရေးဌာ
နပိုင် မော်တော်ယာဉ် ၁ခ/---- ၊ ကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ ၈.၆.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ၊အ.ထ.က (၄)ကျောင်းရှေ့တွင်ရပ်တန့်ထား
ခဲ့စဉ်

မုံရွာမြို့တွင် အိမ်ထောင်ရေးပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာမှ လူသတ်မှုဖြစ်ပွား

မုံရွာမြို့တွင် အိမ်ထောင်ရေးပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာမှ လူသတ်မှုဖြစ်ပွား
========================================
သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
မုံရွာ၊ သြဂုတ် ၁၉ ရက်နေ့ ၁၂ နာရီ ၁၅ မိနစ်

မုံရွာမြို့၊ ဇလုပ်ကျေးရွာအုပ်စု ၊ ကံပြားလေးရွာ သုဿန်ဟောင်း၏ မြောက်ဘက်အနီးရှိ ရေကန်ဟောင်းကြီး(ရေမရှိ) အတွင်း၌ ယခုလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။
အဆိုပါ သတင်းအချက်အလက်များအား အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အိမ်ထောင်ရေး ပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာက အခုလို လူသတ်မှုဖြစ်ပွားခဲ့ရတာပါ..” ဟု ရဲအရာရှိတစ်ဦးမှ တုန့်ပြန် ပြောကြားသည်။
အိမ်ထောင်ရေးပြဿနာကိစ္စရပ်များဖြစ်သည့်အတွက် အမည်၊အသက်၊ နေရပ်၊ အလုပ်အကိုင် စသည်တို့ကို စုံလင်စွာ သိရှိထားသော်လည်း သတင်းစာကျင့်ဝတ်သိက္ခာများအရ ဖော်ပြရေးသားခြင်းမပြုလုပ်ရန် ဆုံးဖြတ်ထားပါသည်။
သို့သော် ဓားဒဏ်ရာများဖြင့် သေဆုံးနေသူမှာ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်နေ မောင်ကျော်စွာဝင်း အသက် ၂၇ နှစ် ဆိုသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ လူထုအား သတင်းအမှန်ပေးရန် သတင်းစာဆရာတို့တွင် တာဝန် အပြည့်အ၀ရှိသော်လည်း ဒေသဂုဏ်သိက္ခာ၊ လူမှုဂုဏ်သိက္ခာများကိုထောက်ရှု့၍ ဤမျှလောက်ပင် ရေးသားတင်ပြလိုက်ရ ခြင်းဖြစ်ပါသည်။

ကိုတိုး(ချင်းတွင်း)

အေးချမ်းမွန် Credit To >ကိုတိုး(ချင်းတွင်း)-< Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 19, 2013

မုံရွာမြို့၊ ဇလုပ်ကျေးရွာအုပ်စု ၊ ကံပြားလေးရွာ သုဿန်ဟောင်း၏ မြောက်ဘက်အနီးရှိ ရေကန်ဟောင်းကြီး
(ရေမရှိ)အတွင်း၌ယခုလ ၁၉ ရက်နေ့မွန်းတည့်၁၂ နာရီအချိန်ခန့်ကလူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေ
သခံပြည်သူများ၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

ရွှေတိဂုံဘုရားပေါ်တွင် ပျောက်သွားသည့် ငါးကျပ်သားရွှေခွက်ကို အဘိုးအိုတစ်ဦးထံတွင် ပြန်တွေ့

RangonNewsDaily:: Aug 19, 2013

ရွှေတိဂုံစေတီပေါ်တွင် ပျောက်ဆုံးသွားသည့် ဘုရားဖူးတစ်ဦး၏ အလေးချိန် ငါးကျပ်သားခန့်ရှိသော ရွှေခွက်တစ်ခု ကို နေ့တွင်းချင်းပင် အဘိုးအိုတစ်ဦးထံမှ ဘုရားလုံခြုံရေးအဖွဲ့က ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား

RangonNewsDaily:: Aug 19, 2013

သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။