Pages

Monday, August 19, 2013

နောက်ထွက်မည့် iPhone နှစ်မျိုး iPhone 5S နှင့် iPhone 5C ဖြစ်မည်ဟုဆို

RangonNewsDaily:: Aug 19, 2013

စက်တင်ဘာ ၁၀ ရက်နေ့တွင် ထွက်မည်ဟု သတင်း ပြေးနေသည့် Apple ကုမ္ပဏီထုတ် iPhone နှစ်မျိုးကို iPhone 5S နှင့် iPhone 5S ဟု အမည်ပေး ထားကြောင်း၊ 5C သည် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်ပြီး Apple ၏ ဗျူဟာကို ပြောင်းလဲနိုင်မည့် ဖုန်းဖြစ်ကြောင်း Yahoo New သတင်းစာ မျက်နှာတွင် ရေးသားထား

သည်။
iPhone 5S သည် ယခင် iPhone 5 နှင့် အလားသဏ္ဌာန် အတူတူဖြစ်ပြီးပရိုဆက်ဆာမှာပိုပြီး မြန်ဆန်လာကာ
၊ ကင်မရာလည်း ပိုမို ကောင်းမွန် လာနိုင်ပြီး 12-megapixel ရှိနိုင်ကြောင်း လက်ဗွေဖြင့် ဖွင့်ရန် စီစဉ်ထားပြီး laptop တွင် မတွေ့ဖူးသေးသော အတွေ့အကြုံများကို ရရှိနိုင်ရန် ထည့်သွင်းပေးထားကြောင်း ယင်းသတင်း
က ဆိုသည်။

မကြာမီထုတ်မည့် iPhone နှင့် ဈေးကွက်တွင်ယှဉ်ရမည်မှာSamsung သာ ဖြစ်ကြောင်းလူတိုင်း iOS သို့မဟုတ်

 Android တစ်ခုခုကို စိတ်ကြိုက် ရွေးချယ်ကြရန်သာ ဖြစ်ကြောင်း သို့သော် Apple က မကြာမီ ထုတ်မည့် iOS 7 ကလည်း Apple ကုမ္ပဏီအတွက် သေရေး ရှင်ရေး ဖြစ်ကြောင်းလည်း Yahoo သတင်းတွင် ရေးသားထား
သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 19.8.2013

0 comments:

Post a Comment