Pages

Monday, August 19, 2013

တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား

RangonNewsDaily:: Aug 19, 2013

သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ ဆိုင်ဝန်ထမ်းတစ်ဦးမှ (၂၁)လက်မ Samsung TV ဖွင့်ထားစဉ် မေ့လျောနေခဲ့သောကြောင့် တီဗွီမှတဆင့် အပူလွန်ကဲ၍ ပေါက်ကွဲကာ စားသောက်ဆိုင်အတွင်းရှိ ဆိုဖာများပေါ်သို့ ကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

မြစ်မခမီဒီယာ , RangonNewsDaily
kolatt (Pabedan): 19.8.2013

0 comments:

Post a Comment