Pages

Monday, August 19, 2013

ကွန်ဂိုရှိ ကလေးစစ်သား ၈၀ ကျော်ကို ကုလတပ်ဖွဲ့ ကယ်ဆယ်

Photo: ကွန်ဂိုရှိ ကလေးစစ်သား ၈၀ ကျော်ကို ကုလတပ်ဖွဲ့ ကယ်ဆယ်
Monday, August 19, 2013

အာဖရိကတိုက်ရှိ ကွန်ဂို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အုပ်စုများထံမှ ကလေးစစ်သား အယောက် ၈၂ ဦး ခန့်ကို ပြန်လည် ကယ်တင်လိုက် နိုင် သည်ဟု အဆိုပါနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ 

ကုလ အထူးတပ်ဖွဲ့ဝင်များသည် ကွန်ဂိုနိုင်ငံ အရှေ့တောင်ပိုင်း ကန်တာဂါပြည်နယ်ရှိ မာယီဘာကာ တာကန်တာဂါ အမည်ရ လက်နက်ကိုင် တပ်ဖွဲ့တွင် စစ်မှုထမ်းနေသည့် ကလေးငယ် ၈၂ ဦး (မိန်းကလေးငယ် ၁၃ ဦး အပါအဝင်) ကို ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့် သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။ 

ပြန်လည် ကယ်တင်ပေးလိုက်နိုင်သည့် ကလေး စစ်သားများတွင် အသက် အငယ်ဆုံး ရှစ်နှစ် အရွယ်မှ အကြီးဆုံး ၁၇ နှစ်အရွယ်အထိ ပါဝင်ပြီး ၎င်းတို့သည် စစ်သားအဖြစ် လွန်ခဲ့သည့် ခြောက်လခန့်က ခေါ်ယူ စုဆောင်းခံ ခဲ့ရခြင်း ဖြစ်သည်။ 

“မာယီကာတာ ကန်တာဂါ လက်နက်ကိုင် တပ်ဖွဲ့နှင့် ကွန်ဂိုရှိ အခြား တပ်ဖွဲ့ များက ထိုသို့ ကလေး စစ်သားများ ဆက်လက် စုဆောင်းနေသည်ဟူသော သတင်းပေးပို့ချက်များ ထွက်ရှိနေမှုအပေါ် ကျွန်ုပ်တို့က အထူးပင် စိုးရိမ် ပူပန်မိသည်” ဟု ကုလ အထူးတပ်ဖွဲ့၏ အကြီးအကဲ မာတင်ကော် ဘလာက ကြေညာချက်တွင် ထုတ်ဖော် ရေးသားသည်။

“ကလေးတွေကို စစ်ဘက် နယ်ပယ်မှာ အသုံးပြုဖို့ စုဆောင်းနေတယ် ဆိုတာဟာ သူတို့အတွက် ဘယ်လိုမှ လက်သင့်ခံလို့ မရတဲ့ အန္တရာယ်ကြီး တစ်ခုပါပဲ။ ကလေးစစ်သား စုဆောင်းတာ၊ အထူးသဖြင့် အသက် ၁၅ နှစ်အောက် အရွယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ စစ်ရာဇဝတ်မှု တစ်ခုပါ၊ အဲဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့ သူတွေကို မဖြစ်မနေ အရေးယူရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။ 

ထိုသို့ ကွန်ဂိုရှိ ကလေး စစ်သားများကို ဖော်ထုတ် ကယ်တင်နိုင်ခဲ့ခြင်းမှာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီများ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အထူးတပ်ဖွဲ့က ဆိုသည်။ 

မှတ်တမ်းများအရ ယခု ၂၀၁၃ခုနှစ် စတင်သည့် အချိန်မှစ၍ ကွန်ဂိုရှိ လက်နက်ကိုင် တပ်ဖွဲ့များထံမှ မိန်းကလေး ၂၂ ဦး အပါအဝင် ကလေး စစ်သား ၁၆၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ 

ကုလသမဂ္ဂ အဆိုအရ ကွန်ဂိုတွင် ပြည်တွင်း စစ်ပွဲများကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းမှာ ပြည်တွင်း၌ ရွှေ့ပြောင်း နေထိုင်လျက်ရှိပြီး ၆ ဒသမ ၄ သန်းမှာ အစားအစာနှင့် အရေးပေါ် အကူအညီ များ လိုအပ်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: Aug 19, 2013

အာဖရိကတိုက်ရှိ ကွန်ဂို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အုပ်စုများထံမှ ကလေးစစ်သား အယောက် ၈၂ ဦး ခန့်ကို ပြန်လည် ကယ်တင်လိုက် နိုင် သည်ဟု အဆိုပါနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ ကုလ အထူးတပ်ဖွဲ့ဝင်များသည် ကွန်ဂိုနိုင်ငံ အရှေ့တောင်ပိုင်း ကန်တာဂါပြည်နယ်ရှိ မာယီဘာကာ တာကန်တာဂါ အမည်ရ လက်နက်ကိုင် တပ်ဖွဲ့တွင် စစ်မှုထမ်းနေသည့် ကလေးငယ် ၈၂ ဦး (မိန်းကလေးငယ် ၁၃ ဦး အပါအဝင်) ကို ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့် သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ပြန်လည် ကယ်တင်ပေးလိုက်နိုင်သည့် ကလေး စစ်သားများတွင် အသက် အငယ်ဆုံး ရှစ်နှစ် အရွယ်မှ အကြီးဆုံး ၁၇ နှစ်အရွယ်အထိ ပါဝင်ပြီး ၎င်းတို့သည် စစ်သားအဖြစ် လွန်ခဲ့သည့် ခြောက်လခန့်က ခေါ်ယူ စုဆောင်းခံ ခဲ့ရခြင်း ဖြစ်သည်။

“မာယီကာတာ ကန်တာဂါ လက်နက်ကိုင် တပ်ဖွဲ့နှင့် ကွန်ဂိုရှိ အခြား တပ်ဖွဲ့ များက ထိုသို့ ကလေး စစ်သားများ ဆက်လက် စုဆောင်းနေသည်ဟူသော သတင်းပေးပို့ချက်များ ထွက်ရှိနေမှုအပေါ် ကျွန်ုပ်တို့က အထူးပင် စိုးရိမ် ပူပန်မိသည်” ဟု ကုလ အထူးတပ်ဖွဲ့၏ အကြီးအကဲ မာတင်ကော် ဘလာက ကြေညာချက်တွင် ထုတ်ဖော် ရေးသားသည်။

“ကလေးတွေကို စစ်ဘက် နယ်ပယ်မှာ အသုံးပြုဖို့ စုဆောင်းနေတယ် ဆိုတာဟာ သူတို့အတွက် ဘယ်လိုမှ လက်သင့်ခံလို့ မရတဲ့ အန္တရာယ်ကြီး တစ်ခုပါပဲ။ ကလေးစစ်သား စုဆောင်းတာ၊ အထူးသဖြင့် အသက် ၁၅ နှစ်အောက် အရွယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ စစ်ရာဇဝတ်မှု တစ်ခုပါ၊ အဲဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့ သူတွေကို မဖြစ်မနေ အရေးယူရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

ထိုသို့ ကွန်ဂိုရှိ ကလေး စစ်သားများကို ဖော်ထုတ် ကယ်တင်နိုင်ခဲ့ခြင်းမှာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီများ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အထူးတပ်ဖွဲ့က ဆိုသည်။

မှတ်တမ်းများအရ ယခု ၂၀၁၃ခုနှစ် စတင်သည့် အချိန်မှစ၍ ကွန်ဂိုရှိ လက်နက်ကိုင် တပ်ဖွဲ့များထံမှ မိန်းကလေး ၂၂ ဦး အပါအဝင် ကလေး စစ်သား ၁၆၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကုလသမဂ္ဂ အဆိုအရ ကွန်ဂိုတွင် ပြည်တွင်း စစ်ပွဲများကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းမှာ ပြည်တွင်း၌ ရွှေ့ပြောင်း နေထိုင်လျက်ရှိပြီး ၆ ဒသမ ၄ သန်းမှာ အစားအစာနှင့် အရေးပေါ် အကူအညီ များ လိုအပ်လျက် ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 19.8.2013

0 comments:

Post a Comment