Pages

Thursday, August 8, 2013

တာဝန်မှ အနားယူခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ

(အမှတ်၊ ၅၂ /၂၀၁၃)

Pakistan နိုင်ငံတွင် အီဒ်လမြင်ပြီ

RangonNewsDaily:: Aug 8, 2013

ပါက္ကစတန်နိုင်ငံရောက် မြန်မာမွတ်စလင်များနှင် အစ္စလာမ်ဘာသာဝင်များ ပါက္ကစတန်နိုင်ငံတွင် အီးဒ်လမြင်ကြောင်း သတင်းအတည်ပြုပါပြီ။

အီးဒ်နေ့ဖတ်ရမည့် သက်ဗီရ်နှင့် အဓိပါယ်

RangonNewsDaily:: Aug 8, 2013

“Allaahu akbar, Allaahu akbar, Allahu akbar laa ilaaha ill-Allaah, wa Allaahu akbar, Allaah akbar, wa Lillaah il-hamd

ဦးနေမျိုးဝေ ၏အစ္စလာမ်အပေါ်ပုတ်ခတ်စော်ကားချက်များ အခြေခံဥပဒေပုဒ်မများဖြင့် ညိစွန်းနေပြီး ကမ္ဘာ့အလည် မြန်မာတို့မျက်နှာငယ်စေမည့်အပြုအမှုပာု ဥပဒေပညာရှင် ဦးအုန်းမောင်ဝေဖန်

Photo: ဦးနေမျိုးဝေ ၏အစ္စလာမ်အပေါ်ပုတ်ခတ်စော်ကားချက်များ အခြေခံဥပဒေပုဒ်မများဖြင့် ညိစွန်းနေပြီး ကမ္ဘာ့အလည် မြန်မာတို့မျက်နှာငယ်စေမည့်အပြုအမှုပာု ဥပဒေပညာရှင် ဦးအုန်းမောင်ဝေဖန်

Kolatt(PBDN) :: Aug 8, 2013

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပြစ်မှုဆိုင်ရာဥပဒေ တို့နဲ့ညိစွန်းနေတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က Mizzima Youth Network ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

ဦးနေမျိုးဝေ ဦးဆောင်တဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ ၂၀၊ ၅၊ ၂၀၁၃ ရက်စွဲနဲ့ဖြန့်ချိခဲ့တဲ့ ကုရ်အာန်ကျမ်း ပြသနာဖြေရှင်းခြင်း စာတမ်းပာာ အစ္စလာမ်ဘာသာအပေါ် မပာုတ်မမှန် စွပ်စွဲပုတ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် အဆိုပါ အမုန်းတရားကိုဖြစ်စေမယ် ၀ါဒဖြန့်ချိမှုတွေပာာ အထက်ပါဥပဒေတွေနဲ့ညိစွန်းနေတာဖြစ်တယ်လို့လည်း အထက်ပါဥပဒေပညာရှင်ရဲ့ပြောကြားချက်အရ သိရပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေ ရဲ့မွတ်စလင်မ်ဆန့်ကျင်ရေးလုပ်ဆောင်ချက်တွေပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၆ ပြဌန်းချက်ကို ဖောက်ဖျက်ကျုးလွန်ထားပြီး ယင်းဥပဒေပုဒ်မ -၆ (ခ) (ဂ) (ဃ) (င) နှင့် ယင်းနည်းဥပဒေပုဒ်မ-၁၅ (ခ) (ဂ) (ဃ) (င) တို့နှင့်ညိစွန်းနေကြောင်း၊ဒါ့အပြင်

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၂၀ (က) (ဂ)၊ပုဒ်မ ၃၄၊ ပုဒ်မ-၃၅၄၊ ပုဒ်မ ၃၆၄၊ ပုဒ်မ- ၃၈၄၊ပုဒ်မ ၃၈၇ တို့နှင့်ဆန့်ကျင်ညိစွန်း နေကြောင်း၊ထိုမျှမက

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၅၃ (က)၊ ၂၉၅ (က)၊ ၂၉၈၊ ၅၀၅(ခ)တို့နဲ့လည်းညိစွန်းနေကြောင်း PCN မှနာယက တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်တွေနဲ့ ဝေဖြန်ထောက်ပြလိုက်တာဖြစ်ပါတယ်။ဒါ့အပြင်ဦးနေမျိုးဝေ ရဲ့လုပ်ဆောင်ချက်တွေပာာ ဥပဒေပုဒ်မတွေနဲ့ညိစွန်းနေတဲ့အပြင် မြန်မာ့နိင်ငံရေး မှာ ပဋိပက္ခတွေ၊ အဓိကရုန်းတွေဖြစ်အောင် လှုံ့ဆော်ပြီး တိုင်းပြည်ပျက်ရင် ဖျာဝင်ခင်းဖို့၊မိမိနာမည်ကြီးဖို့ကိုလုပ်ဆောင်နေခြင်းလည်းဖြစ်တယ်လို့ အထက်ပါဥပဒေပညာရှင်က ပြောပါတယ်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌရဲ့လုပ်ဆောင်ချက်တွေပာာ ဘာသာနှစ်ခုအကြားပဋိပက္ခဖြစ်နိင်ရုံမျှမက ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်သိက္ခာပါ ကျဆင်းစေနိင်တယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဝေဖန်ပါတယ်။

"ကျမ်းမြတ်ကုရ်အာန်မှပါဒတော်အချို့ကို တစ်ပိုဒ်ချင်းခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဝေဖန်ဆော်ကားချက်များသည် မြန်မာနိင်ငံသားဗုဒ္ဓဘာသာဝင်များနှင့် မြန်မာနိင်ငံသား အစ္စလာမ်ဘာသာဝင်များအကြားပဋိပက္ခဖြစ်ပွားရုံဖြင့် ပြီးမည့်ကိစ္စမပာုတ်ဘဲ ကမ္ဘာ့သာသနာကြီးနှစ်ခုအကြား ကမ္ဘာနှင့်အ၀ှမ်း မလိုလားအပ်သည့် ပြသနာဂယက်များ ရိုက်ခတ်ပေါ်ပေါက်လာမည်ကို မစဉ်းစားမဆင်ခြင်ပဲ အမျှော်အမြင်နည်းပါးစွာဖြင့် ဘာသာရေးလုပ်ကြံမှုကြီးဖြစ်ပါသည်။ကမ္ဘာ့အလယ်တွင် မြန်မာကို မျက်နှာငယ်အောင်လုပ်ခြင်းဖြစ်ပါသည်"ပာုတရားလွတ်တော်ရှေ့နေကြီး ဦးအုန်းမောင်က အခမ်းအနားတွင် ဌင်းဖတ်ကြားသည့် အထက်ပါကိစ္စရပ်များနှင့်စပ်လျှဉ်းသည့် တရားဥပဒေရှု့ထောင့်သုံးသပ်ချက်စာတမ်းတွင်ဖေါ်ပြထားသည်။

ဦးနေမျိုးဝေ ရဲ့အစ္စလာမ်သာသနာအပေါ် မပာုတ်မမှန်စွပ်စွဲရေးသားချက်တွေကို အစ္စလာမ့် ပညာရှင်တစ်ဦးဖြစ်တဲ့ အယ်ပာာဂ်ျ ခလီဖွာ ဆရာဦးအေးလွင် က"ဦးနေမျိုးဝေ၏ ကုရ်အာန်ကျမ်း ပြသနာဖြေရှင်းခြင်း စာတမ်းပါ လုပ်ကြံစွပ်စွဲချက် များအား ရှင်းလင်းချေပခြင်း" ဆိုတဲ့စာအုပ်ငယ်ရေးသားပြီးရှင်းလင်းထားကြောင်းကို လည်းအထက်ပါ ပွဲမှာ အသိပေးကြေညာခဲ့ပါတယ်။

"သူနဲ့လည်းစကားစစ်ထိုးဖို့အစီအစဉ်မရှိပါဘူးကျမ်း(ကျမ်းတော်မြတ်ကုရ်အာန်)ကို ပုံပျက်ပန်းပျက်လုပ်ထားတဲ့အတွက် အဲဒါမပာုတ်ပါဘူးဆိုတာ ရိုးသားဖြူစင်တဲ့ သူများကိုသိစေဖို့အတွက်ပဲဖြစ်ပါတယ်"လို့လည်း ဆရာဦးအေးလွင်က ကုရ်အာန်ရဲ့စစ်မှန်တဲ့ မှုရင်း အဓိပ္ပါယ်တွေအကြောင်းရှင်းလင်းတင်ပြချိန်မှာပြောကြားသွားပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ပာာ ကမ္ဘာ့ဘာသာကြီးအသီးသီးအနက် မှုရင်းဘာသာစကားနဲ့ ဆက်လက်တည်ရှိနေတဲ့ တစ်ခုတည်းသောကျမ်းစာလည်းဖြစ်ပါတယ်။

ဦးနေမျိုးဝေပာာ ယမန်နှစ်တုန်းကလည်း မြန်မာမွတ်စလင်မ်ကွန်ရက် နာယက ဒေါက်တာမြင့်သိန်းကို မပာုတ်မမှန်သတင်းနဲ့ ၀ါဒဖြန့်ချိခဲ့ဖူးသူလည်းဖြစ်ပါတယ်။Mizzima Youth Network က ကောလပာလများမှ အမှန်တရားဆီသို့ဆိုတဲ့ဆောင်ပုဒ်နဲ့ ယခုလ ၇ ရက်နေ့ကYMCA ခမ်းမမှာကျင်းပခဲ့တဲ့ အခမ်းအနားကိုတက်ရောက်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့မွတ်စလင်မ်မပာုတ်သူတွေပာာ စုပေါင်းဝါဖြေပွဲနဲ့ ညစာစားပွဲကိုလည်း စုစည်းညီညွတ်စွာဆက်လက်ဆင်နွဲခဲ့ကြပါတယ်။

ကိုပေါက်(မြန်မာမွတ်စလင်မ်မီဒီယာ CJ)

RangonNewsDaily:: Aug 8, 2013

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပြစ်မှုဆိုင်ရာဥပဒေ တို့နဲ့ညိစွန်းနေတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က Mizzima Youth Network ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

မြေငလျင်သတင်း

RangonNewsDaily:: Aug 8, 2013

(မြန်မာစံတော်ချိန် ၀၇း၃၀နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၀)မိနစ်၊ (၂၆)စက္ကန့်အချိန်တွင်

India Eid together Myanmar

Photo: India Eid together Myanmar 

Kolatt(PBDN) :: Aug 8, 2013

အီဒ်းလမြင်ခြင်းကို မြန်မာနိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံတွင်လည်း တပြိုင်နက်တည်းမြင်တွေ့
ခဲ့ကြောင်းသတင်းရရှိပါသည်။

Moon seen in some areas of Hyderabad, Bangalore,Kolkatta, Patna

Eid will be on friday In India...By Hilal Committee

Î Âm Mûslîm

RangonNewsDaily:: Aug 8, 2013

အီဒ်းလမြင်ခြင်းကို မြန်မာနိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံတွင်လည်း တပြိုင်နက်တည်းမြင်တွေ့
ခဲ့ကြောင်းသတင်းရရှိပါသည်။

ဆန်းဦးစ လ မြင်တွေကြောင်းအတည်ပြုခြင်း

ဆန်းဦးစ လ မြင်တွေကြောင်းအတည်ပြုခြင်း

Kolatt(PBDN) :: Aug 8, 2013

ဆန်းဦးစ လ မြင်တွေ့သဖြင့် မနက်ဖြန် ၉-၈-၂၀၁၃ သောကြာနေ့သည် ရှောင်ဝလ်လဆန်း(၁)ရက် (အီဒွလ်ဖိသိရ်နေ့)ဖြစ်ကြောင်း အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။

လမြင်သည့်မြို့- ကော့သောင်းမြို့

RangonNewsDaily:: Aug 8, 2013

ဆန်းဦးစ လ မြင်တွေ့သဖြင့် မနက်ဖြန် ၉-၈-၂၀၁၃ သောကြာနေ့သည် ရှောင်ဝလ်လဆန်း(၁)ရက် (အီဒွလ်ဖိသိရ်နေ့)ဖြစ်ကြောင်း အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း

Photo: ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း 
Thursday, August 8, 2013

ထိုင်းနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ့် ဥပဒေကြမ်းကို  ဗုဒ္ဓဟူးနေ့က စတင်ပြီး လွှတ်တော်အမတ်တွေ ဆွေးနွေး ငြင်းခုန်နေကြပါပြီ။

အစိုးရက ကမကထပြုတဲ့ ဒီဥပဒေအရ ဆိုရင် ၂၀၀၆ စက်တင်ဘာ ၁၉ နောက်ပိုင်း မငြိမ်မသက်မှုတွေနဲ့ ဆက်စပ် ပတ်သက်ပြီး  ပြစ်ဒဏ်ပေးခံရသူတွေကို လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပါတယ်၊ 
အဲဒီ စက်တင်ဘာ ၁၉ ဆိုတာကလည်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ပြည်ပရောက်နေတုန်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ကာလပါပဲ။

ဒီဥပဒေကြမ်းမှာ  မစ္စတာ သက်ဆင်အကြောင်း ပါဝင်ခြင်း မရှိပေမယ့်လည်း အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဒါကို အသည်းအသန် ကန့်ကွက်နေကြပါတယ်။
အတိတ်ကာလလူထုအုံကြွမှုတွေ နှိမ်နင်းခံရမှုမှာ တာဝန်ရှိသူတွေကို ဘေးမဲ့ပေးရာရောက်လိမ့်မယ်လို့ သူတို့က ထောက်ပြနေကြတာပါ။

မူရင်း သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာ http://www.irrawaddy.org/archives/41568 မှာ ဖတ်နိုင်ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ နှမ ရင်လပ်ရှင်နာဝပ်က လက်ရှိဝန်ကြီးချုပ်ဖြစ်နေပါပြီ။ အစိုးရအဖွဲ့ဝင်တွေကလည်း မစ္စတာ သက်ဆင်ရဲ့ သစ္စာခံတွေပါပဲ။

အတိုက်အခံတွေ စိုးရိမ်စရာဖြစ်နေတာကတော့ ဒီဥပဒေ အတည်ပြုမိရင်  ရင်လပ်ရှင်နာဝပ်က ဒီဥပဒေရဲ့ အားနည်းချက်ကို အသုံးချပြီး သူ့အစ်ကို ပြည်တော်ပြန်ရေး လုပ်သွားလိမ့်မယ် ဆိုတဲ့အချက်ပါ။

မနေ့က လွှတ်တော်မှာ ငြင်းခုံဆွေးနွေးမှု အစမပြုခင် အတိုက်အခံပါတီဝင် နှစ်ထောင်ခန့်က လွှတ်တော်အဆောက်အအုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီ
ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံရှေ့ ဆန္ဒပြမှုမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲများနဲ့ ထိုင်းအလံမျက်နှာဖုံးတပ် ဆန္ဒပြသူတဦး (ဓာတ်ပုံ -  Reuters / Athit Perawongmetha)
ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံရှေ့ ဆန္ဒပြမှုမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲများနဲ့ ထိုင်းအလံမျက်နှာဖုံးတပ် ဆန္ဒပြသူတဦး (ဓာတ်ပုံ - Reuters / Athit Perawongmetha)
RangonNewsDaily:: Aug 8, 2013

ထိုင်းနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့က စတင်ပြီး လွှတ်တော်အမတ်တွေ ဆွေးနွေး ငြင်းခုန်နေကြပါပြီ။

ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်းများ ပြင်ပတွင် သုံးဆခန့်ဈေးမြင့်

RangonNewsDaily:: Aug 8, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် တရားရုံးနှင့် ပတ်သက်သော စာရွက်စာတမ်းများအတွက် ဝယ်ယူအသုံးပြုရသော ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်း၊ စာချုပ်ခေါင်းများသည် သတ်မှတ်ဈေးနှုန်းထက် သုံးဆခန့် ပေးဝယ်ယူနေရကြောင်း တရားရုံးနှင့် ချိတ်ဆက် ဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ

Photo: လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ
Thursday, August 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော
ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့်
ကွဲပြားစွာ တွေ့ရသည်။

လေပေါ်တွင်ပျံသန်းနိုင်သော ငါးမျိုးများ မှာ မျိုးစိတ်ပေါင်း (၆၄)ရှိ ကြပြီး အုပ်စုအနေဖြင့် (၇) မှ (၉) စုထိရှိနေကြသည်။

အဆိုပါငါးများသည် အလွန်အားကောင်းသော အမြီးများပိုင်ဆိုင်
ထားကြပြီး ၄င်းဖြင့် ရေထဲမှ အရှိန်ယူကာ လေထုထဲသို့ ပျံတက်ခြင်းပြုလုပ်
ကြခြင်းဖြစ်သည်။

လေထုထဲသို့ရောက်ရှိချိန်တွင် ကိုယ်တွင်ရှိသော ရေယက်တောင်
များကို ဖြန့်ပြီး ရေပြင်ထက် ရှိလေထုတွင် လေဟုန်စီး ၍ပျံသန်း တက်ကြသည်။

ယနေ့ခေတ်တွင် တွေ့ရှိရသော ထိုငါးမျိုးစိတ်များ သည် လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) ခုမှ စတင်တည်ရှိခဲ့ ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာ နေသော ပညာရှင်များမှ အတည်ပြုခဲ့ကြ ကြောင်းသိရသည်။

ှအိန္ဒိယ ၊ အက်တလန်းတစ် နှင့် ပစီဖိတ် သမုဒ္ဒရာ တို့တွင် အဆိုပါ
ငါးပျံများ ထဲမှ (၅၂) မျိုးကို တွေ့ရှိနိုင်ကြောင်း သိရသည်။

ref: BBC
Hau Sian Siam ( MM Social Sky )

RangonNewsDaily:: Aug 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့် ကွဲပြားစွာ တွေ့ရသည်။

လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်

Photo: လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်
Thursday, August 8, 2013

တောင်ငူခရိုင်အတွင်းရှိ အသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ သံဃာတော်တစ်ပါး အပါအဝင် လယ်အကျိုးဆောင်တစ်ဦးနှင့် တောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦးတို့က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူမြို့နှင့် မိုင်ပေါင်း ၆၆၅ မိုင်ကျော် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း လယ်သမား အကျိုးဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

ပထဝီမြေပုံအရ တောင်မြောက် ရှည်လျားစွာ တည်ရှိသည့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူလယ်သမားများကို ရည်စူး၍ တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း တောင်သူ လယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့တို့တွင် ၁၉၉၂ ခုနှစ်မှစ၍ အမှတ် ၇၀၁၃ သံချပ်ကာတပ်ရင်း၊ အမှတ် ၉၀၃ အမြောက်တပ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများက သိမ်းယူကာ သီးစားခ ရယူပြီး နီးစပ်သူများကို လုပ်ကိုင်ခွင့် ချထားပေးခဲ့သည့် လယ်ယာမြေဧက ၃၅၀ ခန့်ကို မူလတောင်သူများက ပြန်လည် ရရှိလိုခြင်းကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ သိရှိစေရန် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်ဧက ၁၃ ဧကခန့် သိမ်းဆည်းခံခဲ့ရသူ တောင်သူဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်မှုကို တောင်ငူမြို့ ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အကြာ အရောက်သွားမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ချီတက်မည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်များထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း အဆိုပါလမ်းလျှောက် ချီတက်မည့် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လိုင်ဇာသို့ လမ်းလျှောက်မည့် တောင်သူလယ်သမား ၁၄ ဦး၊ သံဃာတော်တစ်ပါးနှင့် အကျိုးဆောင်တစ်ဦးကို သြဂုတ်လ ၁၃ ရက်နေ့တွင် တရားဝင် ချီတက်လမ်းလျှောက် ခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော် တပ်ရင်းတပ်ဖွဲ့များက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ရသော လယ်မြေများကို ပြန်လည် ပေးအပ်မည်ဟု ပြောကြားထားသော်လည်း တောင်သူများ ပြန်ရရှိသည်မှာ ပုဒ်မ ၄၇၇ သာ ဖြစ်ကြောင်း အမှတ် ၇၀၁၃ သံချပ်ကာ တပ်ရင်းမှ နယ်မြေကျော်နင်းမှုဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် အမှုဖွင့်ခံထားရသူ လယ်ယာမြေ အကျိုးဆောင် ဦးခင်ဇော်က ပြောကြားသည်။

“ဦးပဉ္စင်းက တောမှာနေတော့ တောင်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကိုယ်တိုင်သိမြင်နေရတာကြောင့် သူတို့ ဖြစ်အင်တွေကို မကြည်ရက်လို့ တောင်သူတွေနဲ့အတူ ကိုယ်တိုင် လိုက်ပါလမ်းလျှောက်မှာပါ” ဟု တောင်ငူမြို့နယ် ဝဲဒေါင့်ကျေးရွာ ဘုရားကုန်းတိုက်ကျောင်းမှ အရှင်တိလောက က မိန့်ကြားသည်။

၁၉၉၂ ခုနှစ်တွင် သံချပ်ကာတပ်ရင်း အမှတ် ၇၀၁၃ က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် လယ်မြေဧက ၆၀၀ နီးပါးကို သိမ်းယူခဲ့ပြီး ပိုလျှံလယ်မြေဧက ၃၀၀ ခန့်ကို ပြန်လည် ရရှိနိုင်ရန်အတွက် ဇွန်လ ၁၉ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ ၁၀ ဦးနှင့် တောင်သူလယ်သမား အကျိုးဆောင်တစ်ဦးကို တပ်ရင်း တာဝန်ရှိသူများက ပုဒ်မ ၄၇၇ ဖြင့် တရားစွဲဆိုထားရကြောင်း လယ်မြေဧက ၁၃ ဧက သိမ်းဆည်းခံခဲ့ရပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ တောင်သူဦးပွေးက ပြောကြားသည်။

“ပါတီအနေနဲ့ ဘာတွေကူညီပေးနိုင်မလဲဆိုတာ လေ့လာပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမှာပါ” ဟု တောင်ငူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်သမား၊ လယ်သမားရေးရာ ကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ခုမှ ရန်ကုန်နှင့် မုံရွာမြို့များမှတစ်ဆင့် ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။

ယခုချီတက် လမ်းလျှောက်မှု ပြီးစီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု တို့မှ လယ်အသိမ်းခံရသည့် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအထိ ချီတက်လမ်းလျှောက်ရန် ရည်မှန်းထားကြောင်း တောင်သူလယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: Aug 8, 2013

တောင်ငူခရိုင်အတွင်းရှိ အသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ သံဃာတော်တစ်ပါး အပါအဝင် လယ်အကျိုးဆောင်တစ်ဦးနှင့် တောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦးတို့က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူမြို့နှင့် မိုင်ပေါင်း ၆၆၅ မိုင်ကျော် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း လယ်သမား အကျိုးဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း

Photo: ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း
Thursday, August 8, 2013

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။

မိုးပျံကားလမ်း၊ တံတားများနဲ့ ရှုပ်ထွေးနေပေမယ့် ယာဉ်လမ်းကြောပိတ်ဆို့မှု မရှိပါဘူး။ သူ့လမ်းကြောနဲ့သူ သတ်မှတ်ထားတဲ့ ယာဉ်မောင်းမိုင်နှုန်းကို ပုံသေ သတ်မှတ်ထားပါတယ်။ အဲ့ထက်ပိုမောင်းမယ် သို့မဟုတ် လျော့မောင်း မယ်ဆိုရင် လမ်းဒေသတွင်း CCTV ကင်မရာနဲ့ ဂြိုလ်တု ကင်မရာက Track လုပ်ပြီး ယာဉ်စည်းကမ်းထိန်းသိန်းရေး Admin Server ကိုလှမ်း အကြောင်းကြားပါတယ်။


တစ်ရက်တစ်ရက် ကားအစီးရေသွားလာမှုနှုန်း သိန်းချီရှိတဲ့ ယင်း နေရာကို ကမ္ဘာ့ အရှုပ်ထွေးဆုံး ကားလမ်းများ တည်ရှိရာ နေရာများမှ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: autoblog
ရိုးရာလေး Automobile

RangonNewsDaily:: Aug 8, 2013

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။

ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ

Photo: ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ
Thursday, August 8, 2013

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

ထိုသို့ ပိတ်ထားလိုက်သော လေဆိပ်သည် အရှေ့အာဖရိက ဒေသ၏ အလုပ် အများဆုံး လေယာဉ် အကူးအပြောင်း လုပ်ရာ လေဆိပ်လည်း ဖြစ်ကာ အရေးပေါ် ဆင်းသက်ရေး တစ်ခုအတွက်သာ ဆင်းသက်ခွင့် ပြုထားပေ သည်။

ဥရောပမှ လာမည့် လေယာဉ်များ အပါအဝင် အခြား ကမ္ဘာအနှံ့ လေယာဉ် များ ဆိုက်ကပ်မည့် နံနက် ၅ နာရီခန့် အချိန်လောက်တွင် ဆိုက်ရောက် ဌာနသို့ မီးစတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေဆိပ်ကို မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ကို မကြေညာသေးပေ။

ထို့ကြောင့် ဆိုက်ရောက်လာသည့် လေယာဉ်များကို အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ မြို့တော် မွန်ဘာဆာသို့ လမ်းကြောင်း ပြောင်း၍ ဆိုက်ကပ်စေလျက် ရှိသည်။

အချို့ လေယာဉ်များကို ယူဂန္ဒာ၊ ရဝမ်ဒါ လေဆိပ်များသို့လည်း ပြောင်းလဲ ဆင်းစေခဲ့ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ မီးသည် လေယာဉ်များ ဆီဖြည့်သည့် ဆီပန့်မှ တစ်ဆင့် လောင်ကျွမ်း သည်ဟု သတင်းများက ဖော်ပြကြပြီး လွန်ခဲ့သော နှစ်ရက်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးခိုးများကို ကင်ညာမြို့တော်နှင့် အတန်ငယ် ဝေးသော နေရာမှ ပင် မြင်နိုင်ကြောင်း၊ လေဆိပ်၏ အပြင်ဘက်တွင် ခရီးသည်များ အထုပ်အပိုး များဖြင့် သောင်တင်လျက် ရှိကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရောက် ရှိနေသည့် သတင်းထောက်များက ပြောကြားကြသည်။

လေဆိပ်သို့ လာသည့် လမ်းများ ယာဉ်ကြောလည်း ပိတ်ကုန်သဖြင့် အရေးပေါ် ကယ်ဆယ် ကုသရေး ယာဉ်များလည်း ပိတ်မိနေလျက် ရှိသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်မဟုတ် ဆိုသည်ကို ပြောရန် စောသေးကြောင်း၊ မီးကို ငြှိမ်းသတ်ရန် အတွက်သာ ဦးစားပေးလျက် ရှိကြောင်း ကင်ညာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ အကြီးအကဲ ဘိုနီဖေ့စ်မွမ်နီကီက AP ကို ပြောကြားသည်။

ကင်ညာသည် အာဖရိကရှိ အနောက်အုပ်စု၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။

လူသေဆုံး ထိခိုက်မှု ဖြစ်သည့် သတင်းများ မကြားရသေးပေ။

The Voice Weekly

RangonNewsDaily:: Aug 8, 2013

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

အမျိုးသမီး နှစ်ယောက်ကို Scan ပြုလုပ်၍ ကြည့်ရှု့ ခြင်း

Photo: အမျိုးသမီး နှစ်ယောက်ကို Scan ပြုလုပ်၍ ကြည့်ရှု့ ခြင်း
Thursday, August 8, 2013

အောက်မှာပြထားတဲ့ ပုံက အသက်အရွယ်တူ၊ အရပ်အမြင့် တူတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ခန္စာကိုယ်ကို scan ဖတ်၍ နိုင်ယှဉ်ထားခြင်း
ဖြစ်ပါတယ်။
ဘယ်ဘက်က အမျိုးသမီးရဲ့ အလေးချိန်က 113kg(250lbs) ရှိပြီး ၊ ညာဘက်က အမျိုးသမီး က 54 kg( 120 lbs) ရှိပါတယ်။ အမျိုးသမီးနှစ်ယောက် ရဲ့ ခန္စာကိုယ်ရဲ့ အဆီတွေ စုပုံနေခြင်းကို
နိုင်ယှဉ်ထားတာ ဖြစ်ပါတယ်။

ဝဖြိုးတဲ့ အမျိုးသမီးမှာ ကြီးမားတဲ့ နှလုံးနဲ့  သူမရဲ့ အဆုတ်တွေကလည်း စိုးရိမ်စရာ ကောင်းပါတယ်။

အ၀လွန်ခြင်းက ရောဂါတစ်မျိုးလို့  American Medical Association က အတိအလင်း ကြေညာထားပါတယ်။ ဒါကြောင့် လည်း ဆရာဝန် တစ်ချို့ နဲ့  ကုမဏီ တစ်ချို့ က အ၀လွန်ခြင်းကို တာဆီးဖို့ နဲ့  ကုသဖို့ အတွက်ကို ကြိုးပမ်းလာကြပါပြီ။

ဒါပေမယ့်လည်း AMA ရဲ့ ကြေညာထားချက်ကို ကန့် ကွက်မှုတွေ ရှိပါတယ်။ မြို့ ပြတွေမှာ အ၀ လွန်ခြင်းက တစ်နေ့ တစ်ခြား တိုးတက်လာပြီး၊ အ၀လွန်သူတွေ အတွက် ကုသမှုတွေကိုလည်း စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

အ၀လွန်နေတဲ့ သူတွေဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့် အရိုးအဆစ်
ရောဂါတွေကိုလည်း ရရှိနိုင်ပါတယ်။

Kaung Zay Yan
(Discoveries Myanmar)

RangonNewsDaily:: Aug 8, 2013

အောက်မှာပြထားတဲ့ ပုံက အသက်အရွယ်တူ၊ အရပ်အမြင့် တူတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ခန္စာကိုယ်ကို scan ဖတ်၍ နိုင်ယှဉ်ထားခြင်း ဖြစ်ပါတယ်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသမားအတွက် လက်မှတ်ရေးထိုး

Photo: ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင်
နိုင်ငံရေးအကျဉ်းသမားအတွက် လက်မှတ်ရေးထိုး
Thursday, August 8, 2013


Popular Myanmar News Journal

RangonNewsDaily:: Aug 8, 2013
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသမားအတွက်
ရှစ်လေးလုံး 
ငွေရတုအခမ်းအနားတွင် တတ်ရောက်လာသူများလတ်မှတ်ရေးထိုးပေးခဲ့ကြောင်းသတင်းရရှိသည်။