Pages

Thursday, August 8, 2013

လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ

Photo: လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ
Thursday, August 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော
ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့်
ကွဲပြားစွာ တွေ့ရသည်။

လေပေါ်တွင်ပျံသန်းနိုင်သော ငါးမျိုးများ မှာ မျိုးစိတ်ပေါင်း (၆၄)ရှိ ကြပြီး အုပ်စုအနေဖြင့် (၇) မှ (၉) စုထိရှိနေကြသည်။

အဆိုပါငါးများသည် အလွန်အားကောင်းသော အမြီးများပိုင်ဆိုင်
ထားကြပြီး ၄င်းဖြင့် ရေထဲမှ အရှိန်ယူကာ လေထုထဲသို့ ပျံတက်ခြင်းပြုလုပ်
ကြခြင်းဖြစ်သည်။

လေထုထဲသို့ရောက်ရှိချိန်တွင် ကိုယ်တွင်ရှိသော ရေယက်တောင်
များကို ဖြန့်ပြီး ရေပြင်ထက် ရှိလေထုတွင် လေဟုန်စီး ၍ပျံသန်း တက်ကြသည်။

ယနေ့ခေတ်တွင် တွေ့ရှိရသော ထိုငါးမျိုးစိတ်များ သည် လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) ခုမှ စတင်တည်ရှိခဲ့ ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာ နေသော ပညာရှင်များမှ အတည်ပြုခဲ့ကြ ကြောင်းသိရသည်။

ှအိန္ဒိယ ၊ အက်တလန်းတစ် နှင့် ပစီဖိတ် သမုဒ္ဒရာ တို့တွင် အဆိုပါ
ငါးပျံများ ထဲမှ (၅၂) မျိုးကို တွေ့ရှိနိုင်ကြောင်း သိရသည်။

ref: BBC
Hau Sian Siam ( MM Social Sky )

RangonNewsDaily:: Aug 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့် ကွဲပြားစွာ တွေ့ရသည်။ လေပေါ်တွင်ပျံသန်းနိုင်သော ငါးမျိုးများ မှာ မျိုးစိတ်ပေါင်း (၆၄)ရှိ ကြပြီး အုပ်စုအနေဖြင့် (၇) မှ (၉) စုထိရှိနေကြသည်။

အဆိုပါငါးများသည် အလွန်အားကောင်းသော အမြီးများပိုင်ဆိုင်
ထားကြပြီး ၄င်းဖြင့် ရေထဲမှ အရှိန်ယူကာ လေထုထဲသို့ ပျံတက်ခြင်းပြုလုပ်
ကြခြင်းဖြစ်သည်။

လေထုထဲသို့ရောက်ရှိချိန်တွင် ကိုယ်တွင်ရှိသော ရေယက်တောင်
များကို ဖြန့်ပြီး ရေပြင်ထက် ရှိလေထုတွင် လေဟုန်စီး ၍ပျံသန်း တက်ကြသည်။

ယနေ့ခေတ်တွင် တွေ့ရှိရသော ထိုငါးမျိုးစိတ်များ သည် လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) ခုမှ စတင်တည်ရှိခဲ့ ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာ နေသော ပညာရှင်များမှ အတည်ပြုခဲ့ကြ ကြောင်းသိရသည်။

ှအိန္ဒိယ ၊ အက်တလန်းတစ် နှင့် ပစီဖိတ် သမုဒ္ဒရာ တို့တွင် အဆိုပါ
ငါးပျံများ ထဲမှ (၅၂) မျိုးကို တွေ့ရှိနိုင်ကြောင်း သိရသည်။

BBC , RangonNewsDaily
kolatt (Pabedan): 8.8.2013

0 comments:

Post a Comment