Pages

Thursday, August 8, 2013

Mizzima Youth Network ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေပွဲ ညစာစားပွဲကျင်းပ

RangonNewsDaily:: Aug 7, 2013

ရန်ကုန် ။ ။ Mizzima Youth Network မှ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေ ညစာစားပွဲကို ဇူလိုင်လ (၇)ရက်၊ ညနေ(၅)နာရီမှ (၇)နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ဦးအုန်းမောင်(တရားလွှတ်တော်ရှေ့နေ)မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေဖြန့်ချိသည့် အစ္စလာမ်သာသနာနှင့်စပ်လျဉ်းပြီး ဝေဖန်ပုတ်ခတ် စွပ်စွဲချက်များအပေါ် ဥပဒေ ရှုထောင့်မှ သုံးသပ်ပြခဲ့ပြီး၊ ဆရာဦးအေးလွင်မှ ‘ကုရ်အာန်ကျမ်းပြဿနာဖြေရှင်းခြင်း’ စာတမ်းပါ ဦးနေမျိုးဝေ၏ လုပ်ကြံ စွပ်စွဲချက်များတွင် ပါဝင်သည့် အကြောင်း အချက်များသည် မဟုတ်မမှန် လုပ်ကြံထားသည် များသာဖြစ်ကြောင်းကို အထောက်အထားများဖြင့် ဖြေရှင်းခဲ့ပြီး ယခု ရှင်းလင်းမှုသည် ဦးနေမျိုးအား ရှင်းလင်းဖြေရှင်းမှု မဟုတ်ပဲ၊ မဟုတ်မမှန် လုပ်ကြံမှုများကို ယုံမှားမိကြမည့် သူများအား ဖြေရှင်းခြင်းသာဖြစ်ကြောင့် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော စာနယ်ဇင်းများမှ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြပြီး၊ မန္တလေးမှရောက်ရှိ တက်ရောက်လာသော ဘုန်းဘုန်း ဦးဇင်းလေးမှ အမှတ်တရအနေဖြင့် မေတ္တာတရား အရေးကြီးပုံကို မြွက်ကြားခဲ့ပြီး ဘင်္ဂါလီ စွန္နီဂျာမေဗလီ ရှေ့ဆောင် ဆရာတော်မှ နိဂုံးချုပ် စကားပြောကြားပြီးနောက် ဆုတောင်း(ဒုအာ)ဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲကို ရပ်နားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများအတူတကွ စုပေါင်း ၀ါဖြေ ညစာစား၍ အစီအစဉ်ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားသို့ စာနယ်ဇင်းများနှင့် ဘာသာပေါင်းစုံမှ စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်တက်ရောက်ခဲ့ပါသည်။

REF by: M-Media
အမ်တူးအေ , RangonNewsDaily
kolatt (Pabedan): 7.8.2013

0 comments:

Post a Comment