Pages

Thursday, August 8, 2013

သုံးနှစ်ဆက်ချန်ပီယံ ရန်ကုန်အသင်း၏ စီမံမှုအဖွဲ့အား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချီးကျူး

RangonNewsDaily:: Aug 7, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုံးနှစ်ဆက်တိုက် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ရန်ကုန်အသင်းရှိ ကစားသမားများနှင့် စီမံမှုအဖွဲ့အား သြဂုတ် ၅ ရက်က ဆီဒိုးနားဟို တယ်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်အသင်း၏ အောင်ပွဲခံ အခမ်းအနား၌ ချီးကျူးပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုဖလားများရရှိခဲ့သဖြင့် သုံးနှစ်ဆက် ချန်ပီယံဆုရရှိခဲ့သော မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဘောလုံးပွဲတစ်ပွဲ နိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ နောက်ပြီး လိဂ်တစ်လိဂ်ရဲ့ ပွဲစဉ်အကုန်လုံး အနိုင်ရဖို့ ဆိုတာလည်း အရမ်းခက်ပါတယ်။ ခက်ခဲတဲ့ကြားက သုံးနှစ်ဆက် ချန်ပီယံ ဘွဲ့ရရှိခဲ့တဲ့ ရန်ကုန်အသင်းကို အထူးပဲ ဂုဏ်ပြုပါတယ်။ ထပ်ပြီး ဂုဏ်ပြုချင် တာက စီမံမှုနဲ့ပတ်သက်တဲ့ ကိစ္စပါပဲ။ ဘောလုံးပွဲတစ်ပွဲနိုင်ရုံတင် မဟုတ်ပါ ဘူး။ ရန်ကုန်အသင်းရဲ့စီမံမှုနဲ့ facility ပါ။

ရန်ကုန်အသင်းရဲ့ facility က အာရှမှာရှိတဲ့ ကလပ်အသင်းတစ်သင်းရဲ့ facility နီးပါးလောက် ရှိပါတယ်။ နောက်တစ်ခုက အသင်းရဲ့ စီမံမှုကြောင့် ထွက်လာတဲ့ ကစားသမားတွေက ဒီနေ့ လက်ရွေးစင်အသင်းကို အများကြီး ပံ့ပိုး ပေးနိုင်ပါပြီ။ ဒီအသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုအကုန်လုံးက မြန် မာ့လက်ရွေး စင် အသင်း နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့အတွက် ရင်းနှီးမြှုပ်နှံထားတာ ပဲ ဖြစ် ပါတယ်။ ဒီအတွက် အထူးပဲဂုဏ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 7.8.2013

0 comments:

Post a Comment