Pages

Friday, July 26, 2013

နေပြည်တော်တွင် အမေရိကန်ဟိုတယ်သစ် ဖွင့်မည်

RND: July 26, 2013

အမေရိကန်ပြည်ထောင်စုမှ Best Western International ဟိုတယ် လုပ်ငန်းအုပ်စုက၂၀၁၄ ခုနှစ် နှစ်လယ်တွင် နေပြည်တော်၌ ဟိုတယ်သစ်တစ်လုံး ဖွင့်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
ယင်းဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ပါဝင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ် အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြကြသည်။

သမိုင်းတွေက သက်သေတည်

၂၆.၇.၂၀၁၃

နိုင်ငံတော်အစိုးရအဆက်ဆက်က ရိုဟင်ဂျာလူမျိုးတွေရဲ့ အစအနနှင့် ခိုင်လုံတဲ့ အထောက်အထားတွေကို အတတ်နိုင်ဆုံးဖျောက်ဖျက်နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။၁၀ ရာစုမတိုင်မီက ရခိုင်အထောက်အထားတွေကို လွယ်လင့်တကူဖေါ်ထုပ်နိုင်တဲ့ မြို့ဟောင်းမြို့ ရစ်သောင်းဘုရားရှိ "အနန္ဒစန္ဒြကျောက်စာ" ကို လေ့လာဖတ်ရှုမှတ်သားခြင်းဖြင့် သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ပါတယ်။

သံလွင်မြစ် ကျွန်းအချို့ ဟိုတယ်ဆောက်ခွင့်ပြု

RND: July 26, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် မုတ္တမ မြို့ကြား သံလွင်မြစ်ကြောင်း အတွင်းရှိ ကျွန်း ၁၀ ကျွန်းပေါ်တွင် ဟိုတယ် တည်ဆောက်ခွင့် ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံရေးနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက The Voice သို့ ပြောကြားသည်။

Callaway ပြင်ဆင်ဖန်တီးသော Covertte Z06

Callaway ပြင်ဆင်ဖန်တီးသော Covertte Z06

RND: July 26, 2013

Callaway ဆိုတာ အမေရိကန်အခြေဆိုက် ကား tuning ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။ tuning ဆိုတာ Manufacturing မဟုတ်ပါဘူး။ ထုတ်လုပ်ပြီးသား ကားတွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ ပြီးတော့မှ ယင်းကားကို ဈေးပြန်တင်လို့ ရောင်းစားတာပါ။ ယင်းကဲ့သို့ ကုမ္မဏီများလည်း ကမ္ဘာတစ်လွှားမှာ ရေပန်းစား ပါတယ်။

Callaway လည်း အောင်မြင်တဲ့ Tuning ကုမ္မဏီမှာပါဝင်ပါတယ်။ သူနဲ့ ကန်ထရိုက်ယူတဲ့ အဓိက ကုမ္မဏီကတော့ General Motors ဖြစ်ပြီး Chevrolet Covertte ကို အဓိကထား ယူသုံးပါတယ်။ Ferrari, Lamborghini နဲ့ Mazda တို့ကိုလည်း ပြုပြင်ယူထုတ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ကားကတော့ Chevrolet Covertte Z06 ဖြစ်ပြီး Chevrolet မှ မှာယူပြင်ဆင် ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သာမန် Covertte က ကမ္ဘာ့ အမြန်ဆုံးပြေးတဲ့ ပြိုင်ကားစာရင်းထဲကို ပါဝင်သွားပါတယ်။

အင်ဂျင်ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၈ လုံပူး V အင်ဂျင်ကို အသုံးပြု ထားပါတယ်။ အမြန်ပြေးနှုန်းက တစ်နာရီ မိုင် ၂၁၀ အထက်မှာ ရှိပြီး လက်တွေ့စမ်းသပ် မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ မြန်ဆန်မှုတင်မကပဲ အတွင်းက နည်းပညာ များကိုပါ ပြန်လည်ပြင်ဆင်ပြီး အပြင်ခွံကိုလည်း Callaway မှ Tuning လုပ်ထားတယ်ဆိုတာကို သိအောင် စိတ်ကြိုက်မွမ်းမံထားပါတယ်။ ဒါကြောင့် နောက်ဆုံးထွက်ထားတဲ့ Callaway ထုတ် Chevrolet Covertte Z06 ရဲ့  တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၁၀၀၀၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

RND: July 26, 2013
Callaway ဆိုတာ အမေရိကန်အခြေဆိုက် ကား tuning ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။ tuning ဆိုတာ Manufacturing မဟုတ်ပါဘူး။ ထုတ်လုပ်ပြီးသား ကားတွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ ပြီးတော့မှ ယင်းကားကို ဈေးပြန်တင်လို့ ရောင်းစားတာပါ။ ယင်းကဲ့သို့ ကုမ္မဏီများလည်း ကမ္ဘာတစ်လွှားမှာ ရေပန်းစား ပါတယ်။

နယ်အ၀ယ်များ ဆင်းမလာ၍ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သော ကားပြပွဲ၌ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများသာ အရောင်းအ၀ယ်ဖြစ်

ရန်ကုန်မြို့အတွင်း ၀င်ရောက်လာသော နယ်ကားများကို လမ်းအသုံးပြုခကောက်ခံခြင်းဖြင့် ယာဉ်ကြောကျပ်ခြင်းအား ထိန်းချုပ်နိုင်ဟုဆို

Friday, July 26, 2013

ရန်ကုန်မြို့တွင်း ယာဉ်ကြော ရှင်းလင်းရေးအတွက် နယ်မှရောက်ရှိ လာသော ယာဉ်များအား ရန်ကုန်မြို့ တွင်းမောင်းနှင်မှုအတွက်ရက်အ လိုက်တွက်ချက်ပြီး အသုံးပြုခကောက် ခံသွားပါက ယာဉ်များအား အတော် အသင့်ထိန်းချုပ်သကဲ့သို့ ဖြစ်သွားနိုင် ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးမှ အကြံပြုပြောကြားသည်။

အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....

အောက်ခြေထိ မရောက်ဖြစ်နေသည့် မွန်ပြည်နယ်မှ မိုဘိုင်းကဒ်များ

Friday, July 26, 2013

မွန်ပြည်နယ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်းကဒ် ၁၅၀၀ တန် CDMA နှင့် GSM လိုင်းကဒ်များချထားပေးမှု ယခုလ အတွင်း အများဆုံးဖြစ်ကြောင်းနှင့် နိုင်ငံရေး ပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကိုလည်း ခွဲဝေချထား ပေးမည်ဟု သိရသည်။

Taxi အငှားယာဉ်များ၏ CNG ထည့်သွင်းခနှုန်း မြင့်တက်လာပါက ယာဉ်ငှားခများ လိုက်ပါ မြင့်တက်လာမည်ကို ခရီးသည်များ စိုးရိမ်

Friday, July 26, 2013

တက္ကစီ အငှားယာဉ်များ၏ CNG ထည့်သွင်းခနှုန်းထားများ မြင့်တက်လာပါက ယာဉ်ငှားရမ်းခများ လိုက်ပါ မြင့်တက်လာမည်ကို ခရီးသည်များ စိုးရိမ်လျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ မေလလယ်ခန့်မှစ၍ စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ ရောင်းချပေးလျက်ရှိသည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား နိုင်ငံတကာ နည်းတူ အနည်းငယ် တိုးမြှင့်မည် ဟူသည့်သတင်း ထွက်ပေါ်ခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားများ မပါဝင်ဘဲ အခြားသောယာဉ်များ၏ ထည့်သွင်းခနှုန်းထားများကိုသာ မြှင့်တင်မည်ဟု သိရသည်။

မိန်းကလေး အချစ်ဗေဒင် (အမျိုးသမီး သီသန့်) ဗေဒင် .....

Friday, July 26, 2013

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်...

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်

သံလွင်မြစ် ကျွန်းအချို့ ဟိုတယ်ဆောက်ခွင့်ပြု

Friday, July 26, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် မုတ္တမ မြို့ကြား သံလွင်မြစ်ကြောင်း အတွင်းရှိ ကျွန်း ၁၀ ကျွန်းပေါ်တွင် ဟိုတယ် တည်ဆောက်ခွင့် ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံရေးနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက The Voice သို့ ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ရန်အမေရိကန် ပညာရှင်နှစ်ဦး လာရောက်လေ့လာ


Friday, July 26, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးကို အဆင့်မြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ပြည်ပနိုင်ငံအချို့မှ ကူညီပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားရာယင်းလမ်းမကြီးအား အဆင့်မြှင့်

တင်ရန်အတွက် အမေရိကန်မှ ပညာရှင်နှစ်ဦး လာရောက် လေ့လာသွားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယောက်ျားလေးတွေအတွက်သီးသန့် အိမ်ထောင်ဖက်ဗေဒင်

Friday, July 26, 2013

တွက်နည်းကတော့
ကိုယ့်ရဲ့မွေးသက္ကရာဇ်(မြန်မာခုနှစ်)ကိုတွက်ရမှာပါ...မြန်မာခုနှစ်မသိတဲ့သူတွေအတွက်တွက်နည်းလေးပေး
မယ်ဗျာ...ကိုယ့်ရဲ့မွေးသက္ကရာဇ်(အင်္ဂလိပ်ခုနှစ်)က 1979ခုနှစ်ဆိုပါတော့..အဲဒီထဲကနေ 638ကိုနှတ်လိုက်ပါ..
( 1979 - 638 = ၁၃၄၁ ) ၁၃၄၁ ရပါမယ်... အဲဒါကိုယ့်ရဲ့မြန်မာမွေးသက္ကရာဇ်ဘဲပေါ့...

မိုးတွင်းကာလတွင် တစ်ပတ်ရစ်ကားပစ္စည်းများ အရောင်းအ၀ယ်ဖြစ်

Friday, July 26, 2013

မိုးတွင်းကာလဖြစ်သောကြောင့် ယာဉ်ကြောကျပ်သည့်အခါ ထိခိုက်မိသည့် အသေးစားများအတွက် မီးခွက်များလဲလှယ်မှုအများဆုံးပြုလုပ်ကြကြောင်း ကားပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးမှပြောပြသည်။ ဂျပန်ပစ္စည်းနှင့် တရုတ်ပစ္စည်း ကွာလတီ ကွာခြားမှုရှိပြီး ဂျပန်ပစ္စည်း တွင်လည်း အသစ်နှင့် တစ်ပတ်ရစ် ပစ္စည်း (၂) မျိုးတွင် တစ်ပတ်ရစ် ပစ္စည်းမှာ ပိုမိုအရောင်းအ၀ယ်ဖြစ် ကြောင်းသိရသည်။

ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ကိုင်ခွင့်ပေးရန် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုမှ လေးခုအား ဇူလိုင် ၂၇ ရက် အပြီးသတ်ရွေးမည်

ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ကိုင်ခွင့်ပေးရန် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုမှ လေးခုအား ဇူလိုင် ၂၇ ရက် အပြီးသတ်ရွေးမည်


ကိုလိုနီခေတ်လက်ရာ အပါအ၀င် ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်ရှိ မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်း၊ စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းနှင့် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်(၅)ရုံးဟောင်း တို့အား ဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

တင်ဒါခေါ်ယူရာတွင် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းအား ကုမ္ပဏီ ၂၄ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီအခု ၂၀ ခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ ဟိုတယ်/ခရီး ၀န်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီ ၃၀ မှ တင်ဒါတင်သွင်းပြီး ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးဟောင်းအား ကုမ္ပဏီကိုးခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ စုစုပေါင်း ကုမ္ပဏီ ၈၃ ခုအထိ တင်ဒါတင်သွင်း ခဲ့သည်ဟု သိရသည်။

ကုမ္ပဏီ ၈၃ ခုမှ ပထမဆင့်အဖြစ် ကုမ္ပဏီ ၂၁ ခုကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်နှင့် ၂၀၁၃ ခုနှစ် ဇွန် ၂၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများတွင် အပြီးသတ် ရွေးချယ်ရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့အတွက် ဆန်ခါတင် ကုမ္ပဏီ ၂၁ ခုမှ ပဏာမအဆင့် ကုမ္ပဏီ ၁၃ ခုကို ထပ်မံစစ်ထုတ်ခဲ့ကြောင်း သိရသည်။

ရုံးဟောင်း တစ်ခုအတွက် ကုမ္ပဏီတစ်ခုအား ရွေးချယ်မည်ဖြစ်ရာ စုစုပေါင်းကုမ္ပဏီ လေးခုအား ရွေးချယ်မည် ဖြစ်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုထဲမှ ကုမ္ပဏီလေးခုအား အပြီးသတ် ရွေးမည်ဖြစ်ကြောင်း၊ ရွေးချယ်ပြီးစီးပါက အများပြည်သူသို့ ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီ ၁၃ ခုထဲတွင် နိုင်ငံခြားဖြင့် ဖက်စပ်ကုမ္ပဏီများနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသာ ပါဝင်ကြောင်း သိရသည်။

ယခုဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူထားသည့် အဆောက်အအုံ လေးခုမှာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့်အတွက် ဟောင်းနွမ်းကာ မထိန်းသိမ်းနိုင်ပါက ပျက်စီးမည့် အနေအထားရှိကြောင်း၊ ထိန်းသိမ်းမည် ဆိုပါက လည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစိစစ်ရာတွင် စံသတ်မှတ်ချက် ကိုးချက်ဖြင့် စိစစ်ရွေးချယ်ပြီး အဆိုပါ ကိုးချက်ထဲတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ပြင်ဆင်နိုင်မှုဆိုင်ရာ တင်ပြချက် အချက်ကို ထည့်သွင်းထားသည်။

ထို့အတွက် တင်ဒါအောင်သည့် ကုမ္ပဏီများ အနေဖြင့် ရှေးမူလက်ရာမပျက် ပြုပြင်လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်သည့် ကုမ္ပဏီများ၏ ပြင်ဆင်တည်ဆောက်မှုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဖွဲ့ထားသည့် အဖွဲ့ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ --ဆူလေးဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Eleven Media::
ဓာတ်ပုံ --ဆူလေးဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကိုလိုနီခေတ်လက်ရာ အပါအ၀င် ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲခဲ့သည့် ANA လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲမည်

တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲခဲ့သည့် All Nippon Airways (ANA) လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ နေ့စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ယခင်က တိုကျို-ရန်ကုန် ခရီးစဉ်အား Business Class သီးသန့် ဖြစ်သည့် ဘိုးရင်း ၇၃၇-၇၀၀ ER လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲနေရာမှ ဘိုးရင်း ၇၆၇-၇၀၀ ER လေယာဉ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဟု သိရသည်။

ဇွဲကပင်တောင်တွင် ပထမဆုံး ကောင်းကင်ရထား တည်ဆောက်ရန် စတင်လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂၆
ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တွင် မြန်မာနိုင်ငံတွင်း ပထမဆုံး ကောင်းကင်ရထား (Cable Car) သွားလာနိုင်ရေး တည်ဆောက်သွားရန် မလေးရှားနိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ကရင်ပြည်နယ် ဇွဲကပင် ဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇက The Voice သို့ မိန့်ကြားသည်။

ကမ္ဘာ့ကျော်တချို့၏အဆိုအမိန့်များ