Pages

Friday, July 26, 2013

Taxi အငှားယာဉ်များ၏ CNG ထည့်သွင်းခနှုန်း မြင့်တက်လာပါက ယာဉ်ငှားခများ လိုက်ပါ မြင့်တက်လာမည်ကို ခရီးသည်များ စိုးရိမ်

Friday, July 26, 2013

တက္ကစီ အငှားယာဉ်များ၏ CNG ထည့်သွင်းခနှုန်းထားများ မြင့်တက်လာပါက ယာဉ်ငှားရမ်းခများ လိုက်ပါ မြင့်တက်လာမည်ကို ခရီးသည်များ စိုးရိမ်လျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ မေလလယ်ခန့်မှစ၍ စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ ရောင်းချပေးလျက်ရှိသည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား နိုင်ငံတကာ နည်းတူ အနည်းငယ် တိုးမြှင့်မည် ဟူသည့်သတင်း ထွက်ပေါ်ခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားများ မပါဝင်ဘဲ အခြားသောယာဉ်များ၏ ထည့်သွင်းခနှုန်းထားများကိုသာ မြှင့်တင်မည်ဟု သိရသည်။

“ဘတ်စ်ကားပဲ ဖြစ်ဖြစ်၊ တက္ကစီပဲ ဖြစ်ဖြစ် ဈေးနှုန်းက အ သက်သာဆုံးနှုန်းထားနဲ့ လုပ်ပြီး ပေးနေခဲ့တာတော့ သိပါတယ်၊ CNG ဈေးမြင့်ရင် ကားငှားရမ်းခ ဈေးတွေပါ မြင့်လာမှာကိုပဲ စိုးပါတယ်၊ အခုတောင်မှ ကျွန်တော် တို့က ဓာတ်ဆီကားမို့၊ ဒီဇယ်ကား မို့ဆိုပြီး ဈေးပိုတောင်းကြတယ်၊ CNG ကားတွေက ပုံမှန်လောက်ရှိနေတာ၊ CNG ဈေးတက်ပြီဆိုရင်တော့ သူတို့လည်း လိုက်တက်မှာ စိုးရိမ်ပါတယ်”ဟု ခရီးသည်တစ်ဦးက ဆိုသည်။

“CNG တက္ကစီဆိုပြီး မောင်းရတာ အုံနာခက ဓာတ်ဆီ၊ ဒီဇယ် ကားထက် မြင့်တယ်၊ အခုလည်း CNG ဈေး တက်မယ်ကြားလို့ ညဘက်တွေ ကားသိမ်းခါနီးတိုင်း CNG ကို အပြည့် သွားသွားဖြည့် ထားရတယ်၊မနက်ရောက်ရင် ဈေးတက်နေတာနဲ့ ကြုံမှာစိုးလို့” ဟု အငှားယာဉ်မောင်း ဦးကျော်လင်း က ပြောသည်။

လက်ရှိတွင် စွမ်းအင်ဝန်ကြီး ဌာနမှ CNG ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ အတိအလင်း ထုတ်ပြန်ချက်များ မပြုသေးဘဲ ပုံမှန်ဈေးနှုန်းအတိုင်းသာ ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်းသိရသည်။

Automobile , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment