Pages

Friday, July 26, 2013

ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ရန်အမေရိကန် ပညာရှင်နှစ်ဦး လာရောက်လေ့လာ


Friday, July 26, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးကို အဆင့်မြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ပြည်ပနိုင်ငံအချို့မှ ကူညီပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားရာယင်းလမ်းမကြီးအား အဆင့်မြှင့်

တင်ရန်အတွက် အမေရိကန်မှ ပညာရှင်နှစ်ဦး လာရောက် လေ့လာသွားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အဆင့်မြှင့်တင် အကူအညီ ပေးရန်အတွက် ဆွေးနွေးထားသည့် နိုင်ငံ
များမှာအမေရိကန်၊ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ရန်ကုန်-မန္တလေး အမြန် 
လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ကူညီဆောင်ရွက်သွားမည်ဟု ဆွေးနွေး ထား
ကြောင်း ၄င်းအဆိုအရ သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံ အလည်အပတ် လာရောက်ပြီးချိန်တွင် လာရောက်ခဲ့

ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ငွေကြေးအကူအညီ ပေးနိုင်ခြင်း မရှိသေးသဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအ
ညီများ ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ များကို စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ၄င်းအဆိုအရ သိရသည်။

“နိုင်ငံတော်အနေနဲ့ ဒီလမ်းကြီးကို တိုးချဲ့ဖို့ ဘတ်ဂျက်လျာထားနိုင်ခြင်း မရှိသေးပါဘူး၊ လောလော
ဆယ်မှာ

ပြုပြင်ထိန်းသိမ်းရေး ရန် ပုံငွေနဲ့ ဘတ်ဂျက်နှစ်အလိုက်နည်းနည်းစီ လုပ်သွားနိုင်တဲ့ အနေအထားပဲ ရှိပါတယ်
၊ လမ်းအကာအကွယ်တန်းတွေကို တစ်နှစ် မိုင်နှစ် ဆယ်နှုန်း၊ ကွန်ကရစ်ခင်းတာကိုလည်း တစ်နှစ် ၁၀ မိုင်
လောက်ပြီးအောင်၊ ကွန်ကရစ်အကာအကွယ်တုံးတွေ တိုးချဲ့တပ်ဆင်နိုင်အောင် စီစဉ်ထားရတဲ့ အနေအ
ထားပါ၊ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း ဆိုးရွားတဲ့နေရာတွေ၊ ယာဉ်မတော်တဆမှု ဖြစ်တတ်တဲ့နေရာ
တွေ ကို အဓိကထား ဆောင်ရွက်နေပါ တယ်”ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြောပြသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၀၉ ခုနှစ်၊ မတ်လမှ ၂၀၁၃ ခုနှစ်၊ ဧပြီလအထိ ယာဉ်မတော်

တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရရှိ သူ ၆၇၈ ဦးရှိခဲ့ကြောင်း၊ ယာဉ်မောင်းပေါ့ဆမှု၃၀၅ မှု၊ ယာဉ်
ချွတ်ယွင်းမှု ၁၁၀ ၊ခရီးသည်ပေါ့ ဆမှု နှစ်မှု၊အခြားအကြောင်းအရာများကြောင့်၁၁ မှုဖြစ်ပွားခဲ့ကြောင်း အမြန်
လမ်း ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

Automobile ,RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment