Pages

Friday, July 26, 2013

ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ကိုင်ခွင့်ပေးရန် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုမှ လေးခုအား ဇူလိုင် ၂၇ ရက် အပြီးသတ်ရွေးမည်

ကိုလိုနီခေတ်လက်ရာ အပါအ၀င် ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်ရှိ မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်း၊ စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းနှင့် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်(၅)ရုံးဟောင်း တို့အား ဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

တင်ဒါခေါ်ယူရာတွင် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းအား ကုမ္ပဏီ ၂၄ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီအခု ၂၀ ခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ ဟိုတယ်/ခရီး ၀န်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီ ၃၀ မှ တင်ဒါတင်သွင်းပြီး ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးဟောင်းအား ကုမ္ပဏီကိုးခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ စုစုပေါင်း ကုမ္ပဏီ ၈၃ ခုအထိ တင်ဒါတင်သွင်း ခဲ့သည်ဟု သိရသည်။

ကုမ္ပဏီ ၈၃ ခုမှ ပထမဆင့်အဖြစ် ကုမ္ပဏီ ၂၁ ခုကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်နှင့် ၂၀၁၃ ခုနှစ် ဇွန် ၂၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများတွင် အပြီးသတ် ရွေးချယ်ရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့အတွက် ဆန်ခါတင် ကုမ္ပဏီ ၂၁ ခုမှ ပဏာမအဆင့် ကုမ္ပဏီ ၁၃ ခုကို ထပ်မံစစ်ထုတ်ခဲ့ကြောင်း သိရသည်။

ရုံးဟောင်း တစ်ခုအတွက် ကုမ္ပဏီတစ်ခုအား ရွေးချယ်မည်ဖြစ်ရာ စုစုပေါင်းကုမ္ပဏီ လေးခုအား ရွေးချယ်မည် ဖြစ်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုထဲမှ ကုမ္ပဏီလေးခုအား အပြီးသတ် ရွေးမည်ဖြစ်ကြောင်း၊ ရွေးချယ်ပြီးစီးပါက အများပြည်သူသို့ ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီ ၁၃ ခုထဲတွင် နိုင်ငံခြားဖြင့် ဖက်စပ်ကုမ္ပဏီများနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသာ ပါဝင်ကြောင်း သိရသည်။

ယခုဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူထားသည့် အဆောက်အအုံ လေးခုမှာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့်အတွက် ဟောင်းနွမ်းကာ မထိန်းသိမ်းနိုင်ပါက ပျက်စီးမည့် အနေအထားရှိကြောင်း၊ ထိန်းသိမ်းမည် ဆိုပါက လည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစိစစ်ရာတွင် စံသတ်မှတ်ချက် ကိုးချက်ဖြင့် စိစစ်ရွေးချယ်ပြီး အဆိုပါ ကိုးချက်ထဲတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ပြင်ဆင်နိုင်မှုဆိုင်ရာ တင်ပြချက် အချက်ကို ထည့်သွင်းထားသည်။

ထို့အတွက် တင်ဒါအောင်သည့် ကုမ္ပဏီများ အနေဖြင့် ရှေးမူလက်ရာမပျက် ပြုပြင်လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်သည့် ကုမ္ပဏီများ၏ ပြင်ဆင်တည်ဆောက်မှုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဖွဲ့ထားသည့် အဖွဲ့ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ --ဆူလေးဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Eleven Media::

ကိုလိုနီခေတ်လက်ရာ အပါအ၀င် ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ ရန်ကုန်မြို့လယ်ရှိ မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်း၊ စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ရုံးဟောင်းနှင့် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်(၅)ရုံးဟောင်း တို့အား ဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

တင်ဒါခေါ်ယူရာတွင် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းအား ကုမ္ပဏီ ၂၄ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီအခု ၂၀ ခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ ဟိုတယ်/ခရီး ၀န်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီ ၃၀ မှ တင်ဒါတင်သွင်းပြီး ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးဟောင်းအား ကုမ္ပဏီကိုးခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ စုစုပေါင်း ကုမ္ပဏီ ၈၃ ခုအထိ တင်ဒါတင်သွင်း ခဲ့သည်ဟု သိရသည်။

ကုမ္ပဏီ ၈၃ ခုမှ ပထမဆင့်အဖြစ် ကုမ္ပဏီ ၂၁ ခုကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်နှင့် ၂၀၁၃ ခုနှစ် ဇွန် ၂၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများတွင် အပြီးသတ် ရွေးချယ်ရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့အတွက် ဆန်ခါတင် ကုမ္ပဏီ ၂၁ ခုမှ ပဏာမအဆင့် ကုမ္ပဏီ ၁၃ ခုကို ထပ်မံစစ်ထုတ်ခဲ့ကြောင်း သိရသည်။

ရုံးဟောင်း တစ်ခုအတွက် ကုမ္ပဏီတစ်ခုအား ရွေးချယ်မည်ဖြစ်ရာ စုစုပေါင်းကုမ္ပဏီ လေးခုအား ရွေးချယ်မည် ဖြစ်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုထဲမှ ကုမ္ပဏီလေးခုအား အပြီးသတ် ရွေးမည်ဖြစ်ကြောင်း၊ ရွေးချယ်ပြီးစီးပါက အများပြည်သူသို့ ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီ ၁၃ ခုထဲတွင် နိုင်ငံခြားဖြင့် ဖက်စပ်ကုမ္ပဏီများနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသာ ပါဝင်ကြောင်း သိရသည်။

ယခုဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူထားသည့် အဆောက်အအုံ လေးခုမှာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့်အတွက် ဟောင်းနွမ်းကာ မထိန်းသိမ်းနိုင်ပါက ပျက်စီးမည့် အနေအထားရှိကြောင်း၊ ထိန်းသိမ်းမည် ဆိုပါက လည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစိစစ်ရာတွင် စံသတ်မှတ်ချက် ကိုးချက်ဖြင့် စိစစ်ရွေးချယ်ပြီး အဆိုပါ ကိုးချက်ထဲတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ပြင်ဆင်နိုင်မှုဆိုင်ရာ တင်ပြချက် အချက်ကို ထည့်သွင်းထားသည်။

ထို့အတွက် တင်ဒါအောင်သည့် ကုမ္ပဏီများ အနေဖြင့် ရှေးမူလက်ရာမပျက် ပြုပြင်လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်သည့် ကုမ္ပဏီများ၏ ပြင်ဆင်တည်ဆောက်မှုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဖွဲ့ထားသည့် အဖွဲ့ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media:: RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment