Pages

Friday, July 26, 2013

သံလွင်မြစ် ကျွန်းအချို့ ဟိုတယ်ဆောက်ခွင့်ပြု

RND: July 26, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် မုတ္တမ မြို့ကြား သံလွင်မြစ်ကြောင်း အတွင်းရှိ ကျွန်း ၁၀ ကျွန်းပေါ်တွင် ဟိုတယ် တည်ဆောက်ခွင့် ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံရေးနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက The Voice သို့ ပြောကြားသည်။ မုတ္တမမြို့ အရှေ့ဘက်ခြမ်းရှိ တောင်တန်း များပေါ်တွင် ဟိုတယ်ဇုန်အဖြစ် သတ်မှတ် ပေးထားသော်လည်း မြေနေရာ လုံလောက်စွာ မရှိသည့်အတွက် အဆိုပါ ကျွန်းများပေါ် တွင် ဟိုတယ်တည်ဆောက်ခွင့် ပြုခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြား သည်။

မုတ္တမမြို့တွင် ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ပြီးသည့် နောက်ပိုင်း သံလွင်မြစ် အတွင်းရှိ ကျွန်း ၁၀ ကျွန်းကို ဂျပန်၊ စင်ကာပူ၊ ထိုင်းကုမ္ပဏီများက ဟိုတယ်ဆောက်လုပ်ရန် လာရောက် ဝယ်ယူမှုများ ရှိကြောင်း မွန်ပြည်နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

အဆိုပါ နုန်းတင်မြေနုကျွန်း ၁၀ ကျွန်းတွင် မြေတစ်ဧကပေါက်ဈေးမှာ သိန်း ၄၀ ထိ မြင့်တက်လာသော်လည်း မိုးစပါးစိုက်ပျိုးသည့် ရာသီ ဖြစ်သောကြောင့် အရောင်းအဝယ် ဖြစ်မှု နည်းပါးနေသေးကြောင်း မုတ္တမမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

မွန်ပြည်နယ်တွင် မုတ္တမအရှေ့ဘက် တောင်တန်းနှင့် စက်စဲကမ်းခြေကို မွန်ပြည်နယ်အစိုးရက ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ပေါင်မြို့နယ် ဇင်းကျိုက် ရေတံခွန်ကို မိုးရာသီ အပန်းဖြေစခန်း တည်ဆောက်ရန် ခွင့်ပြုထားသည်။

The Voice , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment