Pages

Friday, July 26, 2013

ရန်ကုန်မြို့အတွင်း ၀င်ရောက်လာသော နယ်ကားများကို လမ်းအသုံးပြုခကောက်ခံခြင်းဖြင့် ယာဉ်ကြောကျပ်ခြင်းအား ထိန်းချုပ်နိုင်ဟုဆို

Friday, July 26, 2013

ရန်ကုန်မြို့တွင်း ယာဉ်ကြော ရှင်းလင်းရေးအတွက် နယ်မှရောက်ရှိ လာသော ယာဉ်များအား ရန်ကုန်မြို့ တွင်းမောင်းနှင်မှုအတွက်ရက်အ လိုက်တွက်ချက်ပြီး အသုံးပြုခကောက် ခံသွားပါက ယာဉ်များအား အတော် အသင့်ထိန်းချုပ်သကဲ့သို့ ဖြစ်သွားနိုင် ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးမှ အကြံပြုပြောကြားသည်။

ထိုကဲ့သို့ ထိန်းချုပ်ရန်အတွက် က.ည.န မှ စတင်ဆောင်ရွက်နေသော ယာဉ်မှတ်ပုံတင်စနစ်အသစ်တွင် တိုင်းဒေသကြီးပြည်နယ်အလိုက် ဒေ သကုတ်နံပါတ်များကို တစ်ပါတည်း ဖော်ပြထားသဖြင့် မည်သည့်ဒေသမှ ကားဖြစ်ကြောင်းအလွယ်တကူသိရှိ နိုင်ကြောင်းနှင့် နယ်မှ ယာဉ်များ အလုပ်ကိစ္စဖြင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် ရန်ကုန်မြို့ တွင်းသို့ ရောက်ရှိလာပါက ထိုယာဉ် များအား ရက်အကန့်အသတ်ဖြင့် သတ်မှတ်ပေးပါက ယာဉ်ကြောကျပ် တည်းမှုများအား တစ်ဖက်တစ်လမ်း မှ ရှင်းလင်းသွားနိုင်မည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်မှသုံးသပ်ပြသည်။

“ကျွန်တော်တို့ ရန်ကုန်ကနေ နယ်ကိုသွားရင် မြို့ဝင်ကြေးတို့၊ လမ်း ကြေးတို့ပေးရတယ်။ အဲ့ဒီသဘောမျိုး ပဲ။ နယ်ဘက်က ပိုက်ဆံချမ်းသာလို့ ရန်ကုန်မှာကားသုံးမယ်။ ရတယ်သုံး။ ဒါပေမယ့် သုံးတဲ့ရက်အလိုက် Charges ကောက်ရင် ကားတွေကိုကြာ ကြာရန်ကုန်မှာ ဘယ်သူမှမသုံးတော့ ဘူး။ အဲ့ဒီမှာ ရန်ကုန်မြို့ထဲမှာယာဉ် ကြောတွေတော်တော်ရှင်းသွားမယ်။

မန္တလေးကကားတွေ၊ တောင်ကြီးက ကားတွေ၊ နယ်ကကားတွေ ရန်ကုန် မှာရောက်နေတာတွေအများကြီးပဲ။ သူ့ယာဉ်နံပါတ်အလိုက် သူသုံးရမယ့် နေရာကန့်သတ်လိုက်ရင် ယာဉ်ကြော ကျပ်တဲ့ပြဿနာက တော်တော်ရှင်း သွားမယ်” ဟုပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တကာစံချိန်မီ မဖြစ်နိုင်သေးသော် လည်း အဆင့်အတန်းမြင့်မားစေရန် နည်းပညာလိုအပ်ချက်များကို အတု ယူပါက အဆင်ပြေမည်ဟုသုံးသပ်ပြ သည်။

“စင်ကာပူနဲ့ မလေးရှားမှာဆို ရင် မလေးရှားက ချမ်းသာတဲ့လူက စင်ကာပူကိုကားမောင်းဝင်လာတယ်။ (၁၆) ရက် Date နဲ့ဝင်လာတယ်ပဲ ထားပါတော့။ ၀င်တဲ့အချိန်မှာ ပိုက် ဆံမကောက်ဘူး။ စင်ကာပူထဲမှာ ကြိုက်သလောက်မောင်း။ သူ့ဟာသူ တစ်ပတ်နေနေ၊ ဆယ်ရက်နေနေ၊ တစ်ရက်ထဲနေနေ ပြန်ထွက်ရက်မှာ Charges ကောက်တယ်။ တစ်ရက် နေရင် တစ်ရက်ဖိုး၊ တစ်ပတ်နေရင် တစ်ပတ်ဖိုး။ ပြန်ထွက်ရင်တစ်ခါ တည်းဆောင်ရတယ်။ နိုင်ငံခြားမှာ ERP စနစ်နဲ့ပေါ့။ 


ဆိုတော့ Charges ကောက်တော့ မလေးရှားကား တွေက တော်ရုံမလာတော့ဘူး။ အရေး ကြီးရင် မလေးရှားကားတွေက စင် ကာပူကကားတွေကို တစ်ရက်ပုတ် ပြတ်နဲ့ငှားကြတယ်။ နိုင်ငံအခွန်လဲရ တယ်။ ယာဉ်ကြောလဲရှင်းပြီးသားဖြစ် သွားတယ်။ မြန်မာနိုင်ငံက ခုမှအစ ဆိုတော့ သူများနိုင်ငံတွေနဲ့ ယှဉ်လို့ မရသေးဘူး။ နည်းပညာတွေအများ ကြီးလိုသေးတယ်။ အဲ့လိုလေးတွေ အတုယူသင့်တယ်” ဟု ထပ်မံရှင်းပြ ခဲ့သည်။

Auto World , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment