Pages

Saturday, November 17, 2012

သိမ်းမြေများ ပြန်မပေးလျှင် လူထုတိုက်ပွဲ ဆင်နွှဲမည်ဟု ဦးနေမျိုးဇင် သတိပေး




ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် လယ်သမားများထံမှ သိမ်းယူထားသည့် လယ်ဧက ၄၀၀၀ ကျော်ကို မူလ
ပိုင်ရှင်များထံ ပြန်မအပ်ပါက သိမ်းယူခဲ့သည့် ဖိုးလမင်းကုမ္ပဏီကိုလူထုတိုက်ပွဲ ဆင်နွှဲမည်ဟု မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင် ဦးနေမျိုးဇင်က သတိပေး ပြောဆိုလိုက်သည်။

ကျောက်မီးသွေးအတွက် တနင်္သာရီ ၈၈ များ ကွဲကြမလား၊ ပြန်ပြီး ပြေလည်နိုင်ကြမလား

တနင်္သာရီတိုင်းမှာ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိုတဲ့ ခရိုင် ၃ ခု ရှိပါတယ်။  ခရိုင်တခုစီမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ တဖွဲ့စီ ရှိသလို၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းလည်း တခုစီ ရှိကြပါတယ်။

နေပြည်တော် လွှတ်တော်ရုံးနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့ မိုးထိမိုးမိရွှေလုပ်သားများ ဆန္ဒထုတ်ဖော်သွား မည်

ရမည်းသင်းမိုးထိမိုးမိ ရွှေလုပ်ကွက်များမှ ရန်ကုန်မြို့တွင် သွားရောက် ဆန္ဒဖော်ထုတ်ခဲ့သော ရွှေလုပ်သား များ နေပြည်တော်တွင် လွှတ်တော် ရုံးနှင့် သတ္တုတွင်းဝန်ကြီး ဌာနရုံးတို့တွင် သွားရောက် ဆန္ဒထုတ် ဖော်သွား မည်ဖြစ်ကြောင်း ၎င်းအဖွဲ့ တွင်ပါဝင်သောကိုနေအောင်ထက် က ပြော သည်။

ရန်ကုန်မြို့ကိုရောက်နေပြီဖြစ်တဲ့ အိုဘားမားရဲ့စီးတော်ယာဉ် The Beast

Photo: ရန်ကုန်မြို့ကိုရောက်နေပြီဖြစ်တဲ့ အိုဘားမားရဲ့စီးတော်ယာဉ် The Beast
========================================

အမေရိကန်နိုင်ငံ ရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမား စီးတဲ့ကားကို 'The Beast' လို့အမည်ပေးထားပါတယ်..။ ကျနော့်အမြင်ကတော့ ကားလို့မခေါ်ပဲ 'တင့်ကား' လို့ခေါ်ရင်ပိုပြီး ကောင်းမလားပဲ.. :) ဘာရယ်တော့မဟုတ်ပါဘူး.. စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတ အနေ နဲ့ 'The Beast' အကြောင်း နည်းနည်းပြောကြည့်ရအောင်လားနော်...။

'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel en
gine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။ ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လ
က်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။

ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။ ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။
အမေရိကန်နိုင်ငံ ရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမား စီးတဲ့ကားကို 'The Beast' လို့အမည်ပေးထားပါတယ်..။ ကျနော့်အမြင်ကတော့ ကားလို့မခေါ်ပဲ 'တင့်ကား' လို့ခေါ်ရင်ပိုပြီး ကောင်း မလား ပဲ.. :) ဘာရယ်တော့မဟုတ်ပါဘူး.. စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတ အနေ နဲ့ 'The Beast' အကြောင်း နည်းနည်းပြောကြည့်ရအောင်လားနော်...။

မြန်မာ ယာဉ်ထိန်းရဲ လာဘ်စားနေတဲ့ ဗွီဒီယို တရုတ်နိုင်ငံ မီဒီယာတစ်ခုမှ ဖေါ်ပြ


တရုတ်နိုင်ငံရဲမီဒီယာတစ်ခုမှာကျန်ခဲ့တဲ့စက်တင်ဘာလ(၂၁)ရက်နေကဖေါ်ပြထားတဲ့ဗွီဒီယို အပိုင်းတစ်ခုဟာ “Yangon, Myanmar  Police search vehicles bribery - 实拍腐败缅甸警察查车受贿视频简介:缅甸 仰光 
警察查车受贿视” ဆိုပြီး ဖေါ်ပြထားပါတယ်။

ဗြိတိန်မှ ကမ္ဘာ့အလိမ်အညာပြိုင်ပွဲကြီး စတင်ကျင်းပ

ဗြိတိန်မှ ကမ္ဘာ့အလိမ်အညာပြိုင်ပွဲကြီး စတင်ကျင်းပ

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကမ္ဘာ့အလိမ်အညာ ပြိုင်ပွဲကို စတင်နေပြီ ဖြစ်သည်။ အဆိုပါ ထူးထူးဆန်းဆန်း ပြိုင်ပွဲကို (၁၉)ရာစုနှစ်က Bridge Innမြေရှင်ကြီး ဝီလ်ရစ်ဆန်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

မြန်မာအပါအဝင် အာရှသုံးနိုင်ငံခရီးစဉ် အမေရိကန်သမ္မတအိုဘားမား စတင်

obama
(မြန်မာအပါအဝင် အာရှသုံးနိုင်ငံခရီးစဉ် စတင်ထွက်ခွာသော အိုဘားမား

Air Force One လေယာဉ်ပေါ်မှ လက်ပြနှုတ်ဆက်နေစဉ်)
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားသည် ၎င်း၏ အာရှဒေသ သုံးနိုင်ငံခရီးစဉ်ကို ဝါရှင်တန်အနီ;အင်ဒရူး
လေတပ်စခန်းမှ Air Force One လေယာဉ်ဖြင့် ယနေ့ စတင်ထွက်ခွာပြီ ဖြစ်သည်။ ယခုခရီးစဉ်သည် ဒုတိယ
သမ္မသက်တမ်းအတွက် ထပ်မံရွေးကောက်ခံရပြီးနောက်အိုဘားမား၏ပထမဆုံးနိုင်ငံရပ်ခြား ခရီးစဉ်လည်း
ဖြစ်သည်။

ကျပ် ၄၇ သိန်းတန် ဂျီအက်စ်အမ် ဖုန်းနံပါတ်

ကျပ် ၄၇ သိန်းတန် ဂျီအက်စ်အမ် ဖုန်းနံပါတ်

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်း နံပါတ်အပူးများကို ယမန်နေ့က မန္တလေးမြို့တွင် လေလံတင်ရောင်းချခဲ့ရာ ဂျီအက်စ်အမ် နံပါတ်တစ်ခုအား ကျပ် ၂၅ သိန်းအထိ ဈေးရရှိခဲ့ ကြောင်း သတင်းရရှိ သည်။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရန် အတွက်ဟုဆိုကာ မိုဘိုင်းဖုန်းလိုင်း နံပါတ်အပူးလေလံပွဲတွင် ဂျီအက်စ်အမ်ဂဏန်းအပူးနံပါတ် ၃၇ လိုင်းနှင့် ဒဗ လျူစီဒီအမ်အေ အပူးနံပါတ် ၂၃
လိုင်းတို့ကို ရောင်းချခဲ့ပြီးမူလဈေးနှုန်းထက်အဆပေါင်းများစွာမြင့်သော လေလံတင်ဈေးများဖြင့် ရောင်းချနိုင်
ခဲ့သည်။

အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည်


အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင် တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။ ''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်း
မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘ၀"




KTV ၊ (မာဆက်) အနှိပ်ခန်း၊ စားသောက်ဆိုင် များတွင် လှည့်  လည် ဖျော်ဖြေ ရေးး အ သွင်ဆောင်နေကြတဲ့ မော်ဒယ် မလေးများ အကြောင်းဖြစ်ပါတယ်၊အဆို ပါမိန်းကလေးများမှာ များသော အားဖြင့်  ရုပ်ရည်ချောမောပြေပြစ်ကြ သူများဖြစ်ကြပါတယ်။

၉/၁၁ ကမ္ဘာကျော် အမှု့ကြီးကို ကျုးလွန်ခဲ့သူဟု လူအများက သိထားသော အိုစမာဘင်လာဒင်အကြောင်း

သင်တို့သိသော အိုစမာဘင်လာဒင် (Tim Cahill)

၉/၁၁ ကမ္ဘာကျော် အမှု့ကြီးကို ကျုးလွန်ခဲ့သူဟု လူအများက သိထားသော 
အိုစမာဘင်လာဒင်..............

အတွင်းကျကျ လေ့လာကြည့်ကြပါဆို့.........................

အိုစမာဘင်လာဒင်သည် ဆော်ဒီတော်ဝင် မိသားစုဝင်ဖြစ်သလို လွန်စွာမှ
လည်း ဦးနှောက်ကောင်းသူတစ်ယောက်ဖြစ်သည် ။ မျိုးချစ်စိတ်ဓာတ်
ပြင်းထန်သလို နိုင်ငံအပေါ်တွင်လည်း သစ္စာရှိသည် ။ ထိုသူမျိုးသည်အဘယ်
ကြောင့် သူပုန်တစ်ယောက်ဖြစ်သွားပါသနည်း ။ သူပုန်ဖြစ်စေရန်ဘယ်အချက်
တွေက သူ့ကိုတွန်းအားပေးခဲ့သနည်း ။ မျှမျှတတ နှင့် Scientists ကျကျ
လေ့လာကြည့်ကြပါဆို့ ။ ဆော်ဒီနိုင်ငံ၏ အဓိကပြဿနာမှာ ရေနံထုတ်လုပ်
ရေးပင်ဖြစ်သည် ။ ဆော်ဒီလူမျိုးများသည် ဒုတိယကမ္ဘာစစ်၏ ဒဏ်ကိုခံခဲ့ရ
သောနိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည် ။ ကျွန်ဘ၀မှလွန်မြောက်မည်မကြံသေး
ပြဿနာနောက်တစ်ခုက ပေါ်လာပြန်သည် ။ ထိုအရာမှာအဘယ်နည်း.......

ဆော်ဒီနိုင်ငံနှင့် အမေရိကန် Oil Consumer ...............

ဖွံ့ဖြိုးတိုးတက်မှု နည်းနေသော ဆော်ဒီနိုင်ငံသို့ အမေရိကန် ရေနံအရင်းရှင်
များ အလုံးအရင်းနှင့်ဝင်လာသည် ။ ကမ်းလှမ်းမှုတွေလုပ်လာသည် ။ နိုင်ငံ
ကို တစ်ဖက်တစ်လမ်းမှ တိုးတက်အောင်လုပ်ပေးမည် ဆိုပြီးရေနံ 
ရေနံဖောက်သည် တစ်ဦးအဖြစ် ဆော်ဒီနိုင်ငံအတွင်းသို့ အခြေချမှုတွေများ
လားသည် ။ ထိုသည်မှာ ပြဿနာဖြစ်ဖို့ အကြောင်းဖန်လာခြင်းဖြစ်သည် ။ 

အများအားဖြင် ဆော်ဒီ ၊ အီရန် ၊ အာဖဂန်နစ္စတန် ၊ အီရတ် နိုင်ငံသူ 
နိုင်ငံသားများသည် အမေရိကန်လူမျိုးများကို ကြည့်လို့မရ ။ အဘယ်ကြောင့်
ဆိုသော် ထိုသူများသည် မိမိနိုင်ငံကို နယ်ချဲ့ပြီး မိမိလူမျိုးများကို နှိပ်စက်ကလူ
ပြုခဲ့သမျှကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သောကြောင့်ဖြစ်သည် ။ ထိုသို့ဆို
လျှင် မိမိနိုင်ငံအတွင်းတွင် လာရောက်စီပွားရေးလုပ်ရုံမျှနှင့်တော့ အကြမ်းဖက်သမား မဖြစ်လောက်ဟု စောဒကတက်ကြပေလိမ့်မည် ။ 
မှန်ပါသည် လုံးဝ မဖြစ်ပါ ။ သို့သော် အကြောင်းအရင်းများကတော့ရှိနေသည်

အမေရိကန်တို့သည် အစ္စလာမ်မစ် နိုင်ငံများသို့ စီးပွားရေးလုပ်ရန်အလို့ငှာ
လာရောက်ကြ ချည်ကြီးသာမဟုတ် ။ ရေနံတစ်ခုတည်းကို အလိုရှိလို့သာ
လာကြသည်မဟုတ် ။ စီးပွားရေးကို ဘန်းပြပြီး ဆော်ဒီနိုင်ငံအတွင်းတွင် 
အမေရိကန်များက အပန်းဖြေစခန်းများ ၊ အားလပ်ရက်အနားယူရန် 
ဘန်ဂလိုများ ၊ ကျောင်းများ ၊ ကစားကွင်းများ ကို အချိန်အနည်းငယ်အတွင်း
မှာပင် မြောက်များစွာကိုတည်ဆောက်နိုင်ခဲ့သည် ။ 

သို့သော်လည်း ထိုမျှမကသေး...........................

ဆော်ဒီလူမျိုးများကို အယုံအကြည် မရှိဟုဆိုကာ ထိုတည်ဆောက်ထားသော
အဆောက်အဦးများထဲသို့ အမေရိကန်မှအပ မည်သူတစ်ဦးတစ်ယောက်ကို
မျှဝင်ခွင့်မပေး ။ ဆော်ဒီ လုံခြုံရေးတပ်များကိုလည်း မိမိတို့အတွက် လုံခြုံရေး
ယူပေးပါဟုတောင်းဆိုခဲ့သည် ။ ဒီလူမျိုးကို မယုံမှတော့ လုံခြုံရေးဘာအတွက်
ယူခိုင်မည်နည်း ။ (ဒါကအခြေအနေတင်းမာဖို့ အကြောင်းအရင်းတစ်ရပ် )


နောက်တစ်ချက်က အမေရိကန်သမ္မတ ဂျော့်ရှ် ဒဘလျူ ဘုရှ်............

ဆော်ဒီဘုရင်နှင့် အမေရိကန်နိုင်ငံသို့ ရေနံ တင်ပို့မည့် ကိစ္စတွင် ဆော်ဒီဘက်
က ရေနံအလုံအလောက် မပေးနိုင်သောကြောင့် ဘုရှ်က အငြိုးထားလေသ
လားမသိ ။ သို့သော်လည်း နောက်ပိုင်းညှိနှိုင်းမှု တွင်အဆင်ပြေသွား
လေသည် ။ (ဒါက ဒုတိယ အချက်)

မင်္ဂလာဆောင်ကို ၀င်ဖျက်တဲ့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့များ.............


ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များသည် နေကာရှာဒီကို အလွန်ပင်
တန်ဖိုးထားကြလေသည် ။ အထူးသဖြင့် မိန်းကလေးဘက်ကပေါ့ ။
ထိုသို့ လေးထား ၊ တန်ဖိုးထားသော မင်္ဂလာဆောင်တစ်ခုကို အကြောင်းမရှိ
ပဲနှင့် ၀င်ရောက်ဟန့်တား နှောက်ယှက်လျှင် သင်တို့အနေနှင့် ကြိုက်ပါ့မလား


အဆိုးဆုံးမှာ ယင်းမင်္ဂလာဆောင်သည် ဘင်လာဒင့် အမျိုးတစ်ယောက်၏
မင်္ဂလာဆောင်ပင်ဖြစ်သည် ။ လုပ်ကြံဖို့ သတင်းရသောကြောင့် လာရောက်ရှာ
ဖွေသည်ဟုပြောသော်လည်း တစ်ကယ်တမ်းရှားသောအခါ ဘာမျှမတွေ့ ။
ဘာကြောင့်ရှာသည် ၊ ဘယ်သူခိုင်းသည် ဟု မေးသော်လည်း မည်သှူမျှရေရေ
ရာရာ မဖြေနိုင်ကြ ။ (ဒါက တတိယ အချက်)

အမေရိကန်တို့က ဘင်လာဒင်ကို ချောက်တွန်းလိုက်လေသလား..........

အမေရိကန်တို့အတွက် ရေနံလိုသလောက်မရနိုင်ချင်းမှာ ဘင်လာဒင်ကြောင့်
ဟု အမေရိကန်တို့က ယူဆထားသည် ။ မိမိတို့ လမ်းတွင် ဘင်လာဒင်က
ဆူးညှောင့်ခလုတ်တစ်ခုဖြစ်နေသည် ဟု ထင်နေသည် ။ ထို့ကြောင့် အပြစ်
တစ်ခုခုရှာပြီး ဘင်လာဒင်ကို ပထုတ်ရပေမည် ။ 

ဟုတ်ပြီ........ ဘယ်လိုလုပ်မည်နည်း ............................

အရင်ဆုံး သူ့ကို တောဝင်မိသားစုအတွင်းမှ ပထုတ်ရမည် ။ ထို့အတွက်မည်
သူ့ကို စည်းရုံးရမည်ဆိုတာကို ခေါင်းကြီးအမေရိကန်တို့က ကောင်းကောင်း
သိသည် ။ “အုပ်ဆိုးရသူ ဆော်ဒီဘုရင်ပေါ့ ”................

ဦးစွာ နိုင်ငံတော် နှင့် မိသားစု သိက္ခာကျအောင် လုပ်ဖို့ကြံစည်နေသည် 
ဟု သတင်းလွှင့်သည် ။ ပြီးမှ ဘုရင်ကို စည်းရုံးသည် ။ ဘုရင်ကတော်တော်
နှင့်မယုံ ။ သို့သော်လည်း ပြောပါများတော့ စိတ်ကယိုင်လာသည် ။ 
ဘင်လာဒင်ကို မယုံသင်္ကာ ဖြစ်လာသည် ။ အခြေအနေကိုစောင့်ကြည့်ခိုင်း
ထားသည် ။ ဘင်လာဒင်သည် ဆော်ဒီနှင့် အစ္စလာမ့် တိုင်းပြည်တို့အတွက်
“သူရဲကောင်းတစ်ဦး” ဖြစ်သည် ။ သူ့တွင် နောက်လိုက်ငယ်သားများစွာရှိ
သည် ။ ထိုအချက်ကိုပင် ဆော်ဒီဘုရင်က လုပ်ကြံအာဏာယူဖို့ ကြံစည်နေ
သည်ဆိုပြီး တော်ဝင်မိသားစုမှ ထုတ်ပယ်လိုက်သည် ။ 

ယခုတော့ သာမန်အရပ်သား ဘင်လာဒင်ဖြစ်သွားတော့သည်လေ........
(ဒါက နောက်တစ်ချက်)

အာဏာယူဖို့နဲ့ တစ်ကမ္ဘာလုံးကိုအကြမ်းဖက်ဖို့ လုပ်နေပါတယ်ဆိုပြီးတော့
သက်သေပြဖို့ ၉/၁၁ ....................

အကြမ်းဖက်သမားများက ပထမဆုံး လေယာဉ်ကို ပြန်ပေးဆွဲသည် 
နောက်တော့ ပိုင်းလော့ကို World Trade Center ကို ဦးတည်ပြီးတော့
မောင်းခိုင်းသည် ။ နောက်တော့ အပေါ်ပိုင်းကို တိုက်ချလိုက်သည် ။ 

ပြီးပြီ အမေရိကန်တို့ အကြံအစည် အထမြောက်သွားပြီ................
လုပ်ကြံမှုကြီးအောင်မြင်သွားပြီ.......................

ကဲသမားရိုးကျ စဉ်းစားကြည့်ရအောင်ဗျာ................

လေယာဉ်တိုက်လိုက်တာက ပေါ်ပိုင်းလေးတင်ပါ ။ ဒါတောင်မှ ပြတ်သည်အ
ထိတိုက်လိုက်တာမဟုတ်ဘူး ။ ဒါဆိုရင်ဘာလို့ အထပ် ၁၀၀ ကျော်ရှိတဲ့
တိုက်ကြီးဟာ ပုံကျသလို ပျက်စီးသွားရတာလဲ ။ လျှောက်ရွှီးနေတာမဟုတ်
ဘူးနော် ။ စဉ်းစားမိရဲ့လား ။ ဥပမာဗျာ.............

သဲတွေနဲ့ ဆောက်ထားတဲ့ အမြင့်သုံးထပ်ပါတဲ့ တိုက်တစ်လုံးပေါ့ဗျာ.......
အပေါ်ဆုံးအထပ်ကို ဖြိုလိုက်ရင် အပေါ်ဆုံးအထပ်ပဲ ပြိုသွားမှာလေ ။ 
မဟုတ်ဘူးလား ။ အောက်ထပ်တွေနဲ့ဘာဆိုင်လို့လဲ ။ အဲ ဆိုင်တယ်ဆိုရင်
တောင် ဒုတိယ အထပ်မှာ အနည်းအကျည်း လာထိခိုက်မှာပဲ ။ ဒီလောက်ပဲ
ရှိတယ် ။ အခုတော့ အထပ် ၁၀၀ ကျော်တဲ့တိုက်ကြီးမှာ ၁၀၀ အပေါ်အထပ်
တွေကိုပဲ တိုက်မိရုံနဲ့ အထပ် ၁၀၀ လုံးပုံကျသလို ပျက်စီးသွားရောလား ။ 
လုံးဝမဖြစ်နိုင် ။ အထဲမှာ အထပ် ၁၀၀ လုံးကို ဖျက်ဆီးဖို့ မိုင်းတွေရှိနေရမယ်။
အဲသလိုပဲ အမေရိကန် သုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ 
Terry Mayson ကလည်း ဒီအဆောက်အအုံဟာ မီးလောင်ရုံလောက်နဲ့ 
မပျက်ဆီးနိုင်ဘူး ။ ဒီလုပ်ကြံမှုနောက်ကွယ်မှာ ပြုပြင်ဖန်တီးမှုတစ်ခုကို ပြုလုပ်ထားတဲ့သူတွေရှိတယ် ။ အဲဒါဟာ အစိုးရပဲ ။ ဒါတွေကိုလည်း အင်မ
တန် လွတ်လပ်ပြီး အမှန်အတိုင်း ရေးသားပါတယ် ဆိုတဲ့ မီဒီယာတွေက
လည်း ဖုံးကွယ်ဖို့ ကြိုးစားနေကြတယ် လို့ ဝေဖန်ပြောဆိုသွားပါတယ် ။

ဘင်လာဒင်ကိုယ်တိုင်ကလည်း Al Jerzira သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ သူ့
ကိုယ်ပိုင် ဗီဒီယိုမှာ “ တိုက်ခိုက်မှုမှာ ကျုပ်ပါဝင်ပက်သက်မှုမရှိဘူး ။ တိုက်
ခိုက်တာကို ကျုပ်သိတောင်မသိဘူး ။ ဒါဟာ အမေရိကန် ပြည်ထောက်စုက 
ဖုံးကွယ်ထားတဲ့ လျှို့ဝက်ကြံစည်မှုပဲ ။ ဒါဟာ ခေတ်သစ် ခရူးဆိတ်ကိုဖန်တီး
လိုက်တာပဲ ” လို့ ပြောကြားခဲ့ပါတယ် ။ 


ကျွန်တော်တို့အနေနှင့် သူပြောတာကို ယုံကြည်ရလိမ့်မည် . .............

တိုက်ခိုက်သမျှ ကိစ္စများတွင် ဘင်လာဒင်သည် တရားဝင်ထုက်ပြောခဲ့သည်
ချည်းသာ...... 

အမေရိကန် အစိုးရသည် တိုးပွားလာသော အစ္စလာမ်ဘာသာအား ထိန်းချုပ်
ရန် ထိုကဲ့သို့ ဖန်တီးလေသလား......... ဟု တွေးထင်စရာရှိလာပါသည် ။ 

အတွင်းကျကျ စီမံထားလေသလား ဘုရှ်ရယ်.............

ယနေ့တိုက်ခိုက် နေကြသော အကြမ်းဖက်သမားများသည် ဘာကြောင့်မို့လို့
အသေခံတိုက်ခိုက်နေကြသနည်း .............

ဘာသာခြားတွေ ပပျောက်သွားဖို့လား .............
မဟုတ်ပါ............ လုံးဝယုတ္တိမရှိသော စွပ်စွဲချက် ဖြစ်သည် ။ 
အစ္စလာမ်ဘာသာဝင်များအား သိက္ခာကျအောင် တမင်ပြုလုပ်ခြင်းပင်ဖြစ်သည် ။

အကြမ်းဖက်သမားများဖြစ်သွားရခြင်းမှာ အမေရိကန်၏ ပယောဂ မကင်း.....
အဘယ်ကြောင့်ဆိုသော်  ဘုရှ်သည် ရေနံ ရဖို့ နှင့် စစ်တိုက်ဖို့လောက်သာ
ဆန္ဒရှိသည် မဟုတ်ပါလား ။ 

အစ္စလာမ်မစ်  စစ်သွေးကြွဟု ပေါ်လာသည်မှာ ဆယ်စုနှစ်တစ်ခုလောက်ပဲ
ရှိသေးသည် ။ စစ်သွေးကြွ များ ဘာကြောင့် ပေါ်လာသည်ကို ပြောနေလျှင် 
ပြီးတော့မည် မဟုတ် ။ အဓိက အချက်များကိုပင် ပြောတော့မည် .။

အရင်းရှင် စီးပွားရေးစနစ်ကို မုန်းတီးခြင်း  ၊ စီးပွားရေး ဗန်းပြပြီး မိမိတို့ 
နိုင်ငံအတွင်းတွင် ကြိုက်သလို ချယ်လှယ်နေထိုင်ခြင်း  ၊ မိမိတို့ပိုင်မြေများ
အတွင်း အဆောက်အဦးများ ဆောက်ပြီး လူများ အစုလိုက် အပြုံလိုက် ၀င်
လာခြင်း ၊ မိမိ နိုင်ငံအတွင်း နေထိုင်ပြီး မိမိ လူမျိုးများကို နှိမ့်ချဆက်ဆံခြင်း
တို့ကြောင့်ဖြစ်သည် ။ 

ကျွန်တော်တို့ဆိုလျှင်လည်း ထိုသို့ ပင်ဖြစ်သွားမှာ သေချာသည် ။ 

ဘင်လာဒင်လိုလူမျိုးကို အမေရိကန် အစိုးရက ကိုယ့်အကျိုးစီးပွားရေးတစ်ခု
တည်းအတွက် ရှင်းပစ်လိုက်ချင်းမှာ ကမ္ဘာကြီးအဖို့များစွာနစ်နာပါသည် ။ 
အဘယ်ကြောင့်ဆိုသော် သူသည် လူတော် တစ်ယောက် ဖြစ်သောကြောင့်
ဖြစ်သည် ။ ကမ္ဘာ့ဦးနှောက်အကောင်းဆုံးသူတစ်ယောက်ဖြစ်သည် ။ 

ဥပမာပြပါဆိုလျှင်...............

အမေရိကန်စစ်သားများက ဘင်လာဒင် ရှိသည်ဟု သေချာသောတောင်ထဲသို့
ဒုံးကျည် တစ်စင်းပစ်လွှတ်လိုက်လေသည် ။ ထိုတောင်မှာဝင်ပေါက်အနေနှင့်
လေးပေ သာကျယ်သည် ။ ထိုဒုံးကျည်သည် လေးပေ ၀င်ပေါက်အတွင်း 
ဘယ်ညာ တစ်ပေစီ ခွာပြီးတော့ ၀င်သွားသည် ။ သို့သော် သိပ်မကြာလိုက်
ထိုဝင်သွားသော ဒုံးကျည်သည် လာရာလမ်းအတိုင်း ပြန်ထွက်လာသည် ။ 
အမေရိကန် စစ်သားများ သြချ ယူခဲ့ရသည် ။ ပုံပြင်မဟုတ် ၂၁ ရာစုထဲမှ
တစ်ကယ့် အဖြစ်မှန်ဖြစ်သည် ။ 

ထိုကဲ့သို့ဖြင့် အစ္စလာမ်ဘာသာဝင်များကို အမေရိကန်အစိုးရက အကြမ်းဖက်
သမား ယောင်ယောက် တစ်ကမ္ဘာလုံးသိစေဖို့ ဖန်တီးခဲ့လေသည် ။ 

ယနေ့ မြန်မာအစိုးရတွင်လည်း ထိုကဲ့သို့သော လုပ်ဆောင်မှုများရှိနေသည် ။ 
ထို့အတွက် အကျိုးဆက်များ ရှိလာလိမ့်မည်ဟု သတိပေးလိုက်ပါသည် ။ 

                                                                 ဂုဏ်သိက္ခာရှိစွာဖြင့်
                                                                         Tim Cahill

၉/၁၁ ကမ္ဘာကျော် အမှု့ကြီးကို ကျုးလွန်ခဲ့သူဟု လူအများက သိထားသောအိုစမာဘင်လာဒင်အကြောင်း
တွင်းကျကျ လေ့လာကြည့်ကြပါဆို့.........................။ အိုစမာဘင်လာဒင်သည် ဆော်ဒီတော်ဝင် မိသားစုဝင်
ဖြစ်သလို လွန်စွာမှ လည်း ဦးနှောက်ကောင်းသူတစ်ယောက်ဖြစ်သည် ။ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သလို နိုင်
ငံအပေါ်တွင်လည်း သစ္စာရှိသည် ။ ထိုသူမျိုးသည်အဘယ် ကြောင့် သူပုန်တစ်ယောက်ဖြစ်သွားပါသနည်း ။

အရွယ် မရောက်သေးသည့် မိန်းမပျို တစ်ဦးအား အောင်ဇေယျ ကြိုးတံတား တာဝန်ကျ ရဲမှ ကူညီပါရစေဟုပြော၍ တည်းခိုခန်းသို့ ခေါ်ဆောင်၍ သား၊မယားအဖြစ် ပြုကျင့်

လှိုင်သာယာမြို့နယ် အတွင်း၌ အောက်တိုဘာ ၂၇ ရက်က အစ်ကိုနှင့် ရန်ဖြစ်ပြီး နေအိမ်မှ ထွက်လာသော အရွယ် မရောက်သေးသည့် မိန်းမပျို တစ်ဦးအား အောင်ဇေယျ ကြိုးတံတား တာဝန်ကျ ရဲမှ ကူညီပါရစေ ဟုပြော၍တည်းခိုခန်းသိုခ်ါဆောင်၍သား၊မယားအဖြစ် ပြုကျင့်ခဲ့သော ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်
ဖွဲ့ဝင် များထံမှ စုံစမ်း သိရှိရသည်။

တာလီဘန် အကြမ်းဖက်-အိုစမာဘီလာဒင်ကို နှိမ်နှင်းနိုင်တဲ့  အိုဘားမား မြန်မာနိုင်ငံကို လာပြီ

တချိန်ကစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်တဲတာလီဘန်ခါင်းဆာင်အိုစမာဘီလာဒင်ကို သုတ်သင်
ရှင်းလင်း သတ်ဖြတ်နှိမ်နှင်း နိုင်ခဲ့ သူ ဟာ ဒုတိယအကြိမ်မြောက် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့  မစ္စတာဘားရက်အိုဘားမားဘဲဖြစ် တယ် ။ အိုစမာဘီလာဒင်ဆိုသူဟာ သူ့ ရဲ့  အကြမ်းဖက်ကွန်ယက်နဲ့  ကမ္ဘာကြီးကို ခြိမ်းခြောက်နေခဲ့တာဖြစ်တယ် ။ ပါကစ္စတန်နိုင်ငံထဲမှာ ပုန်းအောင်းနေထိုင် ခိုလှုံနေခဲ့ တယ် ။

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေ


အမေရိကန်သမ္မတအိုဘားမားသည်မြန်မာနိုင်ငံရန်ကုန်မြို့သို့နိုဝင်ဘာ၁၉ရက်နေ့တွင် သမိုင်းဝင်ခရီးစဉ်အ
ဖြစ်ရောက်ရှိလာမည်ဖြစ်သည်။ယင်းနှင့်အပြိုင်အမေရိကန်ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကိုမြန်မာ့ရေပြင်
ပိုင်နက်တွင်တွေ့မြင်ရသည့်သတင်းတစ်ရပ်လည်းငါးဖမ်းစက်လှေများသတင်းရပ်ကွက်တွင် ထွက်ပေါ်လာ
ခဲ့သည်။

အပြည်ပြည်ဆိုင်ရာဂီတဖျော်ဖြေပွဲ (Jazz Bliss) ကျင်းပမည်


ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံး(၅)ခုမှ ပူးပေါင်း၍ အနုပညာနှင့်ပတ်သက်သည့် (Jazz Bliss) ပွဲတော်
တစ်ရပ်အား ပူးပေါင်းတင်ဆက်သွားမည်ဖြစ်သည်။

ကျောက်မဲ၌ တစ်နာရီခွဲဖျော်ဖြေခဲ့သည့် ပန်းရဲ့လမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာလ (၁၆) ရက်နေ့ကလွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း´ 
အဖွဲ့မှ ကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိ


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်၊ မေလမှ စတင်၍ လက်ရှိအချိန်တွင် ဥပဒေ ချိုးဖောက်မှုနှင့် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်း၊တရားစွဲဆိုခြင်း
၊ အရေးယူခြင်းတို့ ဆောင်ရွက်ခဲ့ရာ တရ&#