Pages

Saturday, November 17, 2012

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်၍ နိုင်ကျဉ်းဟောင်းများ သတင်းစာရှင်းလင်း

Photo: လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်၍ နိုင်ကျဉ်းဟောင်းများ သတင်းစာရှင်းလင်း

  နိုင်ငံတော်အစိုးရမှ နိုဝင်ဘာလ ၁၅ ရက် က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သဘောထားကြေငြာချက်တစ်စောင်ကို ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခြင်းနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လွတ်မြောက်လာကြသူများ၌ နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှ ပါဝင်ခဲ့မှုမရှိခြင်းအပေါ် ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် နိုင်ငံတော်တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း ဆိုသည့် အချက်များဖြင့် ကွဲလွဲလျှက်ရှိကြောင်းယင်းပေါ်တွင်လည်းကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိကြောင်း သိရသည်။
NLA

နိုင်ငံတော်အစိုးရမှ နိုဝင်ဘာလ ၁၅ ရက် က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်၍
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သဘောထားကြေငြာချက်တစ်စောင်ကို ယနေ့ ရက်စွဲဖြင့်ထုတ်
ပြန်ကြေညာခြင်းနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီစားသောက်
ဆိုင်မှာ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လွတ်မြောက်လာကြသူ
များ၌ နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှပါဝင်ခဲ့မှုမရှိခြင်းအပေါ် ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီးထုတ်ပြန်ချက်
တွင်ဖော်ပြထားသည့် နိုင်ငံတော်တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း ဆိုသည့် အချက်များဖြင့် ကွဲလွဲလျှက်ရှိ
ကြောင်းယင်းပေါ်တွင်လည်းကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိကြောင်း သိရသည်။

NLA(ပေါ်ပြုလာမြန်မာ)

0 comments:

Post a Comment