Pages

Saturday, November 17, 2012

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေ


အမေရိကန်သမ္မတအိုဘားမားသည်မြန်မာနိုင်ငံရန်ကုန်မြို့သို့နိုဝင်ဘာ၁၉ရက်နေ့တွင် သမိုင်းဝင်ခရီးစဉ်အ
ဖြစ်ရောက်ရှိလာမည်ဖြစ်သည်။ယင်းနှင့်အပြိုင်အမေရိကန်ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကိုမြန်မာ့ရေပြင်
ပိုင်နက်တွင်တွေ့မြင်ရသည့်သတင်းတစ်ရပ်လည်းငါးဖမ်းစက်လှေများသတင်းရပ်ကွက်တွင် ထွက်ပေါ်လာ
ခဲ့သည်။သတင်း၏အဆိုအရနိုဝင်ဘာ၁၇ရက်နေ့နံနက်၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်
ကိုယ်ထည်တွင်အင်္ဂလိပ်ဂဏန်6းဟုရေးသားထားသည့်ရဟတ်ယာဉ်များတင်ဆောင်ထားသော စစ်ရေယာဉ်
တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌တွေ့ရှိရသည်ဟုဆိုပါသည်။
 
အမေရိကန်သမ္မတအိုဘားမားခရီးစဉ်လုံခြုံရေးအတွက်ဖြစ်နိုင်ဖွယ်ရှိသည်ဟုခန့်မှန်းရသော်လည်း တရားဝင်
အကြောင်းကြားညှိနိုင်းဝင်လာခြင်းလားသို့မဟုတ်BaseLineပြဿနာအခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်း
လားဆိုသည်မှာမေးခွန်းထုတ်စရာဖြစ်ပါသည်။မြန်မာ့တပ်မတော်(ရေ)မှစစ်ရေယာဉ်များကို အနီးတစ်ဝိုက်
တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။


စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထား
သည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်
တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ်ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်
ပါသည်။

မောင်ဝါဆို

0 comments:

Post a Comment