Pages

Saturday, November 17, 2012

ကျပ် ၄၇ သိန်းတန် ဂျီအက်စ်အမ် ဖုန်းနံပါတ်

ကျပ် ၄၇ သိန်းတန် ဂျီအက်စ်အမ် ဖုန်းနံပါတ်

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်း နံပါတ်အပူးများကို ယမန်နေ့က မန္တလေးမြို့တွင် လေလံတင်ရောင်းချခဲ့ရာ ဂျီအက်စ်အမ် နံပါတ်တစ်ခုအား ကျပ် ၂၅ သိန်းအထိ ဈေးရရှိခဲ့ ကြောင်း သတင်းရရှိ သည်။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရန် အတွက်ဟုဆိုကာ မိုဘိုင်းဖုန်းလိုင်း နံပါတ်အပူးလေလံပွဲတွင် ဂျီအက်စ်အမ်ဂဏန်းအပူးနံပါတ် ၃၇ လိုင်းနှင့် ဒဗ လျူစီဒီအမ်အေ အပူးနံပါတ် ၂၃
လိုင်းတို့ကို ရောင်းချခဲ့ပြီးမူလဈေးနှုန်းထက်အဆပေါင်းများစွာမြင့်သော လေလံတင်ဈေးများဖြင့် ရောင်းချနိုင်
ခဲ့သည်။
လေလံတင်ရောင်းချခဲ့သည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် ၀၉ ၄၄၄၄၄၄၄ နံပါတ်မှာ ကျပ်လေးဆယ့်ခုနစ်
သိန်းဖြင့် အများဆုံးရရှိခဲ့ပြီး ယင်းနံပါတ်ကိုရန်ကုန်မြို့ခံတစ်ဦးက လေလံအောင်ခဲ့ခြင်း ဖြစ်သည်။ ဒဗလျူစီဒီ
အမ်အေ ဖုန်းလိုင်းများတွင် ၀၉ ၄၄၃၆၆၆၆၆၆ နံပါတ်အား မိုးကုတ်ဒေသခံတစ်ဦးက ကျပ်နှစ်ဆယ့်ငါးသိန်း
ဖြင့် လေလံအောင်မြင်ခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျီအက်စ်အမ် အပူးနံပါတ်များကို လေလံစနစ်ဖြင့် ရောင်းချရာတွင် နံပါတ်အများစုမှာ ကျပ်သိန်းနှစ်ဆယ်နှင့် သိန်းလေးဆယ်ဝန်းကျင်အထိ ဈေးရရှိခဲ့ပြီး အနိမ့်ဆုံးလေလံဈေး
ဖြင့် ရောင်းချခဲ့ရသည့် ဈေးမှာပင် ကျပ်တစ်ဆယ့်လေးသိန်းငါးသောင်း ရှိသည်။

ဒဗလျူစီဒီအမ်အမ် ဖုန်းလိုင်းများ၏ လေလံနှုန်းထားဖြင့် ရောင်းချခဲ့ရသည့် ပမာဏများမှာ အနည်းဆုံး ကျပ်
ဆယ့်ငါးသိန်းမှ နှစ်ဆယ့်လေးသိန်းအထိရှိပြီး ယင်းဖုန်းလိုင်းများအနက်မှ အနိမ့်ဆုံးလေလံဈေးနှုန်းသည် ၁၅ သိန်းအထိ ရှိခဲ့သည်ဟုယင်းလေလံပွဲကိုတက်ရောက်ခဲ့သည့်မန္တလေးဒေသခံတစ်ဦးထံမှသိရသည်။ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် မိုဘိုင်းဖုန်းနံပါတ်အပူးများ လေလံပစ်သည့်ပွဲကိုရန်
ကုန်မြို့၊ အမ်အိုင်စီတီပတ်ခ်တွင် ယခုလ ၂၂ ရက်၌ ဒုတိယအကြိမ် ကျင်းပဦးမည်ဖြစ်သည်။

7Day News Journal

0 comments:

Post a Comment

 
world time