Pages

Saturday, November 17, 2012

တာလီဘန် အကြမ်းဖက်-အိုစမာဘီလာဒင်ကို နှိမ်နှင်းနိုင်တဲ့  အိုဘားမား မြန်မာနိုင်ငံကို လာပြီ

တချိန်ကစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်တဲတာလီဘန်ခါင်းဆာင်အိုစမာဘီလာဒင်ကို သုတ်သင်
ရှင်းလင်း သတ်ဖြတ်နှိမ်နှင်း နိုင်ခဲ့ သူ ဟာ ဒုတိယအကြိမ်မြောက် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့  မစ္စတာဘားရက်အိုဘားမားဘဲဖြစ် တယ် ။ အိုစမာဘီလာဒင်ဆိုသူဟာ သူ့ ရဲ့  အကြမ်းဖက်ကွန်ယက်နဲ့  ကမ္ဘာကြီးကို ခြိမ်းခြောက်နေခဲ့တာဖြစ်တယ် ။ ပါကစ္စတန်နိုင်ငံထဲမှာ ပုန်းအောင်းနေထိုင် ခိုလှုံနေခဲ့ တယ် ။ တနေ့ မှာတော့ အမေရိကပြည်ထောင်စု သမ္မတ မစ္စတာဘားရက်အိုဘားမားနဲ့  မစ္စ ဟီလာရီ ကလင်တန်တို့  အဖွဲ့ ဟာ တီဗွီကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်နေဖြစ် တော့တယ် ။ သမ္မတ အိုဘားမားဟာ လက်ရှည်အင်္ကျီဖြူဝတ်ပြီး သာမန် အရပ်သားတယောက်လို မစ္စဟီလာရီကလင်တန်ရဲ့  နောက်နားက ထိုင်ခုံမှာ မေးထောက်ပြီး တီဗွီကြည့်နေတယ် ။ လူတွေဟာ အသက်တောင် ဖြောင့်အောင် မရှူဖြစ်ကြဘူး ။

နောက်တော့မှ သူတို့ ဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး တယောက်ကို တယောက် အော်ဟစ်လက်ဆွဲနုတ်ဆက်ကြတယ် ။ ချက်ချင်းဆိုသလိုဘဲ မစ္စတာဘားရက် အိုဘားမားဟာ ကုတ်အကျီကို ပြန်ဝတ်ြပီးတော့ မိုက်ခွက်ရှေ့မှာ မိန့် ခွန်းကို ပြောရတော့တယ် ။ သူပြောတာက မွတ်ဆလင်ဘာသာဝင် အကြမ်းဖက်သမား အစွန်းရောက် အိုစမာဘီလာဒင်ကို ပါကစ္စတန်နိုင်ငံ မြို့ ထဲမှာ အသေဖမ်းဆီးရလိုက်ပြီ ဆိုတဲ့  သတင်းဖြစ်တယ် ။ တီဗွီမှာ အိုစမာဘီလာဒင်ကို အထူးစစ်ဆင်ရေး ကွန်မိုဒိုတွေကနေပြီး အိမ်ထဲဝင်ရောက် စီးနင်းတာကို လှို့ ဝှက် ပြသနေရာမှာ အိုစမာဘီလာဒင်ကို အသေဖမ်းဆီးရပြီဆိုတာကို မြင်ရမှ အခုလို ကြေညာခဲ့ တာဖြစ်တယ် ။

စကြာမင်းဖြစ်တဲ့  ကုလားနိုင်မင်း မစ္စတာဘားရက်အိုဘားမားဟာ မကြာမှီ မြန်မာနိုင်ငံကို လာတော့မည်ဖြစ်တယ် ။ ဒီလိုလာခဲ့ တာကို မကြေမချမ်းဖြစ်နေသူများကတော့ မွတ်ဆလင်ဘာသာဝင်နိုင်ငံများဖြစ်တယ် ။ ဘားရက်အိုဘားမားရဲ့  ခရီးစဉ်က ရိုးရိုးလေးဘဲဖြစ်တယ် ။ သူတို့ လိုချင်တဲ့  ဒီမိုကရေစီစနစ်ဆီသို့  မြန်မာနိုင်ငံက ကူးပြောင်းစဖြစ်နေတဲ့ အချိန်မှာ ဒီမိုကရေစီနည်းလမ်းပေါင်းများစွာကို သူတို့ က အထောက်အကူပြုချင်ကြတယ် ။ အဓိကကတော့ ဒါပါဘဲ ။ ကမ္ဘာ့သြဇါအရှိဆုံးနိုင်ငံက သမ္မတ တဦးအနေနဲ့  သွားတယ်ဆိုတော့ အခြားနိုင်ငံများက သူတို့ ရဲ့  နိုင်ငံခြားရေးပေါ်လီစီနဲ့  အမျိုးသားကိုယ်ကျိုးစီးပွါးမူဝါဒ ထိခိုက်လေမလားဆိုပြီး စိုးရိမ်တကြီး စောင့်ကြည့်ကြတာဘဲ ရှိတယ် ။ ဒါပေမဲ့  မြန်မာနိုင်ငံဟာ အမေရိကပြည်ထောင်စုရဲ့  စီးပွါးရေးနယ်မြေကြီး တခုအနေနဲ့ မဟုတ်လောက်တော့ ဒီပြသနာက အခြေခံနိုင်စရာ မဖြစ်နိုင်မှန်း သိသာကြပါတယ် ။

တချိန်က -၁၉၈၈- ခုနှစ် လွန်ကာလက အမေရိကပြည်ထောင်စုနဲ့  မြန်မာနိုင်ငံဟာ ဘာမှ မဆိုင်တဲ့  နိုင်ငံဖြစ်တယ် ။ စစ်အစိုးရက အမေရိကဆိုရင် အသေမုန်းခဲ့ တယ် ။ ခုတော့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အဆင်ပြေသွားကြပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကို ရောက်သွားပြီ ဆိုတာနဲ့ ဘဲ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ နေရာဝင်ယူလာခဲ့ ပါတယ် ။ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ် ကာလက မြန်မာနိုင်ငံစစ်အစိုးရက ဘယ်ကိုသွားသွား မြန်မာနိုင်ငံသားတွေရဲ့  ဆန္ဒပြခြင်းကို မရှုမလှ ခံရတာပါဘဲ ။ ခုတော့လဲ ဆန္ဒပြသူများ မရှိတော့သလို သမ္မတဦးသိန်းစိန် အပါအ၀င် သမ္မတရုံးဝန်ကြီးတွေနဲ့  အတိုက်အခံတွေ နိုင်ငံတကာမှာ လက်ဆွဲနုတ်ဆက် ပြောနေကြပါပြီ ။

အတိုက်အခံတွေက အစိုးရနဲ့  ဆက်ဆံရေးပြေပြစ်ပြီး ဒီမိုကရေစီစနစ်ဆီသို့  ကူးပြောင်းရေးမှာ အားသွန်ခွန်စိုက် လုပ်လာနေချိန် မြန်မာနိုင်ငံရဲ့  အနောက်ဖက် ရခိုင်ပြည်နယ် ဖက်ဆီမှာတော့ လူမျိုးရေးပြသနာတွေ ဖြစ်လာနေရပါတယ် ။ ဒီလိုဖြစ်လာဖို့ အတွက် မီးလောင်ရာ လေပင့်ခဲသူများဟာ အတိုက်အခံတွေရဲ့  ညစ်ပတ်ခဲ့ မှုတွေကြောင့် ဘင်္ဂလီမွတ်ဆလင်ဘာသာဝင်တွေက မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးနာမည်ကို ထောက်ခံပြောဆို ရေးသားပေးခဲ့ လို့ ဖြစ်တယ် ။ ရခိုင်သမိုင်းကို ဘာမှ မသိသလို ရခိုင်ပြည်နယ်ကို တကြိမ်မျှ မရောက်ဖူးတဲ့  အတိုက်အခံသမားတွေဟာ ပြည်ပမှာ ဒေါ်လာရရုံမျှနှင့် သူတို့ ရဲ့  ပြောဆိုလှုပ်ရှားမှုတွေကို တခန်းတနား ဖေါ်ပြကြဖြစ်ပါတယ် ။ ခုတော့ ဒီပြသနာဟာ ကမ္ဘာ့ကုလသမ္မဂထိ ရောက်လာတဲ့  ပြသနာဖြစ်လာရပါပြီ ။ မြန်မာနိုင်ငံတော်ကြီး မီးလောင်တိုက် အသွင်းခံရမဲ့  အခြေအနေကို ဆိုက်ရောက်လာနေပြီ ။ ခုတော့ ရခိုင်ပြည်နယ်က မီးလောင်တိုက် သွင်းခံနေရချိန်ဖြစ်နေပါတယ် ။

မွတ်ဆလင် အကြမ်းဖက်သမားများရဲ့  ဆရာကြီး အိုစမာဘီလာဒင်ဟာ အသေဆိုးနဲ့  သေဆုံးသွားပေမဲ့  သူတို့ ရဲ့  လက်ပါးစေ တပည့်တပန်းတွေက မြန်မာနိုင်ငံထိကိုတောင် ရောက်လာနေကြပါပြီ ။ နောက်ဆုံးအနေနဲ့  ပြည်သူ့ လွှတ်တော်ထဲကိုတောင် ရောက်နေပါတယ် ။ ဒါပေမဲ့  အမေရိကအစိုးရကလဲဘဲ သူတို့ ရဲ့  လှုပ်ရှားနေတာတွေကို အစကနေပြီး အဆုံးထိ သိနေကြပြီဖြစ်တယ် ။ စကြာမင်း ဖြစ်တဲ့  ဘားရက်အိုဘားမားဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိတယ်ဆိုတာကို သမ္မတ ဦးသိန်းစိန် ပြောထားတာ သိနားလည်သူဖြစ်ပါတယ် ။ သူ့ အနေနဲ့  မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ရဲ့  မိန့် မြွတ်ချက်ကို ဂရုမမူဘဲ အောက်တန်းကျလှတဲ့  သတင်းဋ္ဌါနလို သမိုင်းလိမ်ဘင်္ဂလီကုလား နာမည်မျိုးကို ထုတ်ဖေါ်ပြောဆိုမှာ မပြုလုပ်လောက်ဘူးလို့  ယူဆရပါတယ် ။ ဒါဟာ သမ္မတ တဦးရဲ့  ဂုဏ်သိက္ခာအပိုင်းဘဲ ဖြစ်ပါလိမ့်မယ် ။ ရန်ကုန်မှာရှိတဲ့  အမေရိကပြည်ထောင်စု သံအမတ်ကြီး ( Derrek Michall ) ဟာ စစ်တွေမြို့ ကို ကုန်ခဲ့ တဲ့  အပတ်က သြစတေးလီးယား သံအမတ်တွေနဲ့  သွားရောက်ခဲ့ ပါတယ် ။ အဲဒီတုံးက စစ်တွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က တိတိကျကျ တင်ပြလိုက်တဲ့ အတွက် သံအမတ်ကြီး အနေနဲ့  နားလည်သဘောပေါက်သွားပါပြီ ။ ခုတော့လဲဘဲ သံအမတ်ကြီးက သူတို့ ရဲ့  သမ္မတ ဘားရက်အိုဘားမားကို ထုတ်ဖေါ်ပြောဆိုထားလောက်ပြီးပြီလို့  ယုံကြည်ရပါတယ် ။

မည်သိုပင်ဆိုစေကာမူမန်မာနိုင်ငံတ၀န်းလုံးကဘားရက်အိုဘားမားအနေနဲအခုလိုမန်မာနိုင်ငံကို လာေ
ရာက်တာကိုဝမ်းမြောက်ဝမ်းသာဂုဏ်ယူစွာနဲကြိုဆိုရန်အထူးလိုအပ်ပါတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာနိုင်ငံဟာ အမေရိကပြည်ထောင်စုလို မွတ်ဆလင် အကြမ်းဖက် သမားတွေရဲ့  ခြမ်းခြောက်ခြင်းကို ခံနေရလို့ ဘဲ ဖြစ်ပါတယ် ။ ဒီတော့ မိတ်ဆွေဖြစ်သူရဲ့  ရန်သူဟာ မိမိရဲ့  ရန်သူဖြစ်တာမို့  ရန်သူကို နှိမ်နှင်းနိုင်ဖို့ အရာမှာ ပူးပေါင်းကြစမြဲဆိုတာကြောင့် မိတ်ဆွေစစ်လာရာ လမ်းကို အောင်သပြေ ပန်းတွေနဲ့  ပန်းတွေ တဝေေ၀ ဗုံမောင်း အက ပဒေသာတွေနဲ့  တခန်းတနား ကြိုဆိုဂုဏ်ပြု ကြဖို့ လိုအပ်ပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )

0 comments:

Post a Comment