Pages

Saturday, November 17, 2012

မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်များအား ပိတ်ပင်ထားမှုကို အိုဘားမားမလာမီ ကြိုတင်၍ အမေရိကန် ရုပ်သိမ်းလိုက်ပြီ




အမေရိကန်သမ္မတအိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် မှာ  မြန်မာနိုင်ငံကနေ အမေရိ
ကန်နိုင်ငံကို တင်သွင်းမယ့်ကုန်ပစ္စည်းတွေ အပေါ်ပိတ်ဆို့ထားမှုကို ပြန်ရုတ်သိမ်း မှာဖြစ်တယ်လို့ အမေရိ
ကန် လွှတ်တော် တာဝန်ရှိသူ တစ်ယောက်က ပြောလိုက်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက ကျောက်မျက်တွေကိုတော့ တင်သွင်းခွင့်ပေးမှာမဟုတ်ဘဲ ဆက်ပြီးတော့ တားမြစ်
ထားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ဆယ်စုနှစ်နီးပါးတခုအတွင်း မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ်
အမေရိကန်ကပိတ်ဆို့ထားတာကိုပထမဆုံးအကြိမ် ပြန်ရုတ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအ
ပေါ် ပိတ်ဆို့ထားတာတွေကို အခုလို ပြန်ရုတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဌာနက ကြေငြာလိုက်တာဖြစ်ပါတယ်။

လု့အခွင့်အရေးချိုးဖောက်မှုတွေ ၊  မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတာတွေကြောင့် အမေရိကန်
ကုမ္ပဏီတွေ စီးပွားရေးမလုပ်ဖို့ တားမြစ်ထားတဲ့ စီးပွားရေးလုပ်ငန်းစာရင်းကိုတော့ အမေရိကန်ဘဏ္ဍာရေး
ဝန်ကြီးဌာနက စာရင်းအသစ်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အခုလို အမေရိကန်ဘက်ကကန့်သတ်မှုတွေ
 ဖြေလျော့ပေးလိုက်တာဟာ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေးတွေ အလျင်အမြန်လုပ်ဆောင်လာ
တွကြောင့်ဖြစ်ပြီး၊ ဒါဟာ အရင်စစ်ခေါင်းဆောင်တွေဖြစ်ခဲ့တဲ့ လက်ရှိအစိုးရခေါင်းဆောင်တွေအတွက်
တော့ နိုင်ငံရေးအရ အရှိန်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်လိုက်တာဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နေတာတွေကိုအားပေးဖို့နဲနောက်
ထပ် အပြောင်းအလဲတွေဖြစ်လာဖို့အပြင် အမေရိကန်မြန်မာစီးပွားရေး လုပ်ငန်းတွေအတွက်ခွင့်အလမ်းသစ်
တွေရဖို့အတွက် ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၂ ခုရဲ့ ပူးတွဲကြေငြာချက်မှာ ပြောထားပါတယ်။

VOA

0 comments:

Post a Comment