Pages

Saturday, November 17, 2012

အပြည်ပြည်ဆိုင်ရာဂီတဖျော်ဖြေပွဲ (Jazz Bliss) ကျင်းပမည်


ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံး(၅)ခုမှ ပူးပေါင်း၍ အနုပညာနှင့်ပတ်သက်သည့် (Jazz Bliss) ပွဲတော်
တစ်ရပ်အား ပူးပေါင်းတင်ဆက်သွားမည်ဖြစ်သည်။

မြန်မာ၊ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ အစ္စရေး စသည့် သံရုံး (၅) ခုမှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
 
အမေရိကန်မှ ဆပ်ဆိုဖုန်းပညာရှင်၊ ပြင်သစ်မှ ဆပ်ဆိုဖုန်း၊ ဒရမ်နှင့် Buzz ပညာရှင်၊ ဂျာမဏီမှ ဂစ်တာ၊ ဆပ်ဆိုဖုန်းနှင့် စန္ဒားယား ပညာရှင်၊ အစ္စရေးမှ စန္ဒားယား၊ ဒရမ်နှင့် Buzz ပညာရှင်၊ မြန်မာပြည်မှ သားငယ်
မှ ဂီတမိတ်နှင့် တွဲဆိုမည်ဖြစ်ပြီး ဟိန်းတင့် မြန်မာဆိုင်းဝိုင်းအဖွဲနှင့် စုစုပေါင်း (၅)ဖွဲ့ ပါဝင် ဖျော်ဖြေမည်
ဖစ်ကြောင်း သိရှိရသည်။
 
ကျင်းပမှုအား နိုဝင်ဘာလ (၂၇)ရက်မှစတင်ကာ တစ်ဖွဲ့ခြင်းစီမှ တစ်နေရာစီတွင် ဖျော်ဖြေမည်ပြီး ဒီဇင်
ဘာလ(၂)ရက် နေ့မှာတော့  အဖွဲ့အားလုံးက စိမ်းလန်းစိုပြေတွင် ပူးပေါင်းဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။
 
အပြည်ပြည်ဆိုင်ရာ Jazz  Bliss ဂီတပွဲတော်ကို ၂၇ ရက် နေ့ ကနေ နောက်လ ၂ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်နေတယ်။ ဒါက နိုင်ငံတိုင်းက အနုပညာတွေကို ဖလှယ်တဲ့ပွဲသက်သက်ပဲဖြစ်တယ်။ အဖွဲ့တွေအားလုံး ပူးပေါင်းတင်ဆက်သွားမှာပါဟု ဂျာမဏီသံရုံးမှ ဒုတိယအတွင်းရေးမှူးက မီဒီယာများနှင့် တွေ့ဆုံရာတွင်
 ပြောကြားခဲ့သည်။
 
အဆိုပါ ဖျော်ဖြေတင်ဆက်မှုသည် တတိယအကြိမ် မြောက်တင်ဆက်မှုဖြစ်ပြီး လွန်ခဲ့သည့် (၂)နှစ် က
လည်း ပြုလုက်ခဲ့ကာ ဂီတဖလှယ်ပွဲသက်သက်သာဖြစ်ပြီး ပွဲတော်အမည်အား (Jazz Bliss)ဟု ပေး
ထားကြောင်း သိရသည်။
   
အပြည်ပြည်ဆိုင်ရာဂီတဖျော်ဖြေပွဲတော်ကို ဂျာမဏီနိုင်ငံမှ Gitameit Music Center ၊  မြန်မာနိုင်ငံမှ Mahar Yangon Yadanarbon Musical Instrument Srevice နှင့် ISY အဖွဲ့တို့မှ ပံ့ပိုးကူညီသွား
မည် ဖြစ်ကြောင်း သိရသည်။
 

0 comments:

Post a Comment