Pages

Saturday, November 17, 2012

မြန်မာအပါအဝင် အာရှသုံးနိုင်ငံခရီးစဉ် အမေရိကန်သမ္မတအိုဘားမား စတင်

obama
(မြန်မာအပါအဝင် အာရှသုံးနိုင်ငံခရီးစဉ် စတင်ထွက်ခွာသော အိုဘားမား

Air Force One လေယာဉ်ပေါ်မှ လက်ပြနှုတ်ဆက်နေစဉ်)
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားသည် ၎င်း၏ အာရှဒေသ သုံးနိုင်ငံခရီးစဉ်ကို ဝါရှင်တန်အနီ;အင်ဒရူး
လေတပ်စခန်းမှ Air Force One လေယာဉ်ဖြင့် ယနေ့ စတင်ထွက်ခွာပြီ ဖြစ်သည်။ ယခုခရီးစဉ်သည် ဒုတိယ
သမ္မသက်တမ်းအတွက် ထပ်မံရွေးကောက်ခံရပြီးနောက်အိုဘားမား၏ပထမဆုံးနိုင်ငံရပ်ခြား ခရီးစဉ်လည်း
ဖြစ်သည်။
သမ္မတအိုဘားမားသည် ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည့် ခရီးစဉ်မှာ အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အ
ဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ 

အိုဘားမားသည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဝါရှင်တန်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း Reutersသတင်း
က ပြောကြားသည်။

Planet Myanmar Network:

0 comments:

Post a Comment