Saturday, May 31, 2014
Sky Net ထံမှ အကျိုးအမြတ်ဝေစု တိုးတောင်းမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနဆို
RangonNewsDaily: May . 31 .2014
သုံးဆယ်သုံးနှစ်ကြာ ရုပ်သံထုတ်လွှင့်ခွင့် သဘောတူစာချုပ်တွင် အစိုးရ၏ အကျိုးအမြတ်ဝေစု နည်းလွန်းသည်ဟု ဝေဖန်ခံနေရသော ပြန်ကြားရေး ဝန်ကြီးဌာနက Sky Net (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) နှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်ပြင်၍ အကျိုးအမြတ် ဝေစုကို ထပ်တိုး တောင်းခံမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။
အော်ရီဒူးနှင့် တယ်လီနောကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး ပြည်ပ အကြံပေးများ ခေါ်မည်
RangonNewsDaily: May . 31 .2014
နိုင်ငံတကာအ တွေ့အကြုံနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အတွေ့ အကြုံရရှိရန် ပြည်တွင်းပြည်ပ မှ အကြံပေးများ ခန့်အပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အ ကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သော ဆက်သွယ်ရေးဆိုင် ရာ Regulator အကြံဉာဏ်များပေး နိုင်ရန်အတွက် Regulator advisor ရာထူးများ အတွက် ခေါ် ယူခြင်းဖြစ် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည် အမှု အယူခံပယ်ချခံရ
RangonNewsDaily: May . 31 .2014
ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးတို့၏ အမှုအား ပြည် ထောင်စုတရား လွှတ်တော်ချုပ်၌ မေ ၃ဝရက်က အပြီးသတ်စီရင်ချမှတ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်ဘက် မှ တက်သည့်အယူခံကို ပယ်ချခံခဲ့ရ သည်ဟု သိရှိရသည်။

အများပြည်သူသို့ အသိပေး ပန်ကြားခြင်း
RangonNewsDaily: May . 31 .2014
၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာ
ယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်း စေရန်အတွက်ဓာတ်အားလိုင်းများနှင့်မလွတ်သော
သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အား ခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်
RangonNewsDaily: May . 31 .2014
၃၀.၅.၂၀၁၄့ နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိေ ကြာင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက်အအုံများ သိသိသာသာလှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲအုပ်အောင်မျိုးနိုင်ကေ ပြာသည်။
၃၀.၅.၂၀၁၄့ နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိေ
သုံးခွမြို့နယ်တွင် တီအီးကားတစ်စီးမှ ကျောင်းဆရာမ တစ်ဦးကို ကြိတ်မိပြီး မောင်းနှင်ထွက်ပြေး
RangonNewsDaily: May . 31 .2014
အောင်ဇေယျလမ်းအတိုင်း မောင်းနှင်လာသည့် တီအီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ ဆိုင်ကယ် တစ်စီးကို နောက်မှဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ကားကြိတ်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းရောက်မြန်မာများ ဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ
RangonNewsDaily: May . 31 .2014
ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်း ကုန်ဆုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဗီဇာသက်တမ်းတိုးခ သတ်မှတ်ထားသည့် ဈေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများ နစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌဦးအောင်ကျော်ကပြောသည်။

Friday, May 30, 2014
မြန်မာနယ်စပ်အနီး နယ်ခြားစောင့်ကင်းစခန်း ၂၈ ခု ဘင်္ဂလာမှ တိုးချဲ့တည်ဆောက်
RangonNewsDaily: May . 30 .2014
မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွက် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် ကင်းစခန်း (၂၈) ခုကို တိုးချဲ့ တည်ဆောက်သွားမည်ဟု သိရသည်။“နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ
RangonNewsDaily: May . 30 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။