Pages

Thursday, May 29, 2014

စိုးလင်းဦးနှင့် တူးတူးတို့ တွဲဆိုင်း ပါဝင်သည့် မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇွန် ၁ ရက်တွင် ထိုးသတ်မည်


RangonNewsDaily: May . 29 .2014

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ်မှ စီစဉ် ကျင်းပမည့် မြန်
မာနိုင်ငံရိုးရာ အားကစား အဖွဲ့ချုပ် ရန်ပုံငွေ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇွန် ၁ ရက်တွင် သိမ်ဖြူ ရိုးရာ 
လက်ဝှေ့ အားကစား ခန်းမကြီး၌ ထိုးသတ် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိန်ခေါ်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည့် ပွဲစဉ်များမှာ စိုးလင်းဦး(ရွှေဖူး) နှင့် တူးတူး(နဂါးမာန်)၊ဖိုးသားကြီး (မန္တလေး)နှင့်ရဲရင့်အောင်(နဂါးမာန်)၊ ဖိုးလပြည့် (ရွှေဖူး)နှင့် အောင်နိုင်ထူး (ရွှေကုက္ကို)၊ ဝမ်းစတား(ရွှေဖူး)နှင့် နေရူဘီ (T&T) ၊ စောဒါပို့(ခ) ပိုက်ရိုင်း (ရွှေဖူး)နှင့် အားမာန် (T&T) ၊ စောရွှေကျော် (ရွှေဖူး)နှင့် စောသဲမင်း (ပွင့်ဖြူဒိန်ချဉ်)၊ ကညောဖိုး (ရွှေကုက္ကို)နှင့် ရှမ်းလေး (ဝါဆို) စသည့်ပွဲစဉ် များတွင် ငါးချီစိန်ခေါ်ပွဲအဖြစ် ထိုးသတ်သွား မည်ဖြစ်သည်။

ထို့အပြင် စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် မိုက်မိုက် (T&T) ပွဲစဉ်နှင့် ပုည (ရွှေဖူး)နှင့် ဇင်ကိုဖူး (ဝါဆို) စသည့်ပွဲစဉ် နှစ်ပွဲမှာ လေးချီ စိန်ခေါ်ပွဲ အဖြစ် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။


ယင်း စိန်ခေါ်ပွဲကြီးတွင် ကြားပွဲ အဖြစ် လူငယ် သွေးသစ် များက သုံးချီ သုံးပွဲထိုး သတ်သွားရန် စီစဉ် ထားကြောင်း သိရသည်။


မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကြီး၏ ဝင်ကြေးကို ငွေကျပ် ၇ဝဝဝ၊ ၁ဝဝဝဝ၊ ၁၅ဝဝဝ စသည့် နှုန်းများဖြင့် သတ်မှတ် ထားကြောင်း သိရသည်။


ရန်ကုန်မြို့၌ ၎င်းစိန်ခေါ် ပွဲကြီးကို ထိုးသတ်မည် ဖြစ်ရာ စိုးလင်းဦး(ရွှေဖူး)၏ ရန်ကုန် ပရိသတ် များသည် အကြီးအကျယ် လာရောက် အားပေးရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment