Pages

Thursday, May 29, 2014

♪ LG က စွမ်းဆောင်ရည်မြင့် G3 စမတ်ဖုန်းကို ကြေညာ ♫


RangonNewsDaily: May . 29 .2014
LG က စွမ်းဆောင်ရည်မြင့် G3 စမတ်ဖုန်းကို လန်ဒန် တွင် ကြေညာလိုက်ပါသည်။ 
LG G3 တွင် ၅.၅ လက်မအရွယ် Quad HD 2560x1440 Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆ (၅၃၈) ပါရှိပါသည်။ 2.5GHz Quad-Core Snapdragon 801 Processor နှင့် Adreno 330 GPU တပ်ဆင်ထားပါသည်။ 16GB Internal Storage ပါရှိသည့် အမျိုးအစားတွင် 2GB RAM တပ်ဆင်ထားပြီး 32GB Internal Storage ပါရှိသည့် အမျိုးအစားတွင် 3GB RAM တပ်ဆင်ထားပါသည်။ အမျိုးအစားနှစ်ခုစလုံးတွင် 128GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။

LG က G2 မှာ ကဲ့သို့ပင် G3 ၏ အနောက်ဘက်တွင် Volume Button နှင့် Power/Lock Button များတပ်ဆင်ထားပါသည်။ အနောက်ဘက် ကင်မရာမှာ Optical Image Stabilization နှင့် Laser Autofocus နည်းပညာပါရှိသည့် 13 Megapixel Camera တပ်ဆင်ထားပါသည်။ Laser Autofocus နည်းပညာသည် ဓါတ်ပုံရိုက်မည့် အရာဝတ္ထုများကို Focus ပြုလုပ်သည့် အချိန်ကို လျှင်မြန်စေမည် ဖြစ်သည်။ LED Flash နှစ်ခု ကိုလည်း အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင်တွင် 2 Megapixel Camera တပ်ဆင်ထားပြီး ယခင်မျိုးဆက်ထက် ပိုမိုကြီးမားသည့် Image Sensor ပါရှိပါသည်။ 3000mAh Battery တပ်ဆင်ထားပြီး Android 4.4.2 ကိုလည်ပတ်မောင်းနှင်မည်ဖြစ်သည်။ Metallic Black, Silk White, Shine Gold, Moon Violet , Burgundy Red စသည့် အရောင်များ ရွေးချယ်နိုင်ပါသည်။

ဆက်သွယ်မှုအပိုင်းတွင် Bluetooth 4.0, WiFi 802.11 ac, NFC, IR Blaster ပါရှိပါသည်။

G3 တွင် ဖုန်းမျက်နှာပြင်ကို ထိတွေ့မှုပုံစံများဖြင့် Unlock ပြုလုပ်နိုင်သည့် Knock Code စွမ်းဆောင်ချက်ပါရှိပါသည်။ အခြားသူများမမြင်စေချင်သည့် ဖိုင်များကို ဖွက်ထားနိုင်သည့် Content Lock ပါရှိပါသည်။ Kill Switch က ဖုန်းခိုးယူခံရလျှင် ဖုန်းတွင်းရှိ သတင်းအချက်အလက်များကို အဝေးမှ ဖျက်ပစ်နိုင်ပါသည်။

Microsoft ၏ Cortana နှင့် Google Now တို့ကို ယှဉ်ပြိုင်ရန် LG က Smart Notices ဟု အမည်ရသည့် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးထားပါသည်။ ကိုယ်ရေးလက်ထောက်က မိုးရွာမည်ဆိုလျှင် သတိပေးနိုင်ခြင်း၊ လပေါင်းများစွာ အသုံးပြုခြင်းမရှိသည့် Apps များကို အလိုအလျှောက်ဖျက်ပေးခြင်း၊ အိမ်ရောက်သည်နှင့် WiFi အလိုအလျှောက်ဖွင့်ပေးခြင်း စသည်များကို ပြုလုပ်ပေးမည် ဖြစ်သည်။ ကိုယ်ရေးလက်ထောက်က အသံဖြင့် ပြောဆို အသိပေးနိုင်ပါသည်။

LG က G3 ကို မေလ (၂၈) ရက်နေ့တွင် တောင်ကိုရီးယား ၌ စတင်ရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြား နိုင်ငံပေါင်း (၁၇၀) တွင် ရောင်းချပေးမည် ဟု ပြောပါသည်။ ရောင်းချမည့် ဈေးနှုန်းကို LG က ကြေညာခြင်းမရှိပါ။


Myanmar Digital Life Journal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment