Pages

Thursday, May 29, 2014

♪ Samsung ရဲ့ ဖုန်း ဟန်းဆက်မလိုဘဲ သုံးနိင်မည့် စမတ်နာရီ


RangonNewsDaily: May . 29 .2014
အရင် ထွက်ရှိခဲ့ကြတဲ့ စမတ်နာရီ တော်တော်များများ ဟာ ဖုန်းကနေတစ်ဆင့် ဆက်သွယ်ပြီး ဖုန်းခေါ်ဆိုမူတွေ၊ မတ်ဆေ့ပို့တာ စတဲ့ လုပ်ဆောင်မူတွေကို ပြုလုပ်နိင်တာဖြစ်ပါတယ်။ ဆမ်ဆောင်း ဟာ သူရဲ့ ပြိုင်ဘက်တွေကို ထိုထက်မက ထိုးဖောက်ဖို့အတွက် စမတ်နာရီ နဲ့ ချိတ်ဆက်စရာမလိုဘဲ နာရီ တစ်လုံးကို လက်မှာ ပတ်ထားရုံနဲ့ အားလုံးကို ဆောင်ရွက်အဆင်ပြေစေတဲ့ စမတ်နာရီ တစ်မျိုးကို ပြုလုပ်လျက်ရှိတယ်လို့ Wall Street ဂျာနယ်ရဲ့ သတင်းတွေအရ သိရပါတယ်။

 ခေါ်ဆိုမူတွေကို လက်မှာ ပတ်ထားတဲ့ စမတ်နာရီကနေတစ်ဆင့် တိုက်ရိုက်ခေါ်ဆိုနိင်မှာ ဖြစ်ပြီး ဖုန်းလာပါကလည်း ပါးစပ်နားကပ်လိုက်တာနဲ့ ဖုန်းကိုင်နိင်တာမျိုး ဖြစ်ပါတယ်။

နည်းပညာဇုန်တွေထဲမှာ စမတ်နာရီတွေဟာ ကြီးမားတဲ့ နေရာယူမူတွေကို ပိုင်ဆိုင်ထားတဲ့ နည်းတူစွာ၂၀၁၄ခုနှစ်ရဲ့ခိုင်မာဖွံ့ဖြိုးမူအတွက် နှစ်တစ်တစ်နှစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ထိုဖုန်းနာရီ ( စမတ်နာရီ)တွင် Samsung ရဲ့ကိုယ်ပိုင် Tizen စမတ်နာရီ Operation စနစ်ကိုသုံးမှာဖြစ်ပြီး ဘာနာမည်ပေးမယ် ဆိုတာကတော့မသိရှိရသေးပါဘူး။

ဆမ်ဆောင်းဟာ စမတ်နာရီ ဈေးကွက်မှာ ပထမဦးဆုံး Galaxy Gear ကရိယာတွေဖြင့် စတင် ချပြခဲ့ပြီး သူရဲ့ ဒုတိယ ဗားရှင်း မျိုးဆက်ဖြစ်တဲ့ Gear2 ဟာဆိုရင်တော့ ယခင်ထက်ပိုပြီးပေါ့ပါးလာတာကို တွေ့ရပါတယ်။ ယခု ဖုန်းနာရီတွင်လည်း ယခင်က မော်ဒယ်လ်များထက် ပိုပြီး ကောင်းမွန်မယ်လို့ မျှော်လင့် ရပါတယ်။

Aung Heine ...

Smart Pro Journal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment