Pages

Friday, February 28, 2014

အချစ်မှာ နားလည်မှုတွေလိုအပ်တယ်


RangonNewsDaily: February . 28 .2014
ကောင်လေးက သူ့ချစ်သူကောင်မလေးဆီ sms ပို့လိုက်တယ်။
Boy ။ ။ Hi Baby!! .. နေကောင်းရဲ့လား?? ငါတော့ ဒီနေ့ အရမ်းပျော်နေတယ်!!
Girl ။ ။ နေဦး, ခဏနေမှ sms ပို့ရအောင် … ငါဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့

" ခရီးသည်တင်ယာဉ်မှ အငှားယာဉ်အဖြစ်ပြောင်းလဲသည့်စီးရေ ၁၅၀ ကျော် တစ်နှစ်နီးပါးကြာသော်လည်း စီအန်ဂျီ မရသေး "


RangonNewsDaily: February . 28 .2014
ခရီးသည်တင် ဟိုင်းလပ်ယာဉ်မှ တက္ကစီပြောင်းလဲသူများ တစ်နှစ်နီးပါးကြာသည်အထိ စီအန်ဂျီ မရရှိသေးကြောင်း ယာဉ်ပိုင်ရှင်များ
ထံမှသိရသည်။

ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်များ မတ် ၃ဝ ရက်မှစတင်ကာ နေ့စဉ်ပျံသန်းမည်

RangonNewsDaily: February . 28 .2014
Air China လေကြောင်းလိုင်း မှ ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်ကိုမတ် ၃ဝရက်မှစတင်ကာ နေ့စဉ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ
သည်။အဆိုပါ လေကြောင်းခရီးစဉ် များကိုAirbus A-319 လေယာဉ်များဖြင့် ချန်ဒူးမှရန်ကုန်သို့ နေ့စဉ် ပျံသန်းသွားမည်ဖြစ်ကြောင်း
သိရ သည်။Air China လေကြောင်းလိုင်း ၏ Co-mopolitan Travel Service Co., Ltdဦးကျော်ဝင်းက ''ချန်ဒူးဒေသဟာကုန်းတွင်း
ပိတ်ဒေသတစ်ခုဖြစ် ပေမယ့် စီချွမ်ပြည်နယ်ထဲမှာပါဝင် ပြီး တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ဒေသ တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီး သည်တွေ စိတ်ဝင်စားတဲ့ဒေသတစ်ခု ပါ။

မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့

RangonNewsDaily: February . 28 .2014
မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရ
ရှိသည်။မန္တလေးမြို့ အောင်မြေသာစံမြို့နယ်လမ်း၈၀၊ ၁၇x၁၈လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်
က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှား အကြမ်းဖက်သမားတစ်ဦးကို ဘရူနိုင်း အစိုးရဖမ်းဆီး


RangonNewsDaily: February . 28 .2014
အရှေ့တောင်အာရှ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Jemaah Islamiyah (JI) အဖွဲ့နှင့် ပတ်သက်နေသော အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို ဘရူနိုင်းအစိုးရက ဖမ်းဆီးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း ကရိုင်းမီးယားဒေသ အစိုးရ အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင်များဝင်စီး


RangonNewsDaily: February . 28 .2014
လွန်ခဲ့သော ရက်ပိုင်းက ရုရှား လိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့သော ယူကရိန်းနိုင်ငံတွင် ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီးယားဒေသ၏ အစိုးရရုံး အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင် တစ်စုက သိမ်းပိုက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သီးခြားလူမျိုး သတ်မှတ်ပေးဖို့ နာဂအဖွဲ့တောင်းဆို


RangonNewsDaily: February . 28 .2014
လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်းလူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂလူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။

တောရက်စ်နှင့် မာတာတို့ ချန်လှပ်ခံခဲ့ရသည့် စပိန် လူစာရင်း


RangonNewsDaily: February . 28 .2014
စပိန်လက်ရွေးစင် အသင်းနည်းပြ ဗင်းဆင့် ဒဲလ် ဘော့စကေးဟာ မတ်လ ၅ ရက်နေ့မှာ အီတလီအသင်းနှင့် ကစားမည့် ချစ်ကြည်ရေး ပွဲစဉ်အတွက် အပြီးသတ် ၂၂ ယောက်စာရင်း ထုတ်ပြန်လိုက်ရာမှာ ချယ်ဆီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်နှင့် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာတို့ ချန်လှပ်ခံခဲ့ရသည်။

ဖုန်းနောက်ကျောမှာ ebook reader ပါတဲ့ မျက်နှာပြင်နှစ်ဖက်ဖုန်း


RangonNewsDaily: February . 28 .2014
ဖုန်းနောက်ကျောနဲ့ ebook ဖတ်လို့ရတဲ့ မျက်နှာပြင်နှစ်ဖက်ပါ ဖုန်းကို အမေရိကမှာ ပထမဆုံးရဖို့ ရှိပါတယ်။ ဒီဖုန်းနံမည်ကတော့ Yotaphone ဖြစ်ပြီး အီးမေးလ်၊ စာတိုမက်ဆေ့ဂ်ျတွေကို ပါဝါစား အထူးနည်းတဲ့ မျက်နှာပြင်ပေါ်မှာ ပြသပေးမှာပါ။

တနင်္သာရီတိုင်းအတွင်း အစိုးရနှုန်းထားအတိုင်း လျှပ်စစ်မီတာခ ရရှိရေး ရှေ့ဆက်ဆောင်ရွက်မည်


RangonNewsDaily: February . 28 .2014
လျှပ်စစ်မီး တစ်ယူနစ် ဈေးနှုန်းကို အစိုးရဈေးထက် အဆ ၂၀ အထိ ပေးဆောင်နေရသော တနင်္သာရီတိုင်းဒေသကြီးအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီတာခ နှုန်းထားအတိုင်း ရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးကော်မတီ (ထားဝယ်) က သတင်းထုတ်ပြန်လိုက်သည်။

ဖုန်းအသစ် တစ်မျိုးကို မိတ်ဆက်လိုက်သည့် ဘလက်ဘယ်ရီ


RangonNewsDaily: February . 28 .2014
Black Berry ဟာ သူတို့ရဲ့နှစ်ကာလ ကြာရှည်အရောင်း ကျဆင်းမှုကို ဖုန်းအသစ်တွေနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေပြီး စီးပွားရေးဆိုင်ရာဖောက်သည်သစ်တွေကို ပြန်လည်အာရုံစိုက်ကာ ပြိုက်ဘက်ဖုန်းတွေပေါ်မှာ အသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းတွေနဲ့ ၀န်ဆောင်မှုတွေကိုပါ အလေးထား ဆောင်ရွက်လာပါတယ်။ ဒီလို ဆောင်ရွက်နေတုန်းမှာပဲ Black Berry ရဲ့ Q20 ဖုန်းသတင်းဟာ ထွက်ပေါ်လာခဲ့ပါတယ်။ အခု Black Berry ဟာ ဒီဖုန်းကို မိတ်ဆက်ပြသလိုကတယ်လို့ သိရပါတယ်။ 

အိမ်ထောင်ကျသွားပေမဲ့ အခုထိ နေသားမကျသေးဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း


RangonNewsDaily: February . 28 .2014
ချစ်စရာအသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သလို သရုပ်ဆောင်ဘက်မှာလည်း ခြေလှမ်းမှန်မှန်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် လတ်တလော သူမရဲ့အနုပညာလှုပ်ရှားတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ

အိန္ဒိယ ရေငုပ်သင်္ဘော စက်ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး (၂)ဦးပျောက်ဆုံး


RangonNewsDaily: February . 28 .2014
Kiloအဆင့် သတ်မှတ်ချက်ရှိ ရေငုပ်သင်္ဘောသည် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ချွတ်ယွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်

နာမည်ကြီး အဆိုတော်များ ပါဝင်ထားသည့် Star တို့သင်္ကြန်


RangonNewsDaily: February . 28 .2014
နာမည်ကြီး အဆိုတော်များ ဖြစ်သည့် ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ ဟဲလေး၊ Wai လျှံ၊ အစ္စဏီ၊ စစ် သွေး၊ ညီနန္ဒ၊ သူရ၊ ဘိုဘို၊ ယုဇန၊ Jenny ၊ ဆုပန်ထွာ၊ No ၊ သန္တာဗိုလ်၊ မာရီနာ၊ မှူးရတနာ တို့ ပါဝင်သီဆိုထား သည့် "Star" တို့ရဲ့သင်္ကြန် တေးအယ်လ်ဘမ်ကို တေးသံရှင် စစ်သွေးမှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး မတ်လ ပထမ ပတ်တွင် ရတနာမြိုင် တေးသံသွင်းမှ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား


RangonNewsDaily: February . 28 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

မန်ယူ၏ခြေစွမ်းနှင့် အသင်းဖော်များကို ဗန်ပါစီ ဝေဖန်


RangonNewsDaily: February . 28 .2014
အိုလံပီယာကို့စ်ကို ရှုံးနိမ်ခဲ့ပြီးနောက် မန်ယူအသင်း၏ ခြေစွမ်းမှာ သုံးစားမရသော အနေအထားဖြစ်လာ ခဲ့ကြောင်း တိုက်စစ်မှူး ဗန်ပါစီကဝေဖန်သွားခဲ့သည်။ မန်ယူမှာ ပြည်တွင်း ဖလား (၃)လုံး မျှော်လင့်ချက် လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်တွင်လည်း အိုလံပီယာကို့စ်အား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖလားလက်မဲ့အနေအထားနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

မန်းရတနာပုံ ( MANN YADANARPON AIRLINES ) လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲခြင်းနှင့် ကြိုဆိုပွဲ တာချီလိတ်၌ ပြုလုပ်


RangonNewsDaily: February . 28 .2014
နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသား လုပ်ငန်း ရှင်များ အား ပိုမိုအားပေးဆာင်ရွက်လျှက်ရှိရာယခင်ကာလများ က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအား တိုင်းရင်းသားလုပ်ငန်းရှင်များသို့လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်တွင်း-ပြည်ပလေကြောင်းသယ်ယူပို့ဆောင်မှု အခန်းကဏ္ဍတွင် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပိုမိုပေါ်ထွန်းလာလျှက်ရှိ နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား


RangonNewsDaily: February . 28 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရ ရပ်ဆိုင်း

RangonNewsDaily: February . 28 .2014
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း အားလုံးကို မနေ့ကစပြီး ရပ်ဆိုင်းလိုက်ဖို့ MSF အဖွဲ့ တာဝန်ရှိသူတွေဆီ ပြောကြားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ အတည်ပြုပြောပါတယ်။MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစီမံကိန်းတွေကို ရပ်ဆိုင်းလိုက်ဖို့အတွက် MSF အဖွဲ့ စစ်တွေရုံးက တာဝန်ရှိသူတွေကို မနေ့က ခေါ်ယူပြောကြားခဲ့တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။

မိကျောင်းအန္တရာယ်ကြောင့် ဩစတြေးလျ ကမ်းခြေတစ်ခု ယာယီပိတ်ထားရ


RangonNewsDaily: February . 28 .2014
လူအများ အနားယူ အပန်းဖြေရာ ပင်လယ်ကမ်းခြေများ အနီးတဝိုက်တွင် ငါးမန်းတစ်ကောင်ကောင် ကျက်စားနေကြောင်း သတိပြုမိပါက ဘေးကင်းစေရန် ကမ်းခြေကို ပိတ်ထားရလေ့ရှိသည်

Miss Farmer Contest 2014 ကျင်းပမည်

ယခင်နှစ် ပထမအကြိမ် Miss Farmer Contest
RangonNewsDaily: February . 28 .2014
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေ အစည်းအဝေး နှင့် မြန်မာ့ လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲ ၂၀၁၄ Myanmar AGRO-TECH EXOP 2014 ကို လာမည့် မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ၊ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ ကျင်းပမည် ဖြစ်ရာ ယင်းပြပွဲ နှင့်အတူ ဒုတိယ အကြိမ် လယ်တောသူ အလှမယ် ပြိုင်ပွဲ (၂၀၁၄) Miss Farmer Contest 2014 ကိုပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရုရှား တပ်လှုပ်ရှားမှု ယူကရိန်း သတိပေး


RangonNewsDaily: February . 28 .2014
ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသမှာ ရှိတဲ့ ရုရှား ရေတပ် အခြေစိုက်စခန်း တဝိုက်မှာ ရုရှား တပ်တွေ လှုပ်ရှားမှု လုပ်လာခဲ့ရင် ရန်လိုတဲ့ အပြုအမူလို့ သတ်မှတ်ရမှာ ဖြစ်ကြောင်း ယူကရိန်း ယာယီ သမ္မတက သတိပေး ပြောဆိုလိုက်ပါတယ်။

YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ


RangonNewsDaily: February . 28 .2014
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။

Thursday, February 27, 2014

ဟလာလ် ( HALAL )


RangonNewsDaily: February . 27 .2014
ဘာသာခြားတွေရဲ့အမြင်မှာ မွတ်စ်လင်မ်တစ်ယောက်ဟာ အယူသီးလွန်းတယ်လို့ထင်နေတတ်ကြပါတယ်။
ဒါပေမဲ့အစ္စလာမ်ဘာသာ
ကို အတန်အသင့်တီးမိခေါက်မိတဲ့ဘာသာခြားတွေကတော့ မွတ်စ်လင်မ်တွေကို နားလည်ကြပါတယ်။

တမန်တော်မုဟမ္မဒ် (PBUH) ဖွားမြင်သည့်နေရာအား ဆောက်လုပ်ရေးလုပ်ငန်း မလွတ်သည့်အတွက် ဖြိုချဖယ်ရှားရန် ဆော်ဒီ အာဏာပိုင်များ စီစဉ်နေ


RangonNewsDaily: February . 27 .2014
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပြန်လည်စတင်ခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏  ကာဗာဝတ်ပြုကျောင်းတော် မတ်စဂျဒ် ဟာရမ် ပြန်လည်ပြင်ဆင်ချဲထွင်ရေးအစီအစဉ် တစိတ်တပိုင်း အဖြစ် တမန်တော်မြတ်ဖွားမြင်သည့် နေရာဟု ယူစရသည့် နေရာအား ဖြိုချရန် ဆော်ဒီအာဏာပိုင်များက အစီအစဉ်နေကြောင်း သိရသည်။

ရုရှား အနောက်ပိုင်း ဒေသရှိ တပ်ဖွဲ့ဝင်များ စစ်ရေး အသင့်ရှိရန် သမ္မတပူတင် အမိန့်ပေး


RangonNewsDaily: February . 27 .2014
ယူကရိန်းနိုင်ငံ အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ရုရှားနိုင်ငံ အနောက်ပိုင်း ဒေသများရှိ တပ်ဖွဲ့ဝင်များ စစ်ရေး အသင့်ရှိမှုကို စမ်းသပ် စစ်ဆေးနိုင်ရန် သမ္မတပူတင်က တပ်လှန့်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတဟောင်းကို ရုံးတင်ရန် ၀ရမ်းထုတ်


RangonNewsDaily: February . 27 .2014
ယူကရိန်း ယာယီအစိုးရရှေ့နေချုပ် အိုလယ်မနက်စကီးက ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ကို ပြီးခဲ့တဲ့ ယူကရိန်းဆန္ဒပြပွဲတွေအတွင်း လူ ၇၄ ဦး သေဆုံးမှုအတွက် နိုင်ငံတကာက အလိုရှိသူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ဧည့်လမ်းညွှန်များ ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲ ထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ်လှည့်လည်ခြင်း မပြုရန် သတိပေး


RangonNewsDaily: February . 27 .2014
ဧည့်လမ်းညွှန်များကို ခရီးစဉ် လှည့်လည်ရာတွင် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် သတိပေး အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းမြတ်ကပြောကြားသည်။

မိုင်ပေါင်း သန်း ၁ဝဝ ဝေးသော အင်္ဂါဂြိုလ်မှ စူးစမ်းရေးယာဉ် ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေပြန်ပို့


RangonNewsDaily: February . 27 .2014
လွန်ခဲ့သည့် ခြောက်ရက်ခန့်က အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် အာကာသ စူးစမ်းရေးယာဉ် ''Curiosity'' မှရိုက်ယူ ထား သော ဓာတ်ပုံများအနက် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် နာဆာ (NASA) မှ ဂြိုဟ်တု On -line ပေါ်၌ ဓာတ်ပုံတစ် ပုံ
ကို ဖော်ပြပေးလိုက်သည်။

စမ်းချောင်းက အလှပြင်ဆိုင်မှာ အနှိပ် ခံယူနေတဲ့ ထိုင်းနိုင်ငံသားကို မြန်မာတစ်ဦးက ဆိုင်ထဲဝင်ထိုးကြိတ်


RangonNewsDaily: February . 27 .2014
စမ်းချောင်းမြို့နယ် ဆံပင်ညှပ်ဆိုင် အတွင်း နိုင်ငံခြားသားတစ်ဦး လက်သီး ဖြင့်ထိုးခံရကာ အနာတရမှု တစ်မှု ဖြစ် ပွားခဲ့သည်။

MTV အသစ် Partition မှာလိင်အသားပေး သရုပ်ဆောင်မှုတွေ ထည့်သွင်းခဲ့တဲ့ Beyonce


RangonNewsDaily: February . 27 .2014
Beyonce ဟာ sexy ကျပြီးလုပ်ငန်းခွင်အတွင်းကြည့်ရှုရန်မသင့်တော်လောက်တဲ့ ဂီတဗီဒီယို Partition ကိုအင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၂၅) ရက်နေ့ကထုတ်ခဲ့ပါတယ်။

အူရောင်ငန်းဖျား ရောဂါအကြောင်း သိကောင်းစရာ

RangonNewsDaily: February . 27 .2014
တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားဟာ ဗက်တီးရီးယား တိုက်ဖွိုက်ပိုးကြောင့် ဖြစ်ရတယ်။ တိုက်ဖွိုက်ရှိတဲ့ မစင်အပေါ် ယင်ကောင်က ပျံသန်းပြီး လူတွေစားတဲ့ အစားအစာ အပေါ်နားတော့ အဲ့ဒီအစာစားတဲ့လူဟာ တိုက်ဖွိုက်ရောဂါ ဖြစ်စေတယ်။ တစ်ခါတလေ အစားအစာ ချက်ပြုတ်သူရဲ့ မသန့်ရှင်းတဲ့ လက်ကတစ်ဆင့် လူကောင်းများထံ ကူးပြီး တိုက်ဖွိုက်ရော ဂါ ဖြစ်ပွားရတယ်။ သောက်သုံးရေ မသန့်ရှင်းမှု၊ အစာမသန့်ရှင်းမှု၊ ကိုင်တွယ်တဲ့ လက်မသန့်ရှင်းမှု၊ ထည့်စရာ ပန်းကန်မသန့်ရှင်းမှု၊ မထိရောက်တဲ့ ကုသချက်နဲ့ မထိန်းနိုင်တဲ့ ကာကွယ်ရေး စီမံချက်တွေဟာ တိုက်ဖွိုက်ရောဂါ ပျံ့နှံ့ရတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။

ဟာသသရုပ်ဆောင် ရွှေအိုးစည်ကွယ်လွန်

RangonNewsDaily: February . 27 .2014
ဟာသလူရွှင်တော် သရုပ်ဆောင် ရွှေအိုးစည်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆည်မြို့တွင် ကွယ်လွန်သွားသည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ရုရှားဘာသာကို ရုံးသုံးသတ်မှတ်မှုမှ ပယ်ဖျက်ရန် ယူကရိန်း လုပ်ဆောင်


RangonNewsDaily: February . 26 .2014
ရုရှား ဘာသာစကားကို ယူကရိန်း ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားမှုမှ ပယ်ဖျက်ရန် ယူကရိန်းနိုင်ငံက ဥပဒေ ရေးဆွဲနေသည်ကို အနီးကပ် စောင့်ကြည့်နေသည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောကြား သွားကြောင်း RIV သတင်းတွင် ဖော်ပြထားသည်။

တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) သတင်းထုတ်ပြန်ချက်

RangonNewsDaily: February . 26 .2014
တနင်္သာရီတိုင်းအတွင်းရှိ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ၊ အရပ်ဖက်လူ
့အဖွဲ့အစည်းများမှ ဦးဆောင်၍ တနင်္သာရီ သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားရရှိရေး လှုပ်ရှားမှုအား ဆောင်ရွက်လျှက်ရှိ သည်။(၁)။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလအတွင်း တနင်္သာရီတစ်တိုင်းလုံးရှိ ပြည်သူလူထု လက်မှတ်ပေါင်း ၃ သိန်း ကျော်စုဆောင်း
၍ တောင်းဆိုသွားမည်ဖြစ်သည်။

Wednesday, February 26, 2014

ဝေဖန်မှုများကြောင့် ကမ္ဘာ့ဖလားအင်္ကျီများ Adidas ပြန်သိမ်း


RangonNewsDaily: February . 26 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထုတ်လုပ်ခဲ့သည့် အင်္ကျီများကို
ပြန်သိမ်းမည်ဖြစ်ကြောင်း Adidasကုမ္ပဏီမှ အတည်ပြုခဲ့သည်။ ကမ်းခြေပုံနောက်ခံတွင် အတွင်းခံ ၀တ်ဆင်ထားသည့် အမျိုးသမီး ကာတွန်းပုံ ရေးဆွဲထားပြီး “ဂိုးသွင်းဖို့အတွက်” စာသားရေးထိုးထားသော Adidas အင်္ကျီမှာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

တူရကီတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်


RangonNewsDaily: February . 26 .2014
တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဇုန်ထုတ်ကား အပ်ခွင့်ပေးမည် ဆိုသဖြင့်မန္တလေးကားဈေးကွက်တွင်ဇုန်ကားများ ဈေးမြင့်လာ

RangonNewsDaily: February . 26 .2014
စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုမည်ဆိုသောသတင်း ကြောင့် မန္တလေးကားဝယ်ရောင်း ဈေးကွက်အတွင်း စက်မှုဇုန်ထုတ် ကားများဈေးမြင့်တက်လာကြောင်း ကားဝယ်ရောင်းများထံမှ သိရ သည်။
ပြည်တွင်းစက်မှုဇုန်ထုတ်ကား များသည် နံပါတ်မြင့်ကားများဖြစ် သည့်အတွက် လက်ရှိဆောင်ရွက် နေသော ယာဉ်အို ယာဉ်ဟောင်းအပ် နှံမှုတွင် ထည့်သွင်းဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမြတ်Óဏစိုးက မေးမြန်းခဲ့ရာ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးချန် မောင်က ''ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့သည့် မော်တော်ယာဉ် များမှာ အရည်အသွေးပြည့်မီမှု မရှိ၍ ယင်းမော်တော်ယာဉ်များ အား ယာဉ်အို၊ယာဉ်ဟောင်းအဖြစ် အပ်နှံမှုများကို လက်ခံဆောင်ရွက် ပေးရန်ရှိသည်။

ဇနီးသည်က တောင်းပန်သော်လည်း အများအတွက် သေထိုက်သည်ဟုဆိုကာ လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား


RangonNewsDaily: February . 26 .2014
အိန္ဒိယ နိုင်ငံတွင် မြေပိုင်ဆိုင်ခွင့် မရသည့် ကိစ္စအတွက် လယ်သမားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လယ်သမား တစ်ဦးဖြစ်သော ပရာဘင်ဘိုနိုသည် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ အာဆမ်ပြည်နယ် အစိုးရက ဂူဝါဟာတီ ဒေသရှိ တောင်ကုန်းများ အနီးတွင် နေထိုင်သူများကို မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည့်နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ အသက်(၄၅)နှစ်ရှိ ဘိုနိုက ယင်းဆန္ဒပြပွဲတွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။

iP1 စမတ် ပစ္စတို


RangonNewsDaily: February . 26 .2014
စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်ဒီဟာ၊ စမတ်ဟိုဟာ နဲ့ စမတ်ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ပေါ်ထွက်နေချိန်မှာ ယခုအခါ iP1 စမတ် ပစ္စတို တစ်လက် ဂျာမနီနိုင်ငံမှ ထွက်ပေါ်လာဖို့ တာစူနေပါပြီ။ iP1 စမတ် ပစ္စတိုဟာ တာတိုပစ် သေနတ်အမျိုးအစားဖြစ်ပြီး ကျည် ၁၀ တောင့် ၀င်ဆန့်တဲ့ ကျည်ကပ် ပါဝင်ပါတယ်။

ဘိုင်ယန်ပြီးလျှင် ရီးယဲမက်ဒရစ်သည် ဒုတိယ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ဟု ရှော့ကေး နည်းပြ ဆို


RangonNewsDaily: February . 26 .2014
ကမ္ဘာပေါ်တွင် ဘိုင်ယန်မြူးနစ်ပြီးလျှင် ဒုတိယ အကောင်းဆုံး အသင်းဖြစ်သည့် ရီးယဲမက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင် မိမိအသင်း အနေဖြင့် အံ့အားသင့်ဖွယ် အချို့ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရှော့ကေး နည်းပြ ဂျန်စ်ကယ်လာက ပြောကြားခဲ့သည်။

ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုသည့်မေးခွန်းမေးမြန်းဖြေကြားမှုမပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သူရဦးရွှေမန်း သတိပေး

RangonNewsDaily: February . 26 .2014
လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းဖြေကြားရာ၌ တစ်ဖက်ဖက်၏ ဂုဏ်သိက္ခာအား မထီမဲ့မြင် ပြုသည့်အဖြစ်မျိုးမပြုလုပ်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအားသတိပေးသည်။
ဖေဖော်ဝါရီ(၂၆)ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င်ထုတ်ယူနေမူများအပေါ် တာဝန်မဲ့ဆောင်ရွက်နေသည့် ၀န်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်နှင့် ဆုံးရူံးခဲ့သည့်နိုင်ငံပိုင်သယံဇာတများနှင့် ပတ်သက်၍

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

RangonNewsDaily: February . 26 .2014
ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်းအချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရဟန်းအချို့မှာ အရက်မူး၊ တောင်းရမ်းအလှူခံမှုများကို အများဆုံးပြုလုပ်နေပြီး အခြားကျင့်ဝတ်နှင့် ညီညွတ်မှုမရှိသော လုပ်ရပ်အချို့ကြောင့် နေ့စဉ်သတင်းပေးချက်များအရ မြို့နယ်သံဃနာယကနှင့် ခရိုင်သံဃနာယကအဖွဲ့များက စစ်ဆေးမေးမြန်းကာ အရေးယူမှုများကို ပြုလုပ်နေရသည်ဟု သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်အောင်ထွန်းက ပြောကြားသည်။

WhatsAppဟာ ကန်ဒေါ်လာ သန်းပေါင်း (၁၉) ထောင် တန်ရခြင်း အကြောင်းရင်း


RangonNewsDaily: February . 26 .2014
WhatsApp ဆိုတာ ဘာကောင်ကြီးလဲ။ WhatsApp ဆိုတာ လူမှုကွန်ရက် တစ်ခုလိုမျိုး လုပ်ဆောင်တဲ့ မိုဘိုင်း မက်ဆေ့ဂ်ျ ၀န်ဆောင်မှုတစ်ရပ်ပါ။ WhatsApp အသုံးပြုသူတွေဟာ မက်ဆေ့ဂ်ျတွေကို တစ်ယောက်ချင်း ဒါမှမဟုတ် လက်ခံသူအများကြီးဆီကို တစ်ချိန်တည်းမှာ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ တည်နေရာတွေကိုပါ share လိုက်လို့ရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုပါ ပေးပို့ဝေငှ တာတွေတောင် ပါပါသေးတယ်။

စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ

RangonNewsDaily: February . 26 .2014
၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD---Pro box succeed အမျိုးအစားအဖြူရောင် အငှားယာဉ်သည် မဟာမြိုင်မှတ်တိုင်အနီး မကြီးကြီးလမ်းထိပ်အရောက်တွင်၎င်း၏ရှေ့မှ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်သွားနေသည့် BB----ToyotaCorolla အဖြူရောင်အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ရာ BB----ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ဖြင့် မှတ်တိုင်တွင်ထိုင်နေသည့် အမျိုးသား(၂)ဦး(စုံစမ်းဆဲ)တို့အား ၀င်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား(၂)ဦးနှင့် ၎င်း BB---ယာဉ်မောင်းတို့(၃)ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါသည်။

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းနှင့် စေတီတော်အား ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေးသို့ ရွှေ့ပြောင်းမည်



RangonNewsDaily: February . 26 .2014
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီဓာတ်သတ္ထုတူးဖော်ရေး လုပ်ငန်းခွင်ဧရိယာအတွင်းတွင် ပါရှိသော လယ်တီဆရာတော်ဘုရားကြီး သိမ်ကျောင်းနှင့် စေတီတော်တို့အား ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ထားကိုးကွယ်ရန်

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ(၃)လမ်း၌ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို မြင်တွေ့၍ တစ်ဖက်လမ်းတွင် နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံး

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily: February . 26 .2014
မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၃ လမ်းတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၅ နာရီခန့်က နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် တစ်ဖက်လမ်းတွင်နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သတိလစ်လဲကျကာ ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဝေဘာဂီရဲစခန်းမှ စုံစမ်းသိရှိရသည်။

၂၀၁၄ ခုနှစ် ဇွန်လလောက်ကစပြီး အယ်လ်နီညိုရာသီဥတုဖြစ်ဖို့ ကလည်း ၄၀% အထက် စတင်ကျော်တော့မည်


RangonNewsDaily: February . 26 .2014
မိုးလေ၀သဌာနရဲ့သတ်မှတ်ချက်အရ ဆောင်ရာသီကာလဟာ ဖေဖေါ်ဝါရီလကုန်ရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိကာလဟာ ဆောင်းကြွင်းရက်ကျန် ကာလလေးတွေ ပါဘဲ။ ဆောင်းကနေ နွေကို ကူးတော့မှာဆိုတော့ ရာသီဥတု အခင်းအကျင်းတွေကလည်း စပြောင်းနေပြီပေါ့ဗျာ။

"တောင်သူလယ်သမား နေ့မှာ နောနော်၏ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲ ပြုလုပ်မည်"


RangonNewsDaily: February . 26 .2014
နော်နော်က သူတို့ Blaze တီး ဝိုင်းရဲ့ One Band Show ကို မတ်လ ၂ ရက်နေ့ည မျှော်စင်ကျွန်း မှာ ကျင်း ပပြုလုပ် တော့ မှာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ထဲမှာလည်း အမျိုးသား ကဇာတ်ရုံမှာ One Band Show ကို ပြုလုပ်ဖြစ်တဲ့ နောနော်တို့ အဖွဲ့က ဒီတစ်ခေါက် ရှိုးပြုလုပ်ဖြစ်ပုံ နဲ့ ပတ်သက်ပြီး
“တောင်သူ လယ်သမားနေ့ ဆိုတော့ ပိတ်ရက်လည်း ဖြစ်တယ်။

အသားအရေအတွက် အသီးအရွက် များများစားပေးတယ်လို့ ဆိုတဲ့ လဲ့ယမင်း


RangonNewsDaily: February . 26 .2014
နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ချွေးတွေထွက်၊ အဆီတွေပြန်တတ်တဲ့ နွေရာသီအတွက် ကိုယ့်ရဲ့ အသားအရေပိုင်းကိုရော ဘယ်လို ထိန်းသိမ်းကြမှာလဲ။ ဒါကလည်း စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး မော်ဒယ် လဲ့ယမင်းကတော့ ‘နွေရာသီမှာ Sun Cover, Sun Block က မပါမဖြစ်ပဲ။

ကျိုက်ထီးရိုးစေတီတော်ထီးတော်သစ်တပေါင်းလပြည့်နေ့တင်လှူမည်


RangonNewsDaily: February . 26 .2014
ကျိုက်ထီးရိုးစေတီတော်အား မွန်၊ရှမ်း၊မြန်မာထီးတော်ဖြင့် တပေါင်း လပြည့်နေ့တွင် အသစ်ပြန်တင်လှူခြင်းကို ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပညာဒီပ၏ဦးဆောင်မှုဖြင့်ပြုလုပ် မည်ဖြစ်သည်။