Pages

Friday, February 28, 2014

အချစ်မှာ နားလည်မှုတွေလိုအပ်တယ်


RangonNewsDaily: February . 28 .2014
ကောင်လေးက သူ့ချစ်သူကောင်မလေးဆီ sms ပို့လိုက်တယ်။
Boy ။ ။ Hi Baby!! .. နေကောင်းရဲ့လား?? ငါတော့ ဒီနေ့ အရမ်းပျော်နေတယ်!!
Girl ။ ။ နေဦး, ခဏနေမှ sms ပို့ရအောင် … ငါဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့
Boy ။ ။ အဲ့ဒါကို နောက်မှလုပ်လို့မရဘူးလား? ငါ နင့်ကို အရမ်းလွမ်းနေလို့ …

Girl ။ ။ မရဘူး … ဒါကို အပြီးလုပ်ရမှာ …

Boy ။ ။
ကျေးဇူးပြုပြီး တောင်းဆိုတာပါ … ဒါကို နင် နောက်နေ့ပြီးအောင် လုပ်နိုင်မှာပါ …

Girl ။ ။ ဘာလဲ?? နင်က ငါ့အခြေအနေကို နားလည်မပေးတော့ဘူးလား … ငါ့မှာလည်း ငါ့ဘ၀နဲ့ငါရှိသေးတယ် … အခုလောလောဆယ်တော့ ငါတယောက်ထဲ နေပါရစေ … SMS ဆက်မပို့နဲ့တော့ … ဒါဘဲ!!

Boy ။ ။
Sorry Baby … I love you … အရမ်းချစ်တယ် … နောက်မှပဲ SMS ထပ်ပို့လိုက်တော့မယ်နော် …Bye

------------------------------------------------------------

Boy ။ ။ ည ရှစ်နာရီ ရှိနေပီ … ငါနင့်ဆီ SMS မပို့ဘဲ အကြာကြီး မနေနိုင်ဘူး … ငါနင်နဲ့ စကားတွေပြောချင်တယ် …

Boy ။ ။ ငါ့ SMS တွေ Reply ပြန်မလုပ်ဘူးနော် … နင့် Thesis အတွက်လုပ်နေတာ ပြီးသွားပြီလား ??

Boy ။ ။ ကျေးဇူးပြုပြီး Reply လုပ်ပါကွာ .. ငါ စိတ်ပူလာပီ!!
Boy ။ ။ ဆယ်နာရီတောင်ထိုးသွားပီ … ငါနင့်ဆီ SMS ပို့နေတာ နှစ်နာရီတောင်ရှိနေပီ … နင်ငါ့ကို Reply လေး တစ်ခုတောင် မလာဘူးနော် … ငါနင့်ကို အရမ်းလွမ်းတယ် … အရမ်းလည်းချစ်တယ်!!

Boy ။ ။ @_@ နင်နေနိုင်လိုက်တာနော် … ဘာပဲဖြစ်ဖြစ် နင့်ဘေးမှာငါ အမြဲရှိနေမှာပါ … ငါနင့်ကိုအရမ်းချစ်တယ်!!

Girl ။ ။ ငါ့ဆီ SMS မပို့နဲ့တော့လို့ ငါမှာထားတယ်မှတ်လား … ငါ Thesis ပြီးတဲ့အချိန် Reply ပြန်လုပ်မှာပေါ့ … နင်ဒါကို နားမလည်ဘူးလား?? ငါမအားဘူးဆိုတာကို လက်ခံပေးဖို့ အဲ့ဒီလောက်တောင် ခက်ခဲနေလား?? နင့်အတွက် မနက်ဖြန်ဆိုတာ မရှိတော့သလိုပဲ … သိပ်ပြီးတော့ Over ဖြစ်မနေနဲ့ .. နင် အိပ်ပျော်အောင် အိပ်သင့်နေပီ!!

Boy ။ ။ နင့်အတွက် အနှောင့်အယှက်ဖြစ်သွားလို့ ငါတောင်းပန်ပါတယ် … နင်အိပ်စေချင်ရင် ငါအိပ်ပါတော့မယ် … Good Night Baby … အရမ်းချစ်တယ်!! နင့်ကိုယ်နင်လည်း အမြဲတမ်း ဂရုစိုက်နော် … ငါနင့်ဘေးမှာနေပြီး အမြဲတမ်း လမ်းပြပေးနေမှာပါ ... ငါတကယ်ကိုပဲ နင့်ဘေးမှာပဲ ရှိနေမှာပါ … နင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး !!

*နောက်တစ်နေ့*
-------------------

Girl ။ ။ နင်နိုးနေပြီလား?? မနိုးသေးရင် ထတော့လေ!! ငါမနေ့ညက ပြောခဲ့မိတာတွေ အတွက် တောင်းပန်ပါတယ် … ငါတကယ်ကို အလုပ်တွေရှုပ်နေလို့ပါ… မနက်စာထစားတော့နော်, ငါလည်း ကျောင်းသွားရတော့မယ် …

Girl ။ ။ မထသေးဘူးလား?? အတန်းချိန်နီးနေပြီလေ … နင်နိုးရင် ငါ့ကို reply ပြန်လုပ်ဦး!!

Girl ။ ။ Hey!! ဘာလို့ခုထိ reply မလုပ်သေးတာလဲ?? နေ့လည်စာစားချိန်တောင် ရောက်နေပြီ … နင်ဘာလို့ အတန်းမတက်တာလဲ?? နင် Ph Bill ကုန်နေပြီလား?? ကျေးဇူးပြုပြီး ငါ့ကိုဆက်သွယ်စမ်းပါဟာ …

Boy ။ ။ သမီးချစ်သူက သူ့ကိုချစ်တဲ့သူတွေ အားလုံးကိုထားခဲ့ပြီ … သူနေမကောင်းတာ သမီးမသိဘူးလား?? သူ့ကို သုံးနှစ်ပဲနေ

ရတော့မယ်လို့ ဆရာဝန်ကပြောထားတယ်လေ … မဟုတ်ပါစေနဲ့လို့ အန်တီတို့လည်း ဆုတောင်းခဲ့ကြတာပဲ သမီးရယ် .. ဒါပေ
မယ့် သူ့နှလုံးက အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလေ … ဒီနေ့မနက် အန်တီသူ့ကိုနိုးတဲ့အခါ သူအသက်မရှိတော့ဘူး သမီးရယ် …

ဒါကတော့ သမီးအတွက်ဆိုပြီး သူရေးခဲ့တဲ့ message လေးပါ … သူကိုယ်တိုင်တော့ မပို့နိုင်ရှာတော့ဘူးပေါ့ကွယ် ..

“နင့်ကိုယ်နင် အမြဲဂရုစိုက်ပါ … ငါဘယ်ဘ၀ကိုပဲရောက်ရောက် ငါပျော်ပါတယ်........


ကျေးဇူးပြုပြီး ငါ့အတွက် မငိုပါနဲ့!! ငါ့ကျန်းမာရေးအခြေအနေကို နင့်ကိုမပြောပြခဲ့တဲ့အတွက် တောင်းပန်ပါတယ် .. 

နင် thesis အတွက် အလုပ်တွေရှုပ်နေတော့ ငါ့ကိစ္စကြောင့် နင်စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ .. 

ငါနင့်ကို မစိုးရိမ်စေချင်ဘူး … နောက်တစ်နေ့မနက်မှာ မနိုးထနိုင်တော့မှာ စိုးလို့ ငါညတွေဆို အိပ်ရမှာ ကြောက်တယ် .. 

အိပ်ပျော်သွားခဲ့ရင်လည်း နောက်တစ်နေ့မနက်မှာ နင့်ကိုတွေ့ခွင့်ရပါစေ .. 

နင်နဲ့အတူရှိခွင့်ရပါစေလို့ ငါအမြဲဆုတောင်းတယ် … ငါနင့်ကိုအရမ်းချစ်တယ် .. 

ဒီနေ့အတွက် နင်နဲ့စကားအများကြီးမပြောရလို့ ငါအရမ်းဝမ်းနည်းတယ် … 

ဒါပေမယ့် ငါနင့်ကိုနားလည်ပါတယ် … နင် thesis မပြီးလို့မဖြစ်ဘူးလေ .. ငါနင့်ကိုအရမ်း အရမ်းချစ်တယ် … အမြဲတမ်း ကြံ့ကြံ့
ခိုင်ခိုင်နဲ့ ရပ်တည်သွားမယ်လို့ ငါ့ကိုကတိပေးပါ .. ငါအခုနင့်ဘေးမှာ ရှိနေတယ်…အမြဲတမ်းလည်း ရှိနေမှာပါ …”

အရေးအကြီးဆုံးဆိုတာ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ချစ်ခြင်း မေတ္တာပါ။ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေ

အပြန်အလှန်ပေးမယ်ဆို ချစ်ခရီးလမ်းသာယာဖြောင့်ဖြုကြမှာပါ ။

ကိုယ်တစ်ယောက်တည်းက နားလည်မှုတွေပေးနေတယ်ဆိုရင်လဲ တချိန်ချိန်မှာ ဘ၀မုန်တိုင်းတွေတိုက်ခတ်လာတဲ့အခါ တစ်ဖက်က
ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

ဒါကြောင့်ချစ်တဲ့သူတိုင်း နားလည်မှုအပြန်အလှန်ပေးပြီး ဘ၀ခရီးလမ်းလျှောက်လှမ်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်
တယ်နော်.........

kolatt(PBDN)


RangonNewsDaily

0 comments:

Post a Comment