Pages

Saturday, March 1, 2014

ကန့်ဘလူမြို့ပေါ်ရှိ စာကျက်ဝိုင်းတွင်ဖြစ်ပွားခဲ့သောရန်ပွဲ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားသုံးဦး ဒဏ်ရာရ

RangonNewsDaily: March . 1 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့၊ ဦးဝင်းနိုင်ဆိုသူပိုင်ဆိုင်သော စာကျက်ဝိုင်းနေအိမ်တွင် ဖြစ်ပွားခဲ့


သောရန်ပွဲကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား သုံးဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ကန့်ဘလူမြိုကမရဲစခန်း မှ 

အမှုဖွင့်အရေးဆောင်ရွက်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စာကျက်ဝိုင်းအတွင်းဖြစ်ပွားခဲ့သော ရန်ပွဲမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်က ကန့်ဘလူမြို့၊ အမှတ်(၄) ရပ်ကွက်နေ၊ အင်ကြင်းမြိုင် (အမက - ခွဲ) ကျောင်းဆရာမ ဒေါ်ဇင်မာနွယ် ဆိုသူသည် သူမ၏ တပည့်ဖြစ်သော မောင် ဇော်မိုးလွင် 

(၁၀)တန်းကျောင်းသားအား မောင်ဇော်မြင့်နိုင်နှင့် မောင်လှိုင်ဘွားအောင်ဆိုသူတို့မှ လမ်းပေါ်သို့ ခေါ် ဆောင်ပြီး 

စကားပြောနေသဖြင့် ဆရာမ ဒေါ်ဇင်မာနွယ်မှ လမ်းသို့ထွက်ကြည့်ခဲ့သည်။


ထို့နောက် မောင်ဇွဲမာန်အောင်၊ မောင်နန္ဒာကျော်၊ မောင်ထွန်းသန့်ဇင် ဆိုသူနှင့် အမည်မသိလူတစ်ဦးတို့သည် ဆိုင် ကယ်နှစ်စီးဖြင့် 


စာကျက်ဝိုင်းနေအိမ်ရှေ့သို့ ထပ်မံရောက်ရှိလာခဲ့ပြီး ထိုသူတို့ထဲမှ ဆိုင်ကယ်ပေါ်မှ ဆင်းကာ မောင် ဇော်မိုးလွင် ဆိုသူကို 

ဓားဦးချွန်ဖြင့် ရုတ်တရက်ဝင်ရောက်ထိုးခဲ့ရာ ဓားဦးချွန်ဖြင့်ထိုးသူအား မောင်ဇော်မြင့်နိုင်မှ တွန်း ဖယ်ခဲ့ရသည်။ 



ထိုအချိန်တွင် ကျောင်းဆရာမ ဒေါ်ဇင်မာနွယ်မှ တပည့်ဖြစ်သူ မောင်ဇော်မိုးလွင်အားအဆောင်အတွင်း သို့ဝင်ရောက်ရန်ခေါ်ဆောင်
ခဲ့သည်။ 


ထိုသို့ ခေါ်ဆောင်နေစဉ် ဆရာမ ဒေါ်ဇင်မာနွယ်၏ နောက်ကျောအား မောင် ထွန်းသန့်ဇင် ဆိုသူမှ ခြေဖြင့်ကန်ကျောက်ပြီး၊ 

မျက်နှာအား လက်သီးဖြင့် ထိုးနှက်ကာ ဆရာမ၏ အင်္ကျီရင်ဘတ်အား ဆုပ်ကိုင်၍ တွန်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု 

ဆရာမဒေါ်ဇင်မာနွယ်မှ ရဲဌာနတွင်ထွက်ဆိုထားကြောင်း သိရသည်။


ထိုသို့ဖြစ်ပွားနေစဉ် အဆောင်အတွင်းရှိ ၁၀ တန်းကျောင်းသားများဖြစ်သည့် မောင်အာကာဇော်၊ မောင်ကျော်သက်ခိုင် ဆိုသူမှ 


အဆောင်အပြင်ဘက်သို့ထွက်လာပြီး ရန်ပွဲအားဖျန်ဖြေခဲ့ရာ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ လူငယ်တစ်စုမှ ထို သူနှစ်ယောက်ကို 

ဝိုင်းဝန်းထိုကြိတ်၍ ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြောဆိုပြီး၊ အဆောင်အား အုတ်ခဲများဖြင့်ပစ်ပေါက်၊ ၍ 

အဆောင်ခြံစည်းရိုးတံခါးများကို ရိုက်ချိုးဖျက်စီးခဲ့ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရ သည်။

ထို့ကြောင့် ကျောင်းဆရာမ ဒေါ်ဇင်မာနွယ်နှင့် ကျောင်းသား မောင်အာကာဇော်၊ မောင်ကျော်သက်ခိုင်၊မောင်အောင် ဇော်မိုး 

ဆိုသူတို့မှာ ဖုယောင်ညိုမဲဒဏ်ရာများရရှိခဲ့ကြသည်ဟု စာကျက်ဝိုင်းရှိ ကျောင်းသားများထံမှ သိရသည်။



စာမေးပွဲကြီးဖြေဆိုရန် ရက်ပိုင်းခန့်သာလိုတော့အချိန်တွင် စာကျက်ကျောင်းသားများအား ယင်းကဲသို့ ပြုလုပ်ခဲ့သူ မောင်ဇော်မြင့်နိုင် 


အပါအ၀င် လူငယ်ငါးဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဆရာမ ဒေါ်ဇင်မာနွယ်မှ ကန့်ဘလူမြို့မရဲစခန်းတွင် 

တိုင်တန်းခဲ့သဖြင့် ရဲစခန်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီ ၄၅ မိနစ်အချိန်က (ပ) ၅၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/ 

၅၀၆/၄၅၁/ ၃၅၄/ ၃၂၃/ ၄၂၇/ ၁၁၄ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။


သတင်း၊ ကိုတိုးကြီး
ကန့်ဘလူ၊ 
kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment